spot_img

နယူးကာဆယ် စတားဟာ မန်ယူနိုက်တက် အတွက် တကယ့်ကို ကောင်းတဲ့ ကစားသမား ဖြစ်လာနိုင်တယ်လို့ ဆိုလိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါက နယူးကာဆယ် စတား အလက်ဇန်းဒါးအစ်ဆက်ဟာ မန်ယူနိုက်တက် အသင်းမှာ တကယ့်ကို အကောင်းဆုံး လုပ်နိုင်မယ့်သူ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ အစ်ဆက်ဟာ ပြီးခဲ့တဲ့ နွေရာသီက ဆိုဆီဒက်ကနေ နယူးကာဆယ်ကို ပေါင်သန်း ၆၀ နဲ့ ရောက်လာခဲ့တာ ဖြစ်ပြီး စိန့်ဂျိမ်းပက်မှာ ကောင်းစွာ တာထွက်ထားနိုင်ပါတယ်။

တနင်္ဂနွေနေ့က မန်ယူနိုက်တက်ကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ပွဲစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း အစ်ဆက်ဟာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး အက်ဒီဟောင်းရဲ့ အသင်းကို ချန်ပီယံလိဂ်၀င်ခွင့် အိမ်မက် အားကောင်းစေခဲ့ပါတယ်။ လီဗာပူးနောက်ခံလူဟောင်း ကာရေဂါ ကတော့ နယူးကာဆယ်ဟာ အစ်ဆက်လို စပယ်ရှယ် talent ကို ပိုင်ဆိုင်ထားတယ်လို့ ဆိုလိုက်ပြီး ဆွီဒင်စတားရဲ့ ကစားပုံကို ကြည့်ရတာ နှစ်သက်တယ်လို့ ပြောသွားပါတယ်။

myan789

ကာရေဂါက ကာဗာနီ နဲ့ ရော်နယ်ဒို တို့ကို လက်လွှတ်ခဲ့ပြီး ဗက်ဟော့စ်ကို အားကိုးနေရတဲ့ မန်ယူနိုက်တက်မှာ အစ်ဆက်ဟာ တောက်ပနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောသွားပါတယ်။

ကာရေဂါက “ကျနော် သူ့ကို နှစ်သက်ပါတယ်။ သူ့ရဲ့ ကစားပုံကို ကြည့်ရတာ နှစ်သက်စရာပါ။ မန်ယူနိုက်တက်ဟာ အထောင် တိုက်စစ်မှုး တစ်ဦး လိုအပ်ပါနေပါတယ်။ ခင်ဗျားတို့ သူ့ရဲ့ ကစားဟန်ကို ကြည့်လိုက်ပါ။ သူဟာ မန်ယူနိုက်တက် အတွက် အရမ်းကို ကောင်းတဲ့ တိုက်စစ်မှုး ဖြစ်လာမှာပါ။ သူတို့ ရာသီအစမှာတုန်းက အစ်ဆက်ကို ခေါ်ယူလို့ ရနိုင်တဲ့ အခွင့်အရေး ရခဲ့ပါတယ်။ အန်ဖီးမှာ သူ နယူးကာဆယ် အတွက် ပထမဦးဆုံး ပွဲကို ကစားခဲ့ပါတယ်။ အဲဒီပွဲမှာ သူဟာ တကယ့်ကို ကောင်းလှပြီး လျှပ်စီးလို ပါပဲ။

အထောင် တိုက်စစ်မှုး တစ်ဦး ဆိုတာ ဂိုးတွေ သွင်းယူပေးရုံတင် အိုကေတယ် ဆိုရင်တော့ ဒါဟာ dream world မှာ မြောနေတာပါပဲ။ မော်ဒန်ခေတ်ရဲ့ အထောင် တိုက်စစ်မှုးတွေ ဆိုတာ press လုပ်နိုင်ရမှာ ဖြစ်ပြီး သူဟာ ဒါကို လုပ်နိုင်ပါတယ်။ မန်ယူနိုက်တက် အနေနဲ့ တိုက်စစ်ကနေ စတင်ကာ press ကစားသွားရမှာပါ။ လျှင်မြန်မှု ရှိတဲ့သူ ဖြစ်ဖို့လည်း လိုပါတယ်။ စွမ်းအင် သွင်းဂိုး နဲ့ build-up play မှာ ပါနိ်ုင်တဲ့သူ ဖြစ်ရပါမယ်။

ကျနော် ကတော့ အစ်ဆက်မှာ ရှိတဲ့ စွမ်းအင် နဲ့ ကျားကုတ်ကျားခဲ ကစားပုံကို နှစ်သက်ပါတယ်။ ရိုးရိုးသားသား ပြောရမယ် ဆိုရင် သူဟာ တကယ့်ကို ထူးချွန်တဲ့ တိုက်စစ်မှုး ဖြစ်တယ်လို့ ကျနော် ထင်ပါတယ်။ ကျနော် ကတော့ နယူးကာဆယ်ဟာ စပယ်ရှယ် တိုက်စစ်မှုး တစ်ဦးကို ပိုင်ဆိုင်ထားတယ်လို့ ယူဆပါတယ်။” လို့ ဆိုလိုက်ပါတယ်။

နယူးကာဆယ်ဟာ တနင်္ဂနွေနေ့က နိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ မန်ယူနိုက်တက်ကို ကျော်တက်နိုင်ခဲ့ပါတယ်။ နယူးကာဆယ်ဟာ လက်ကျန် ၁၁ ပွဲ အလိုမှာ တတိယ နေရာ ရပ်တည်နေပြီး မန်ယူနိုက်တက် ကတော့ လက်ကျန် ၁၁ ပွဲ အလိုမှာ အဆင့် ၅ နေရာ ရောက်နေပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular