ဒီည FA Cup မှာ ဘယ်သူ ဗိုလ်စွဲမလဲ ခန့်မှန်းခဲ့ကြတဲ့ ပီတာခရော့ချ် နဲ့ Daily Mail ကလောင်ရှင်များ

၀၁၉ – ၂၀၂၀ ဘောလုံး ရာသီ အတွက် အင်္ဂလန် ပြည်တွင်း ဖလား တစ်ခု ဖြစ်တဲ့ FA Cup ဗိုလ်လုပွဲ ကို ယနေ့ ည မှာ ယှဉ်ပြိုင် ကစား ကြပါတော့မယ် ။ ဒီနှစ် ဗိုလ်လုပွဲ ကိုတော့ လန်ဒန် မြို့ခံ ၂ သင်း ဖြစ်ကြတဲ့ အာဆင်နယ် နဲ့ ချဲလ်ဆီး တို့ တက်ရောက် လာခဲ့ ကြတာ ဖြစ်ပြီး ဝင်ဘာလေ ကွင်းကြီး ထဲမှာ သူနိုင် ကိုယ်နိုင် ယှဉ်ပြိုင် ကြတော့ မှာပါ ။ နည်းပြ လမ်းပတ် နဲ့ အာတီတာ တို့အတွက် ကတော့ ပထမဆုံး ဆုဖလားကြီး က စောင့်ကြို လို့ နေပါပြီ ။

လွန်ခဲ့တဲ့ ၃ နှစ်တုန်းက အာဆင်နယ် တို့ FA Cup ဖိုင်နယ်မှာ ချဲလ်ဆီးကို အနိုင်ယူပြီး ဗိုလ်စွဲခဲ့ ဖူးပါတယ် ။ ဒီညမှာ ဒါကို အာဆင်နယ်တို့ ထပ်လုပ်ပြ နိုင်မလား . . . ချဲလ်ဆီး က ပဲ လက်စားချေ သွားမလာ ဆိုတာ စောင့်ကြည့်ရတော့ မှာပါ ။

myan789

ဒီပွဲ ကို သတင်း ဌာန အသီးသီးက ဝါရင့် ဘောလုံး သုံးသပ်သူတွေ က ထင်မြင် ယူဆချက် အမျိုးမျိုးတွေ ပေးခဲ့ ကြပါတယ် ။ အခု တဖန် အလှည့်ကျလာ တာကတော့ ဗြိတိန် ရဲ့ နာမည်ကျော် Daily Mail သတင်း ဌာန ပါပဲ ။ ဒီဌာန မှာ ပီတာ ခရော့ချ် ၊ မာတင်ကီယွန် ၊ ခရစ် ဆတ်တန် တို့လို ပရီးမီးယားလိဂ် အကျော် အမော် ကစား သမား ဟောင်းတွေ လုပ်ကိုင် နေကြပြီး ဒီကနေ့ည ကစားမယ့် ပွဲအတွက် ခန့်မှန်းမှု အသီးသီး ကို ပြုလုပ် ပေးသွားခဲ့ ကြပါတယ် ။

၁ ။ ဒေးဗစ် လွိုက် ( အာဆင်နယ် ၂ – ၀ ချဲလ်ဆီး )
“ပီယားစ် မော်ဂန် နဲ့ ဆန့်ကျင်ပြီး ကျွန်တော် မနေချင် ပါဘူး ။ ဘာလို့လည်း ဆိုတော့ အာဆင်နယ် ရှုံးခဲ့ရင် သူ ပေါက်ကွဲ မှာ မို့လို့ပါ ။ ဒါကြောင့် သူ့ကိုပဲ ကျွန်တော် အားပေး ပါမယ် ။ ဆီမီး ဖိုင်နယ် မှာ မန်စီးတီး ကို ကျော်ဖြတ် လာခဲ့တဲ့ အာဆင်နယ်တို့ ဒီဆုနဲ့ ထိုက်တန် ပါတယ် ။ မီကေး အာတီတာ ကလည်း တကယ် အလားအလာ ရှိတဲ့ နည်းပြပါ”

၂ ။ ပီတာ ခရော့ချ် ( အာဆင်နယ် ၁ – ၂ ချဲလ်ဆီး )
“ဆီမီး ဖိုင်နယ် မှာ ကတည်းက ချဲလ်ဆီး ဒီဖလား ကို ရမယ်လို့ ကျွန်တော် ထင်နေခဲ့ တာပါ ။ ချန်ပီယံလိဂ် ဝင်ခွင့်ကို ရလိုက်တာ လည်း သူတို့ အတွက် စိတ်ဓါတ် ခွန်အားသစ်တွေ ဖြစ်စေ နိုင်ပါတယ် ။ ဒီပွဲ ကို ဖျော်ဖြေမှု အများကြီး ပေးနိုင်မယ် လို့လည်း ကျွန်တော် မျှော်လင့် ထားပါတယ် ။ ၂ သင်း ယှဉ်ရင်တော့ ချဲလ်ဆီးလူစာရင်း က ပိုတောင့်တင်းပါတယ် ။ လမ်းပတ် အတွက် ပျော်စရာ ကောင်းတဲ့ ရာသီ ဖြစ်လာမှာပါ”

၃ ။ မာတင်ကီယွန် ( အာဆင်နယ် ၂ – ၁ ချဲလ်ဆီး )
“ချဲလ်ဆီး ဟာ ထိပ်ဆုံး ၁၀ သင်းထဲ မှာ ပေးဂိုး အများဆုံး ဖြစ်ခဲ့ ပါတယ် ။ သူတို့ ခံစစ်မှာ ယိုပေါက်ကြီး ဖြစ်နေတာ ကို အာတီတာ မြင်နိုင် မှာပါ ။ အာဆင်နယ် တိုက်စစ် က ဒီ ယိုပေါက်ကို ထိုးနှက် နိုင်ပါလိမ့်မယ် ။ ဒါကြောင့် အာတီတာ ကိုပဲ ကျွန်တော် ရွေးချင် ပါတယ် ။ FA Cup ဆိုတာ အာဆင်နယ် ရဲ့ အမှတ်အသား တစ်ခုပါ”

၄ ။ နက်ဆာ ဟူစိန် ( အာဆင်နယ် ၁ – ၀ ချဲလ်ဆီး )
“ဒီပွဲ နဲ့ ပတ်သက်ပြီး အိမ်မှာ စစ်ဖြစ်နေ ပါတယ် ။ ဘာလို့လည်း ဆိုတော့ ကျွန်တော့ ကလေးတွေ ထဲက တစ်ယောက်က ချဲလ်ဆီး ကို အားပေးပြီး ကျန်တဲ့ သူတွေက အာဆင်နယ် ပရိသတ်တွေမို့ပါ ။ ကျွန်တော် ကတော့ ပွဲကြည့်ပရိသတ် ပါပဲ ။ ဒါပေမယ့် အာဆင်နယ် က ၁ ဂိုးလောက် နဲ့ ကပ်ပြီး နိုင်သွားမယ်လို့ ထင်ပါတယ် ။ တကယ်လို့ ဒေးဗစ် လူးဝစ် သာ ကြောင်တောင်တောင်တွေ မလုပ်ဘူး ဆိုရင်ပေါ့”

၅ ။ ဆာ ကလိုက်ဗ် ဝုဒ်ဝက် ( အာဆင်နယ် ၁ – ၃ ချဲလ်ဆီး )
“မန်စီးတီး ၊ လီဗာပူး တို့ နဲ့ ကစားခဲ့တဲ့ အာဆင်နယ် ရဲ့ ခြေစွမ်းက တကယ် အထင်ကြီး စရာပါပဲ ။ ဒါပေမယ့် ဗိုလ်လုပွဲ ဆိုတာ ဒီပွဲတွေ နဲ့ အများကြီး ခြားနား ပါတယ် ။ မနှစ်က ယူရိုပါလိဂ် ဖိုင်နယ် မှာ ချဲလ်ဆီး က အာဆင်နယ် ကို အနိုင် ယူထားတာပါ ။ ဒီပွဲက လူတွေ အများကြီး အခုညမှာ ပြန်ပါ ကြဦး မှာပါပဲ ။ ဒါကြောင့် ချဲလ်ဆီး က ပဲ အသာရသွား မှာပါ”

၆ ။ ခရစ် ဆတ်တွန် ( အာဆင်နယ် ၂ – ၂ ချဲလ်ဆီး ၊ ပင်နယ်တီတွင် ချဲလ်ဆီး နိုင် )
“၂ သင်းစလုံး က တိုက်စစ် အသားပေး ကစား ကြမှာပါ ။ တိုက်စစ်လည်း ကောင်းကြ ပါတယ် ။ ခံစစ် အားနည်းတာချင်းလည်း အတူတူပါ ။ ဒါကြောင့် ဂိုး သမားတွေ ရဲ့ အခန်း ကဏ္ဍ က အရေးပါလာ ပါလိမ့်မယ် ။ သရေ ကျပြီး ပင်နယ်တီ ထိ ရောက် နိုင်ပါတယ် ။ ကာဘယ်လာရို ဝင်ဖမ်းမယ် ဆိုရင်တော့ ချဲလ်ဆီးတို့ ပူပင်စရာ ရှိမှာ မဟုတ်ပါဘူး”

Daily Mail ကလောင်ရှင်တို့ရဲ့ ခန့်မှန်းမှု အနှစ်ချုပ် ကတော့ အာဆင်နယ် နိုင် ( ၃ ) ပွဲ ၊ ချဲလ်ဆီး နိုင် ( ၃ ) ပွဲ နဲ့ သရေ ဖြစ်နေ ပါတယ် ။ မိတ်ဆွေတို့ ရဲ့ ခန့်မှန်းချက် ကရော . . . ဘာဖြစ်မလဲဗျာ . . . ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular