နိုင်ပွဲအတွက် အသင်းသားတွေကို ချီးကျုးခဲ့ပြီး ဘိုင်ယန်မြုးနစ် နဲ့ပွဲအတွက် သတိပေးခေါင်းလောင်းထိုးလိုက်တဲ့ ဆတ်တီယန်

ဘာစီလိုနာ အသင်း နည်းပြ ကီကေး ဆတ်တီယန် က ယမန်နေ့ ညက ချန်ပီယံလိဂ် ပွဲစဉ် မှာ နာပိုလီ ကို အနိုင် ကစားပြီး ကွာတား ဖိုင်နယ် တက်ရောက်အောင် စွမ်းဆောင် ခဲ့ကြတဲ့ သူ့ရဲ့ အသင်းသားတွေ ကို ချီးကျုး စကား ပြောဆို သွားခဲ့ ပါတယ် ။ ဘာစီလိုနာ ဟာ ချန်ပီယံလိဂ် ၁၆ သင်းဆင့် ဒုတိယ အကျော့ အဖြစ် နာပိုလီ အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား ခဲ့ပြီး ၃ – ၁ နဲ့ အနိုင် ရရှိ ခဲ့ ပါတယ် ။

ဘာစီလိုနာ အတွက် မက်ဆီ အထူး ခြေစွမ်းပြ သွားခဲ့ပြီး ကိုယ်တိုင် ၁ ဂိုးသွင်းယူ ပေးခဲ့ ပါတယ် ။ ဒါကြောင့် ဘာစီလိုနာ ဟာ နာပိုလီ ကို နှစ်ကျော့ပေါင်း ရလဒ် ၄-၂ နဲ့ အနိုင် ရပြီး ကွာတား ဖိုင်နယ် အဆင့်ကို တက်လှမ်း သွားနိုင် ခဲ့တာပဲ ဖြစ်ပါတယ် ။

myan789

ဒါဟာ ဘာစီလိုနာ အတွက် ချန်ပီယံ လိဂ် ကွာတား ဖိုင်နယ် အဆင့် ကို ၁၃ ကြိမ် ဆက်တိုက် တက်ရောက် နိုင်ခဲ့တာ ဖြစ်ပြီး ဂျာမန် ချန်ပီယံ ဘိုင်ယန်မြုးနစ် နဲ့ ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ်ပါတယ် ။ ကွာတား ဖိုင်နယ် အဆင့် ကစပြီး အိမ်ကွင်း အဝေးကွင်း စနစ် ကို အသုံးပြု တော့မှာ မဟုတ်ဘဲ တစ်ကျော့ တည်းနဲ့ အပြီး ဆုံးဖြတ် မှာ ဖြစ်ပါတယ် ။

“နောက် တစ်ဆင့် တက်ဖို့ သေချာအောင် လုပ်ဖို့ ဆန္ဒ ရှိခဲ့ ကြပါတယ် ။ ဆန္ဒ ရှိတဲ့ အတိုင်းလည်း လုပ်နိုင်ခဲ့ ပါတယ် ။ နောက် လာမယ့် ပွဲတွေ ကိုလည်း ဒီလို စိတ်ဓါတ် မျိုးနဲ့ ကစား သွားမှာပါ ။ ကစားပုံ ကောင်းခဲ့ပြီး ကျွန်တော့ လူတွေ အနိုင် ရလဒ်နဲ့ ထိုက်တန် ခဲ့ပါတယ်”

“နာပိုလီ က ကျွန်တော်တို့ ကို ပြဿနာ ဖြစ်စေ ပါတယ် ၊ ဒါပေမယ့် ပွဲကို ပထမပိုင်း ကတည်းက ကျွန်တော်တို့ ထိန်းချုပ် နိုင်ခဲ့ တာပါ ။ ဘောပွဲတွေ ပြန်စချိန် မှာ ကျွန်တော်တို့ အခက်ခဲတွေ နည်းနည်း ရှိခဲ့ ပါတယ် ။ ဒါပေမယ့် ဒါကို ဖြေရှင်း နိုင်ခဲ့ ပါပြီ” လို့ ဘာစီလိုနာ နည်းပြ ကီကေး ဆတ်တီယန် က ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ တိုက်စစ်မှုး မက်ဆီ ဟာ နာပိုလီ ခံစစ်မှုး ကူလီဘာလေ ရဲ့ ဖျက်ထုတ်မှု ကြောင့် ကွင်းထဲမှာ လဲကျ ခဲ့ပြီး နာကျင်မှု ပြင်းထန်တာ ကြောင့် အသင်းက ရရှိတဲ့ ပင်နယ်တီ ကို မကန်သွင်း နိုင်ခဲ့တဲ့ အထိ ဖြစ်ခဲ့ရ ပါတယ် ။ အဆိုပါ ပင်နယ်တီ ကို လူးဝစ် ဆွာရက် ကန်ပြီး ဂိုးရယူ ခဲ့ကာ ဘာစီလိုနာ ပရိသတ်တွေ ကို စိတ်အေး စေခဲ့ ပေမယ့် မက်ဆီ ရဲ့ ဒဏ်ရာ အတွက် စိတ်ပူခဲ့ ကြရ ပါတယ် ။

ဒါပေမယ့် ဆတ်တီယန် ကတော့ မက်ဆီ ရဲ့ ဒဏ်ရာဟာ ပြင်းထန်ခြင်း မရှိဘဲ လာမယ့် ပွဲအတွက် ပါဝင် နိုင်ဖို့ အဆင်သင့် ဖြစ်နေ လိမ့်မယ်လို့ အတည်ပြု ပြောဆို သွားခဲ့ ပါတယ် ။ “မက်ဆီ လား ၊ သူ ဒဏ်ရာ ကြောင့် နာကျင် ခဲ့ရ ပါတယ် ၊ ဒါပေမယ့် ပြဿနာ တော့ မရှိပါဘူး ။ သူ အဆင်ပြေ နေပါလိမ့်မယ် ။ ဒဏ်ရာ ရဲ့ အနေအထား ကို ကျွန်တော်တို့ စစ်ဆေး သွားမှာပါ” လို့ ဆတ်တီယန် က ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ လာမယ့် သြဂုတ် ၁၅ ရက်နေ့ မှာ ဘိုင်ယန်မြုးနစ် နဲ့ ကွာတား ဖိုင်နယ် ပွဲစဉ် ကို ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular