တီယာဂို အယ်ကန်တာရာ ၊ ဝိုင်နယ်ဒန် တို့နဲ့ ပက်သက်တဲ့ အပြောင်းအရွေ့ သတင်းတွေ အပေါ် မှတ်ချက်ပေးလိုက်တဲ့ ယာဂန်ကလော့

တီယာဂို အယ်ကန်တာရာဟာ ဘိုင်ယန်မြူးနစ် ကနေ လီဗာပူးကို အပြီးသတ် ပြောင်းရွေ့ရန် အတွက် ယနေ့မှာပဲ UK ကို ရောက်ရှိ လာခဲ့ပြီ ဖြစ်ပါတယ်။ လီဗာပူးဟာ တီယာဂို အတွက် ကနဦး ပေါင်သန်း ၂၀ ပေးချေ သွားရမှာ ဖြစ်ပြီး အပိုဆုကြေး အရ နောက်ထပ် ၅ သန်း ထပ်ပေး ရမှာပါ။

စပိန် ကွင်းလယ်လူဟာ သောကြာနေ့ မနက်က ဆေးစစ်မှုတွေ ပြုလုပ်ရန် နဲ့ စာချုပ်ကိစ္စ အပြီးသတ်ရန် မြူးနစ် ကနေ မန်ချက်စတာကို လေကြောင်းခရီး နဲ့ လာခဲ့ပြီး လီဗာပူးရဲ့ ဒုတိယမြောက် နွေရာသီ ကစားသမား ခေါ်ယူမှု ဖြစ်လာတော့မှာပါ။ ဘိုင်ယန်မန်နေဂျာ ဟန်စီဖလစ် ကလည်း တီယာဂို ကို ခေါ်ယူ နိုင်တော့မှာ ဖြစ်တဲ့ လီဗာပူးကို ဂုဏ်ယူကြောင်း မနေ့ညက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပေမယ့် ကလော့ ကတော့ တရားဝင် ကြေငြာမှု မလုပ်မီ နှုတ်ဆိတ်နေဖို့ ဆန္ဒ ရှိနေခဲ့ပါတယ်။

myan789

တီယာဂို နဲ့ ပက်သက်ပြီး မေးမြန်းရာမှာ ကလော့က “ဒီအချိန်မှာ ဟန်စီဖလစ်ဟာ အရမ်းကို အောင်မြင်တဲ့ နည်းပြ တစ်ဦး ဖြစ်နေရုံသာမကပါဘူး။ သူဟာ လူကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါက လွဲပြီး ကျွန်တော့် အနေနဲ့ ဘာမှ ပြောစရာ မရှိပါဘူး။ ကျွန်တော် သိရသလောက် ကတော့ တရားဝင် ကြေငြာမှု မလုပ်မီ အထိ Official မဟုတ်သေး ပါဘူး။ ကျွန်တော်ဟာ announcer တစ်ဦးလည်း မဟုတ်ပါဘူး။ အတော် အလားအလာ ကောင်းနေတဲ့ ပုံစံ ပါပဲ။ ကျွန်တော် ကတော့ လုံး၀ လျိုထားပါတယ်။ ပရိတ်သတ်တွေ အတွက် ဒီနေ့မှာ LFC channels တွေကို ကြည့်ရင် အတော် အသုံးဝင် နိုင်ပါတယ်။ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့် သွားကြတာပေါ့။” လို့ ဆိုလိုက် ပါတယ်။

ဆက်လက်ပြီး ကလော့ က “အပြောင်းအရွေ့ ကိစ္စ နဲ့ ပက်သက်တဲ့ အရာတွေ အားလုံးကို တရားဝင် ကြေငြာချက်တွေ ထွက်လာပြီးမှသာ ကျွန်တော် ဖြေကြား နိုင်မှာပါ။ ကျွန်တော်တို့ အနည်းငယ် စိတ်ရှည်ရှည် စောင့်ဆိုင်း သွားဖို့ လိုပါတယ်။ ကျွန်တော်တို့ အားလုံး ဒါနဲ့ အသားတကျ ဖြစ်နေပြီးသားပါ။ ဒီထက် ပိုပြီး ပြောစရာ မရှိပါဘူး။ ဒါဟာ ချဲလ်ဆီး နဲ့ ပွဲအတွက် သတင်းစာ ရှင်းလင်းပွဲပါ။ ကျွန်တော် ဒါနဲ့ ပက်သက်တဲ့ မေးခွန်း တွေကို လေးစားပါတယ်။” လို့ ပြောခဲ့ ပါတယ်။

တီယာဂို အယ်ကန်တာရာ လီဗာပူးကို ရောက်ရှိ လာတော့မှာ ဖြစ်တာကြောင့် ဂျီနီဝိုင်နယ်ဒန် အန်ဖီး ကနေ ထွက်ခွာ တော့မယ် ဆိုတဲ့ သတင်းတွေကို ယာဂန်ကလော့က လုံး၀ ငြင်းဆို သွားခဲ့ပါတယ်။ လီဗာပူး ကွင်းလယ်လူ ဝိုင်နယ်ဒန်ဟာ ကလပ် နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့ပြီး အခုထိ စာချုပ်သစ် အတွက် သဘောတူညီမှု မရရှိသေးကာ ၎င်းကို ဘာစီလိုနာ အသင်းက ခေါ်ယူရန် အထူး စိတ်ဝင်စား နေတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ် နေခဲ့ ပါတယ်။

ဘာစီလိုနာ ကို အခုချိန်မှာ ဝိုင်နယ်ဒန်ရဲ့ နယ်သာလန် နည်းပြဟောင်း ရော်နယ်ကိုးမန်း ကိုင်တွယ်နေတာ ဖြစ်ပြီး အဲဗာတန် နဲ့ ဆောက်သမ်တန် နည်းပြဟောင်းဟာ အသက် ၂၉ နှစ် အရွယ် ကစားသမားကို ၎င်းရဲ့ နွေရာသီ ထိပ်တန်း ပစ်မှတ်တွေ ထဲက တစ်ခု အဖြစ် သတ်မှတ် ထားခဲ့တယ်လို့ သိရပါတယ်။

ဝိုင်နယ်ဒန်ဟာ ပြီးခဲ့တဲ့ တစ်ပတ်က လိဒ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် မတိုင်မီ ကလော့နဲ့ စကား ပြောဆို ခဲ့ကာ အဲဒီနောက် သူ့အနေနဲ့ ဒီရာသီ လီဗာပူးဟာ ဆက်ရှိချင်တယ်လို့ ပြောသွားခဲ့ ပါတယ်။ နယ်သာလန် ကွင်းလယ်လူဟာ မာဆယ်လို ဘီယယ်ဆာ ရဲ့ အသင်းကို ၄-၃ နဲ့ အနိုင် ရခဲ့တဲ့ ပွဲစဉ်မှာ အသင်း အတွက် မိနစ် ၉၀ ပြည့် ကစား သွားခဲ့ပြီး ကလော့က သီယာဂို ကို ခေါ်ယူလိုက်ခြင်းဟာ ကလပ်မှာ ရှိတဲ့ ဘယ်ကစားသမား ရဲ့ အနာဂတ်ကိုမှ သက်ရောက်မှု ရှိမှာ မဟုတ်ကြောင်း ပြောဆို သွားပါတယ်။

ကလော့က “ဒီကိစ္စဟာ ဘယ်သူ့ရဲ့ အနာဂတ်ကိုမှ အနုတ်လက္ခဏာဆောင်တဲ့ ပုံစံနဲ့ သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။ တစ်စုံတစ်ဦး ဝင်လာမှာ ဖြစ်တာကြောင့် တစ်စုံတစ်ဦး ထွက်ခွာ ရတဲ့ ပုံစံမျိုး မရှိပါဘူး။ ဘာမှ သက်ရောက်မှု ရှိလာမှာ မဟုတ်ပါဘူး။” လို့ ရှင်းလင်း သွားခဲ့ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular