နောက်ဆုံး ပင်နယ်တီ အဆုံးအဖြတ် ကို လွဲချော်ခဲ့တဲ့ မေဆင်မောင့် ဖက်မှ အပြည့်အဝ ကာကွယ်ပေးလိုက်တဲ့

မနေ့ည က ကစားခဲ့တဲ့ ကာရာဘောင် ဖလားစတုတ္ထအဆင့်ရဲ့အစောဆုံးပွဲစဉ်မှာတော့တင်ဟမ် အသင်း နဲ့ ချဲလ်ဆီး အသင်း တို့ သာမန် ပွဲချိန် အတွင်းတဖက်တဂိုးစီသရေရလဒ်ထွက်ခဲ့ပေါ်ခဲ့လို့ ၊ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ ၊ တော့တင်ဟမ် တို့ ၅ – ၄ နဲ့ အနိုင်ရကာ ၊ကွာတားဖိုင်နယ် အဆင့် သို့ တက်လှမ်းခဲ့ပြီ ဖြစ်ပါတယ် ။

ဒီပွဲမှာ ၂သင်းလုံး တောင့်တင်းတဲ့ ကစားသမား စာရင်း ကို ပွဲထုတ် အသုံးပြုခဲ့တယ် ဆိုပေမယ့် ၊ ချဲလ်ဆီး အသင်း က ပိုပြီး လူစုံတက်စုံ ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။ တော့တင်ဟမ်အသင်းကတော့ ၅ရက်အတွင်း ပွဲ၃ပွဲ ကစားရမှာ ဖြစ်လို့ ၊အဓိကတိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ဟယ်ရီကိန်း နဲ့ ဆွန်ဟောင်မင် တို့ကို ချန်လှပ်ခဲ့ပါတယ် ။

myan789

ချဲလ်ဆီး အသင်း ဟာလည်း ဟာဗက်ဇ် ၊ ကန်တေ တို့လို ကစားသမားတွေ မပါဝင်လာခဲ့ပေမယ့် ၊ ပထမပိုင်း မှာ ကတည်းက တော့တင်ဟမ် အသင်း ကို ပြတ်ပြတ်သားသား နိုင်ခဲ့သင့်သလို ၊ ဒုတိယပိုင်း တော့တင်ဟမ် ဖက်မှ တိုက်စစ် အသားကုန် မြှင့်နေတဲ့ အချိန်မှာ တန်ပြန် တိုက်စစ် က တဆင့် ရခဲ့တဲ့ အပိုင် အခွင့်အရေး ၂ကြိမ် ကို အသုံးချနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး ။

အထူးသဖြင့် မေဆင်မောင့် ရခဲ့တဲ့ တန်ပြန် တိုက်စစ်ဆင်မှု မှာ ဆိုရင် ညာဖက်ခြမ်း တိုက်စစ်မှာ ရှိနေတဲ့ တီမို ဗာနာ ကို မချပေးခဲ့ပဲ ၊ တွေဝေနေခဲ့လို့ ၊ ပွဲသိမ်းနိုင်မယ့် မဟာ အခွင့်အရေးကြီး နစ်နာ ဆုံးရှုံးခဲ့ရပါတယ် ။ နဂိုကတည်းကမောင့်ကိုလမ်းပတ်ရဲ့သားလို့နာမည်ပြောင်ပေးထားတဲ့ ချဲလ်ဆီးပရိသတ်တွေရဲ့ဒေါသကအဲ့ဒီအခိုက်အတန့်မှာတင်အထွတ်အထိပ်ကိုရောက်ခဲ့ကြပါ တယ် ။

အဲ့ဒီနောက် တော့တင်ဟမ် တို့ ပွဲပြီးခါနီး ၇မိနစ် အလိုမှာ အဲရစ် လာမယ်လာ ရဲ့ အဆုံးသတ် သွင်းဂိုး နဲ့ ချေပဂိုး တဂိုး ရခဲ့ပြီး ၊ လက်ကျန် ပွဲချိန်တွေမှာ ခြေကုန်လက်ပန်း ကျနေခဲ့တဲ့ချဲလ်ဆီး တို့ ဦးဆောင်ဂိုး လည်းထပ်မရခဲ့ပါဘူး။ကာရာဘောင်ဖလားမှာအချိန်ပိုမရှိတဲ့အတွက်ပင်နယ်တီ အဆုံးအဖြတ် ဆက်ကန်ခဲ့ရပါတယ် ။

ဒီ ပင်နယ်တီ အဆုံးအဖြတ် ဟာ မနှစ်က ဥရောပ စူပါဖလား က အနေအထား နဲ့ ဆင်တူတယ် လို့ ဆိုရမှာ ဖြစ်ပြီး ၊ အဲ့ဒီ တခါတုန်းက တမ်မီ အေဘရာဟမ် က နောက်ဆုံး ပင်နယ်တီ ကို လွဲချော်ခဲ့ကာ ၊ ဒီ တခါမှာတော့ မေဆင်မောင့် က နောက်ဆုံးပင်နယ်တီကိုအဆုံးသတ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး ။

ွပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ပင်နယ်တီ လွဲချော်ခဲ့ပေမယ့် မေဆင်မောင့် ဟာ သူ့ရဲ့ ထောက်ခံမှု ကို အပြည့်အဝ ဆက်လက် ရရှိနေမှာ ဖြစ်ကြောင်း ဖြေကြားလာခဲ့ပါတယ် ။

လမ်းပတ်က”ကျွန်တော်ကတော့မေဆင်ဟာဒီပင်နယ်တီကိုလွဲချော်ခဲ့လို့၊သူ့အတွက်စိတ်ပျက်စရာ ကောင်းလောက်အောင် အထိ ဖြစ်နေစရာ မလိုဘူးလို့ထင်ပါတယ်။ကာရာဘောင် ဖလား က ထွက်ခွာခဲ့ရတာ ကတော့ တကယ် စိတ်ပျက်စရာ ကောင်းခဲ့တာ မှန်ပါတယ် ။ “

” ဒါပေမယ့် မေဆင် ဟာ ဒီ ကလပ် အသင်း အပြင် နိုင်ငံ လက်ရွေးစင် အသင်း မှာလည်း ပိုမို ကောင်းမွန်တဲ့ နေ့ရက် များစွာ ပိုင်ဆိုင်ဦးမှာ ဖြစ်ပြီး ၊ အဲ့ဒီ နေ့ရက်တွေမှာလည်း သူဟာချဲလ်ဆီး နဲ့ အင်္ဂလန် လက်ရွေးစင် အသင်း ရဲ့ အဓိက အခန်း ကဏ္ဍ တွေကနေ ဆက်ပြီး ပါဝင်နေဦးမှာပါ ။ “

” သူဟာ အနာဂတ် နေ့ရက်တွေ အတွက် အဆုံးအဖြတ် ဖြစ်စေမယ့် ကစားသမား တဦး အဖြစ် ဆက်ရှိနေမှာပါ ။ သူဟာ ကျွန်တော့ ရဲ့ ထောက်ခံမှု ကို အချိန်တိုင်းမှာ ရရှိထားသလို ၊ ဒီအသင်း က လူတိုင်း ကလည်း သူ့ကို ဆက်လက် အားပေး ထောက်ခံနေဦးမှာပါ။”လို့ပြောကြားခဲ့ပါတယ် ။

မေဆင်မောင့် ဟာ မနှစ် ကတည်းက ဖရန့် လမ်းပတ် ရဲ့ အရေးကြီးဆုံးကွင်းလယ်လူဖြစ်ခဲ့သလို ၊ ဒီရာသီ ပြိုင်ပွဲစုံ ၅ပွဲ ကစားထားပြီး ဖြစ်တဲ့ ချဲလ်ဆီး အသင်း မှာလည်းမေဆင်မောင့်ဟာပွဲတိုင်း ပွဲထွက် ပါဝင်ခွင့် ရထားသူ ဖြစ်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular