နည်းပြဟောင်း ဟိုဆေး မော်ရင်ဟိုနဲ့ တွေ့ဆုံမယ့် ပွဲစဉ် မတိုင်မီ အသင်းဖော် တွေကို တိုက်တွန်း နှိုးဆော်မှှု ပြုလုပ်သွားလိုက်တဲ့ မာတစ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2020 – 21 ဘောလုံး ရာသီသစ်မှာ ပရီးမီးယားလိဂ် ပွဲစဉ် နှစ်ပွဲ ကစား ထားခဲ့ပြီး ခရစ္စတယ် ပဲလေ့စ် အသင်း နဲ့ 1 – 3 ဆိုတဲ့ အရှုံး ရလဒ် ၊ ဘရိုက်တန် အသင်း နဲ့ 2 – 3 ဆိုတဲ့ အနိုင် ရလဒ် တွေကို ပိုင်ဆိုင် ထားနိုင်ခဲ့ ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီရဲ့ တတိယမြောက် ပွဲစဉ် အဖြစ် နည်းပြဟောင်း ဟိုဆေး မော်ရင်ဟို ဦးဆောင် နေတဲ့ တော့တင်ဟမ် ဟော့ စပါး အသင်းကို အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ဧည့်ခံ ကစား ရပါ တော့မယ် ။ ဒါဟာ နှစ်ဖက် အသင်း အတွက် ရမှတ် စုဆောင်း နိုင်ဖို့ အရေး ပါလှတဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ် ။

myan789

အဲ့တာ ပြီးရင်တော့ ယူနိုက်တက် တို့ဟာ နယူးကာဆယ် အသင်း နဲ့ ရင်ဆိုင် ရမှာ ဖြစ်ပြီး အဲ့ဒီနောက် မှာတော့ PSG ( ချန်ပီယံလိဂ် ) ၊ ချဲလ်ဆီး ၊ RB လက်ပ်ဇစ် ( ချန်ပီယံလိဂ် ) ၊ အာဆင်နယ် အသင်း တွေနဲ့ ဆက်တိုက် ဆိုသလို ပွဲကြပ်တွေ ကစား ရမှာပဲ ဖြစ်ပါတယ် ။

အခုတော့ တော့တင်ဟမ် ဟော့ စပါး အသင်း နဲ့ ရင်ဆိုင် ရမယ့် ပွဲစဉ် မတိုင်မီ မော်ရင်ဟို ၊ ကွန်တီ တို့ လက်အောက်မှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ ဖူးတဲ့ ယူနိုက်တက် ကွင်းလယ်လူ နီမန်ဂျာ မာတစ် က ချန်ပီယံ ဖြစ်နိုင်ဖို့ အတွက် အနည်းဆုံး ငါးပွဲဆက် အနိုင် ရဖို့ လိုအပ်ကြောင်း အသင်းဖော် တွေကို တိုက်တွန်း နှိုးဆော် သွားခဲ့လိုက် ပါတယ် ။

” ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ဖို့ မျှော်မှန်း နေကြတဲ့ အသင်းတွေ အတွက် ပြိုင်ပွဲ ကစားတဲ့ လမ်းကြောင်း တစ်လျှောက်မှာ အမှတ် တစ်ကြိမ် မလျော့မီ 5 ၊ 6 ပွဲလောက် ဆက်တိုင် အနိုင်ရလဒ် ရှာဖွေ နိုင်ဖို့ လိုအပ် ပါတယ် ။ ဒါဟာ ပုံမှန် ဖြစ်နေကြ ကိစ္စ တစ်ရပ် ပါပဲ ။ ဘယ် အသင်း မှ အမြဲတမ်း မနိုင် ပါဘူး ”

” ကျွန်တော်တို့ အဖွင့်ပွဲမှာ ကတည်းက အရှုံး ဆိုတဲ့ ရလဒ် နဲ့ အတူ အမှတ်တွေ ဆုံးရှုံး ထားခဲ့ပြီး ပါပြီ ။ အခုတော့ ကျွန်တော် တို့ 5 ၊ 6 ပွဲလောက် ဆက်တိုက် နိုင်ဖို့ လိုအပ် နေပါတယ် ။ အဲ့တာမှ ကျွန်တော် တို့ဟာ ဆု ဖလား တစ်စုံတရာ ဆွတ်ခူး နိုင်ဖို့ အခွင့်အလမ်း ပိုင်ဆိုင် နိုင်မှာပါ ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အဲ့ဒီလို ကစားရင်း ကျွန်တော်တို့ အဆင့် 3 ရနိုင် ခဲ့တာပါ ”

” ကျွန်တော်တို့ ဘာတွေကို အကောင်းဆုံး လုပ်နိုင်ခဲ့သလဲ ဆိုတာကို သိရှိကြ ပါတယ် ။ အဲ့တာ တွေကို ဆက်လုပ် နိုင်ဖို့ လေ့ကျင့် ကြရ ပါ့မယ် ။ ကျွန်တော်တို့ ယုံကြည်မှု တွေကို ပိုင်ဆိုင် နိုင်ဖို့ အတွက် မနှစ်ကလို ဆက်လက် လုပ်ပြ နိုင်ဖို့ လိုအပ် နေပါတယ် ။ အဲ့တာမှ နောက်ပွဲတွေကို ယုံကြည်မှု အပြည့် နဲ့ ကစားနိုင် ကြမှာပါ ”

” တော့တင်ဟမ်တို့ ပွဲတွေ အများကြီး ကစားခဲ့တာ ကျွန်တော်တို့ သိကြ ပါတယ် ။ အထူးသဖြင့် ပြီးခဲ့တဲ့ ရက်သတ္တပါတ် တုန်းကပေါ့ဗျာ ။ သူတို့ အတွက် ပွဲဆက် ကစားဖို့ ခက်ခဲ နေပါ လိမ့်မယ် ။ ဒါပေမယ့် ကျွန်တော် တို့လည်း ရင်ဆိုင်ရ ခက်တဲ့ အသင်းကို ဆက်တိုက် ဆိုသလို ရင်ဆိုင် ကစားခဲ့ ကြရတာ ပါပဲ ”

” တော့တင်ဟမ်လို အသင်းမျိုးနဲ့ ရင်ဆိုင် ကစား ရမယ် ဆိုရင် အမြဲတမ်း ခက်ခဲနေမှာ အသေအချာ ပါပဲ ။ သူတို့ဆီမှာ ခမ်းနားတဲ့ ကစားသမား ကောင်းတွေ ရှိကြသလို ဘောလုံးအကြောင်း ကောင်းကောင်း သိရှိ နားလည်တဲ့ စပါယ်ရှယ် နည်းပြလည်း ရှိပါတယ် ။ အနိုင် ရဖို့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစား သွားရပါ လိမ့်မယ် ” လို့ မာတစ် က အသင်းဖော် တွေကို တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular