နွေရာသီ အပြောင်းအရွေ့မှာ သွေးအေးနေတဲ့ လီဗာပူးအသင်းကို သတိပေးလိုက်တဲ့ စတန်ကော်လီမိုး

လီဗာပူး ကစားသမားဟောင်း ဖြစ်သူ စတန်ကော်လီမိုးက သူ့ရဲ့ အသင်းဟောင်း အနေနဲ့ ဒီနွေရာသီမှာ ကစားသမားသစ်တွေ ကလပ်ကို ရောက်မလာ ခဲ့ဘူး ဆိုရင် စိတ်ဓာတ်ပိုင်း ဆိုင်ရာ စိန်ခေါ်မှုတွေ ရင်ဆိုင် ရလိမ့်မယ်လို့ သတိပေးလိုက် ပါတယ်။ လီဗာပူးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ဖလားကို ကာကွယ် သွားရမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက နှစ်ပေါင်း ၃၀ အတွင်း အမှတ်ပေးဖလားကို သက်တောင့်သက်သာ ဆွတ်ခူး နိုင်ခဲ့ကာ အနီးကပ်ဆုံး ပြိုင်ဘက်ကို ၁၈ မှတ်ထိ ဖြတ်ထား နိုင်ခဲ့ ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးဟာ ဒီနွေရာသီမှာ ငွေကြေး သုံးစွဲမှုတွေ နည်းပါးလျက် ရှိနေပြီး အိုလံပီယာကော့စ်မှ ကော့စတပ် ဆီမီကတ် တစ်ဦးတည်း ကိုသာ ပေါင် ၁၁.၇၅ သန်းနဲ့ ခေါ်ယူ ထားခဲ့ပြီး ပြီးခဲ့တဲ့ အပြောင်းအရွေ့ ၂ ရာသီ မှာလည်း တကုမိ မီနာမီနို တစ်ဦးတည်း ကိုသာ ရက်ဘူးဆဲဘတ်မှ ပေါင် ၇ သန်း နဲ့ ခေါ်ယူ ထားခြင်း ရှိခဲ့ပါတယ်။

myan789

ဒါပေမယ့် ယာဂန်ကလော့ရဲ့ အသင်းဟာ ထိပ်တန်း အပြောင်းအရွေ့ တစ်ခုကို လုပ်သွားဖို့ ပြင်ဆင် နေပြီး ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ သီယာဂို အယ်ကန်တာရာ ကို ယူရို သန်း ၃၀ ပတ်ဝန်းကျင်နဲ့ ခေါ်ယူ သွားဖို့ ချိတ်ဆက် နေခဲ့ပါတယ်။ လီဗာပူးမှာ ၂ ရာသီ ကစားပြီး ၂၈ ဂိုး သွင်းယူ ပေးခဲ့သူ စတန်ကော်လီမိုး က the Reds တို့ အနေနဲ့ လက်ကျန် အပြောင်းအရွေ့ ကာလမှာ ထိပ်တန်း ကစားသမား အချို့ ခေါ်ယူ သွားဖို့ လိုအပ်တယ်လို့ သတိပေးလိုက် ပါတယ်။

ကစားသမားသစ်တွေ အသင်းကို ရောက်ရှိ လာခဲ့တဲ့ အခါ အဝတ်လဲခန်း အတွင်းက ရှိပြီးသား ကစားသမားတွေဟာ ‘ငါတို့ ဒီရာသီ ကိုယ့်ကိုကိုယ် ပိုပြီး push လုပ်သွားရမယ်။ ဘာလို့လဲဆိုတော့ နည်းပြကြီးဟာ အမှန်တကယ် serious ဖြစ်နေပြီ’ ဆိုပြီး တွေးမိ ကြမှာပါ။ လီဗာပူး အသင်း အနေနဲ့ ကစားသမား အားဖြည့်မှုတွေ ပြုလုပ်မယ် ဆိုရင်တောင် ပြီးခဲ့တဲ့ ရာသီက ပုံစံကောင်းကို လိုက်မှီဖို့ အရမ်းကို ခက်ခဲမှာပါ။ ကစားသမားသစ်တွေ မခေါ်ဘူး ဆိုရင်တော့ မဖြစ်နိုင်သလောက် နီးပါး ပါပဲ။

အမှတ်ပေးဖလား ချန်ပီယံ အသင်းတွေမှာ အရမ်းကို ကောင်းမွန်တဲ့ စိတ်ဓာတ် စွမ်းရည် ပိုင်ဆိုင် ထားတယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါ့ကြောင့် လီဗာပူးဟာ ဒီရာသီ မှာလည်း အမှတ်ပေးဖလားကို စိန်ခေါ် နိုင်အုံးမှာပါ။ ယာဂန်ကလော့လို နည်းပြရဲ့ လက်အောက်မှာ ဒါဟာ အလိုအလျောက် ဖြစ်နေမှာပါ။

ဒါပေမယ့် သမိုင်းကြောင်းတွေ အရ ဖလား လောလောလတ်လတ် ဆွတ်ခူး ထားခဲ့တဲ့ အခါမှာ ကစားသမားတွေကို ပိုမို တွန်အား ပေးဖို့ လိုအပ်ပါတယ်။ လီဗာပူး အသင်း ကလည်း ဘာမှ ခြားနားခြင်း မရှိပါဘူး။” လို့ ပြောသွား ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အက်သလက်တီကို မက်ဒရစ် ကနေ ပြောင်းလာ ခဲ့ပြီးနောက် ဘာစီလိုနာမှ အထိုင်မကျ ဖြစ်နေတဲ့ တိုက်စစ်မှုး အန်တွမ်ဂရစ်မန်းကို ခေါ်ယူဖို့ ချိတ်ဆက် နေတဲ့ အသင်းတွေ ထဲမှာ ပါဝင်နေတယ် ဆိုပြီး သတင်းထွက် ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူး တိုက်စစ်မှုးဟောင်းက ပရီးမီးယားလိဂ် ချန်ပီယံ အနေနဲ့ လက်ရှိ အပြောင်းအရွေ့ ဈေးကွက်မှာ ကလပ်ရဲ့ အင်အားကို မဖြစ်မနေ မြှင့်တင်ဖို့တော့ လိုအပ်တယ်လို့ အကြံပေး သွားပါတယ်။

ဆက်လက်ပြီး ကော်လီမိုး က “ကျွန်တော် ကတော့ လာမည့် ရာသီ အမှတ်ပေးဖလား အတွက် လီဗာပူး နဲ့ မန်စီးတီး တို့ပဲ ယှဉ်ပြိုင် သွားရလိမ့်မယ်လို့ ထင်ပါတယ်။ အကယ်၍ လီဗာပူး အနေနဲ့ အမှတ်ပေးဖလား ကို ကာကွယ် ချင်တယ် ဆိုရင် သူတို့ ငွေသုံးစွဲမှုတွေ ပြုလုပ် သွားရမှာ ဖြစ်ပါတယ်။ ကစားသမားသစ်တွေ ခေါ်ယူလိုက်ခြင်းကြောင့် လက်ရှိ အဝတ်လဲခန်းမှာ ရှိနေတဲ့ သူတွေကို ‘ဒါဟာ မင်းတို့ အတွက် စမ်းသပ်မှုပဲ’ လို့ ပြောလို့ ရသွားမှာပါ။

လီဗာပူးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွေ့ တုန်းက ကွင်းလယ်လူ တကုမိ မီနာမီနို နဲ့ ဒီနွေရာသီမှာ ဘယ်နောက်ခံလူ ကော့စတပ် ဆီမီကတ်စ် တို့ ၂ ဦး ကိုသာ ခေါ်ယူ ထားခဲ့ပြီး ဒါဟာ လီဗာပူးရဲ့ အဝတ်လဲခန်းကို စိတ်ဓာတ် လှုံ့ဆော်မှုတွေ ပြုလုပ်ဖို့ အတွက် လုံလောက်မှု မရှိသေး ပါဘူး။” လို့ ပြောလိုက်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular