တီယာဂိုကို သက်သာလှတဲ့ ဈေးနှုန်းနဲ့ခေါ်ယူနိုင်ခဲ့တဲ့ လီဗာပူးကို ချီးကျူးလိုက်ကာ ၎င်းကို ယူနိုက်တက်ကွင်းလယ်လူဟောင်းနဲ့ ခိုင်းနှိုင်းလိုက်တဲ့ ဒန်နီမာဖီ

လီဗာပူး ကွင်းလယ်လူဟောင်း ဒန်နီမာဖီက တီယာဂို အယ်ကန်တာရာကို လီဗာပူး အသင်းထံ ခေါ်ယူနိုင်ခဲ့တဲ့အတွက်ယာဂန်ကလော့ကိုဆုပေးဖို့ထိုက်တန်တယ်လို့ဆိုလိုက်ပြီးစပိန်လက်ရွေးစင်လို ကမ္ဘာ့အဆင့် ကစားသမားကို ပေါင်သန်း၂၀နဲ့ခေါ်ယူနိုင်ခဲ့တာကိုစဉ်းစားကြည့်လိုက်မယ် ဆိုရင် ဒါဟာ လုံးဝကို အချိုအချောင် ရလိုက်တာလို့ ပြောသွားပါတယ်။

လီဗာပူးဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွေ့ရဲ့ကာလအများစုမှာတီယာဂိုနဲ့ကာလရှည်သတင်းတွေ ထွက်ပေါ် နေခဲ့တာ ဖြစ်ပြီး နောက်ဆုံးမှာတော့ အန်ဖီးကို အရောက် ခေါ်ယူ နိုင်ခဲ့ပါတယ်။ တီယာဂိုဟာ အလိုင်းယန့်အရီနာကို တစ်ရာသီ အတွင်း ဖလား ၃ လုံး အောင်မြင်မှုနဲ့ နှုတ်ဆက် နိုင်ခဲ့တာ ဖြစ်ပြီး ပီအက်ဂျီကို အနိုင် ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ဟာ ဂျာမန် အင်အားကြီး ကလပ် အတွက် ၎င်းရဲ့ နောက်ဆုံး ပွဲစဉ် ဖြစ်ပါတယ်။

myan789

တီယာဂိုဟာ ဘိုင်ယန်နဲ့ အတူ စာချုပ် သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိ နေသူ ဖြစ်ပြီး ဘိုင်ယန်ဘက်က စာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချခဲ့ကာစိန်ခေါ်မှုအသစ်ရှာဖွေသွားချင်တယ်လို့ ကလပ် တာဝန်ရှိသူတွေထံ အကြောင်းကြား ခဲ့ပါတယ်။ ဘိုင်ယန်ဘက်ကလည်း ၎င်းကိုအလွတ် ပြောင်းရွေ့ကြေးနဲ့လက်မလွှတ်လိုတာကြောင့်နောက်ဆုံးမှာတော့တီယာဂိုကိုရောင်းချရန်ဆုံး ဖြတ် ခဲ့ပါတယ်။

ဘိုင်ယန်ရဲ့ ဆုံးရှုံးမှုဟာ လီဗာပူးရဲ့ အကျိုး ဖြစ်ခဲ့ပြီး ကလော့ရဲ့ ဘာစီလိုနာ ကြယ်ပွင့်ဟောင်းကို အန်ဖီးထံ ရောက်ရှိလာအောင် စည်းရုံး နိုင်ခဲ့ပါတယ်။

လီဗာပူး ကွင်းလယ်လူဟောင်း မာဖီက “ကျွန်တော် ကတော့ တီယာဂိုဟာ လီဗာပူး အတွက် တကယ့်ကို ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှုလို့ ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူဟာ လီဗာပူးရဲ့ ကွင်းလယ်ကို တိုးတက်အောင် လုပ်ပေးနိုင်မယ့် ဥရောပရဲ့ ကစားသမား အနည်းငယ် ထဲက တစ်ဦး ဖြစ်ပါတယ်။ သူဟာ အသက် ၂၉ နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် လီဗာပူးကို ၃ နှစ် ၄ နှစ်လောက် အကောင်းဆုံး လုပ်ပေး နိုင်ပါလိမ့်မယ်။

ဒါဟာ လီဗာပူးရဲ့ အရမ်း ကောင်းတဲ့အပြောင်းအရွေ့လုပ်ဆောင်မှုဖြစ်ပြီးပြောင်းရွေ့ကြေးလည်း အပါအဝင် ဖြစ်ပါတယ်။ကျွန်တော်တီယာဂိုရဲ့ကစားဟန်ကိုဘာကာမှာအရင်ဆုံးတွေ့ဖူးခဲ့တာပါ။ သူ့ကြည့်ရတာ ပွဲကို သိပ်ပြီး အားထုတ်စရာ မလိုဘဲ ကစားနေသလို ပါပဲ။

တီယာဂိုဟာပေါလ်စခိုးလိုမျိုးပဲဘောလုံးပွဲတစ်ပွဲရဲ့ပွဲရှိန်အတက်အကျကိုထိန်းချုပ်ကစားနိုင်သူပါ။ ဒီလို ကွင်းလယ်မျိုး သိပ်ပြီး များများစားစား မရှိပါဘူး။

တီယာဂိုဟာ နေရာလွတ် ဖန်တီးနိုင်စွမ်းရှိတဲ့သူ့ရဲ့ရွေ့လျားကစားဟန်ကြောင့်ဘောလုံးလက်ခံဖို့ အမြဲ အဆင်သင့် ဖြစ်နေပါတယ်။ သူဟာ ပွဲရဲ့ အခြေအနေကို သိနားလည်မှုကြောင့်pressလုပ်ခံ ရတဲ့ အချိန်တိုင်း ဘောလုံး ဆုံးရှုံးတာ ရှားပါးလှပါတယ်။

တီယာဂိုကို ဒီလောက် ငွေကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာဟာ တအားကို တန်လွန်းပါတယ်။ ကလော့ အနေနဲ့ သူ့ကို စည်းရုံးနိုင်ခဲ့မှု အတွက် ဆုပေးဖို့တောင် ထိုက်တန်ပါတယ်။ ဘာလို့လဲဆိုတော့ လီဗာပူး ပရိတ်သတ်တွေဟာ သူ့ကို ချစ်ခင် နှစ်သက်ကြမှာ မို့လို့ပါ။” လို့ ဆိုလိုက်ပါတယ်။

တီယာဂိုဟာ ဒီရာသီ လီဗာပူး အတွက် ၄၅ မိနစ် ပါဝင် ကစား ထားခဲ့ပြီး ဖြစ်ကာ ချဲလ်ဆီးကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ဖြစ်ပါတယ်။ အဲဒီနောက် တီယာဂိုဟာ ကိုဗစ် ဖြစ်ခဲ့တာကြောင့် self-isolatingလုပ်နေခဲ့ရကာအာဆင်နယ်ဗီလာတို့နဲ့ပွဲစဉ်တွေကိုလွဲချော်ခဲ့ပြီးလာမည့်မာဆေးဆိုက် ဒါဘီ မှာတော့ လီဗာပူး အတွက် ပြန်ကစားပေး နိုင်တော့မှာ ဖြစ်ပါတယ်။

မာဖီက “ကျွန်တော် ကတော့ လီဗာပူးဟာ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ဖို့ အတွက် ရေပန်းအစားဆုံး အသင်း အဖြစ် ရှိနေဆဲလို့ ထင်ပါတယ်။ ခံစစ်ပိုင်းမှာ လီဗာပူးဟာ ပြီးခဲ့တဲ့ ၂ ရာသီ အတွင်း အကောင်းဆုံး အသင်း ဖြစ်ခဲ့ပါတယ်။ လီဗာပူးဟာ ဗီလာနဲ့ ပွဲစဉ်မှာ ခံစစ်ပိုင်းက ပေါက်ထွက် နေခဲ့ပါတယ်။ လီဗာပူးတို့ high defensive line နဲ့ ကစားနေတဲ့ အပေါ် လူတော်တော်များများက ဝေဖန် ပြောဆို နေကြပါတယ်။

ဒါပေမယ့် ဂျော်ဒန်ဟန်ဒါဆန် ၊ တီယာဂို နဲ့ ဆာဒီယိုမာနေး တို့ ပြန်လာကြမှာ ဖြစ်ပြီး အလီဆွန် ကလည်း ဒဏ်ရာ ကနေ ပြန်လာဖို့ ရှိနေပါတယ်။ ယာဂန်ကလော့ဟာ အက်စတွန်ဗီလာ နဲ့ ပွဲက အသင်းရဲ့ စွမ်းဆောင်ရည်ကို လက်ခံ သွားမှာ မဟုတ်ပါဘူး။အကယ်၍ဒီလိုမျိုးပုံစံနဲ့ဆက်ကစား နေမယ် ဆိုရင် ကစားသမားတွေ အနေနဲ့ အကျိုးဆက်ကို ခံစား ရမှာ ဖြစ်ပါတယ်။ လိုအပ်မယ် ဆိုရင် ကလော့ဟာ လူအပြောင်းအလဲတွေ လုပ်ပစ်နိုင်တဲ့ အင်အားကို ပိုင်ဆိုင် ထားပါတယ်။” လို့ ပြောလိုက်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular