တီယာနေး ရဲ့ ဒဏ်ရာ အခြေအနေ ၊ လာကာဇက် ရဲ့ စာချုပ်သစ် ကိစ္စတွေ အပေါ် ဖြေကြားခဲ့တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ က ဝက်စ်ဟမ်း အသင်း နဲ့ ပွဲမှာ တီယာနေး မပါဝင်ခဲ့တာဟာ ပွဲမတိုင်ခင်ကတည်းက ကြွက်သား ဒဏ်ရာ ရှိနေတာကြောင့် ဖြစ်ကြောင်း အတည်ပြု ပြောကြား လိုက်ပါတယ် ။

တီယာနေး ဟာ ဝက်စ်ဟမ်း အသင်း နဲ့ ပွဲအတွက် ပွဲထွက် လူစာရင်းမှာ ပါဝင် ခဲ့ပေမယ့် ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ခန်း အစီအစဉ်မှာ ကစားဖို့ အဆင်မပြေကြောင်း ပြောကြားလာတာကြောင့် အာတီတာ ဟာ ကိုလာစီနက် ကို ထည့်သွင်း ကစားခဲ့ရပါတယ် ။

myan789

ပွဲအပြီးမှာ အာတီတာ က တီယာနေး ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ” ကီရန်(တီယာနေး) အဆင်ပြေပါတယ် ၊ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကတည်းက သူက ကြွက်သား ဒဏ်ရာ အနည်းငယ် ရှိနေခဲ့ပါတယ် ၊ သူ ဒီနေ့ပွဲမှာ ကစားဖို့ ကြိုးစားခဲ့ပြီး သွေးပူ လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင် ခဲ့ပါတယ် ၊ ဒါပေမယ့် သူ့အတွက် သက်သောင့်သက်သာ မရှိကြောင်း ပြောလာတာကြောင့် မကစားခိုင်းခဲ့တာပါ ။”

” ဒီအခြေအနေတွေက ကျွန်တော် ထိန်းချုပ်လို့ မရပါဘူး ၊ သူကြံ့ခိုင်မှု ပြည့်ဝ မယ်လို့ ယုံကြည် ခဲ့ပေမယ့် သွေးပူ လေ့ကျင့်ခန်းလုပ်နေစဉ် ပွဲစဖို့ ၁၀ မိနစ် အလိုလောက်မှာ သူ့အနေနဲ့ ပွဲကစားဖို့ အဆင်မပြေကြောင်း ပြောလာခဲ့ပါတယ် ။ ”

” အဲ့တာကြောင့် ဆုံးဖြတ်ချက်တစ်ခု ချမှတ် ခဲ့ရပါတယ် ၊ ရတဲ့ အချိန်အတွင်းမှာ ချက်ချင်း ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ရပြီး ကိုလာ ကို ဝင်ကစားခိုင်းခဲ့ပါတယ် ၊ သူ့အတွက် ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့တယ်ပဲ ဆိုရမှာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

ဒါ့အပြင် အာတီတာ က အာဆင်နယ် အတွက် အဖွင့်ဂိုး သွင်းယူ ပေးခဲ့တဲ့ တိုက်စစ်မှူး လာကာဇက် ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားသလား ဆိုတဲ့ မေးခွန်းကိုလည်း ပြန်လည် ဖြေကြား သွားခဲ့ပါတယ် ။ လာကာဇက် ဟာ အာဆင်နယ် အသင်း နဲ့ ၂၀၂၂ ခုနှစ်မှာ စာချုပ် ကုန်ဆုံးမှာလည်း ဖြစ်ပါတယ် ။

အာတီတာ က လာကာဇက် ကို စာချုပ်သစ် ချုပ်ဆိုမှု အခြေအနေအပေါ် ” သူက ကျွန်တော် အရမ်း ကျေနပ်မိတဲ့ ကစားသမား တစ်ဦးပါ ၊ သူ အသင်းကို စရောက်ကတည်းက ကျွန်တော်တို့ ဘက်က သူ့ကို ယုံကြည်မှု အများကြီး ရှိကြောင်း ပြသခဲ့ပါတယ် ၊ ဒါပေမယ့် ကျွန်တော်တို့ စာချုပ်သစ် အတွက် ဘာမှ မစတင်ရသေးပါဘူး ။ ”

” စာချုပ် သက်တမ်း နှစ်နှစ်အောက် ရောက်နေတဲ့ ကစားသမားတွေကို စာချုပ်သစ် ကိစ္စ ဆွေးနွေးဖို့ လိုအပ်တယ် ဆိုတာ ကျွန်တော်တို့ သိပါတယ် ။ အခု အချိန်မှာတော့ ဆွေးနွေးမှု တစ်စုံတစ်ရာ မလုပ်ရသေးပါဘူး ၊ ကျွန်တော်တို့ စျေးကွက်မှာ အများကြီး လုပ်ဖို့ ကျန်ရှိနေပါတယ် ၊ ဒီအရာတွေကိုပဲ ဦးစားပေး လုပ်ဆောင် နေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular