တိုက်စစ်အားသန်ကွင်းလယ်လူ နဲ့ ဘာမှမသက်ဆိုင်တဲ့ နေရာကနေ ဘောလုံးစကစားခဲ့ရတယ်လို့ ဖွင့်ဟလာခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက် စတာ ယူနိုက်တက် ကို ရောက်လာတဲ့ အချိန်က ၁ နှစ် မပြည့်သေး ပါဘူး ။ ဒါပေမယ့် ဘရူနို ဖာနန်ဒက်စ် ကတော့ အသင်းရဲ့ အကောင်းဆုံး ကစား သမား တစ်ယောက် အဖြစ် ရောက်ရှိ လို့ လာခဲ့ ပါပြီ ။ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၃၃ ပွဲမှာ ၁၈ ဂိုး သွင်းပြီး ၁၃ ဂိုး ဖန်တီး ပေးထား နိုင်ခဲ့တဲ့ ဖာနန်ဒက်စ် ဟာ လအလိုက် အကောင်းဆုံး ကစား သမား ဆုတွေ ကိုလည်း ရယူ ပိုင်ဆိုင် နိုင်ခဲ့ပါတယ် ။ အခုအချိန် မှာတော့ ဖာနန်ဒက်စ် ဟာ သရဲနီ တစ်ယောက် ဖြစ်လို့ နေခဲ့ ပါပြီ ။

သူ့ရဲ့ ထက်မြက်တဲ့ ဘောလုံး ဦးနှောက် ၊ စူးရှတဲ့ အမြင်တွေ အပြင် နိုင်လိုစိတ် ပြင်းပြမှု နဲ့ ကြိုးစား အားထုတ်မှု တွေကလည်း ယူနိုက်တက် မှာ လိုအပ် နေတဲ့ ခေါင်းဆောင်မှု စွမ်းရည်ဖြစ်တယ် လို့ အားလုံးက သဘောတူ လက်ခံ လာခဲ့ ကြပါတယ် ။

myan789

ဒါပေမယ့် ဖာနန်ဒက်စ် ရဲ့ ဘောလုံး သမား ဘ၀ ကတော့ ကွင်းလယ် တိုက်စစ် အဖြစ် နဲ့ စတင် ခဲ့တာ မဟုတ်ပါဘူး ။ ဘယ်နေရာ မှာ အကောင်းဆုံး ကစား နိုင်မယ်ဆိုတာ ကို သေချာ မသိ နိုင်သေးတဲ့ လူငယ် ဘ၀ မှာ နေရာစုံ ပြောင်းရွှေ့ ကစား ခဲ့ရပြီး ခံစစ်မှူး အဖြစ် နဲ့ စတင် ခဲ့ရပုံကို ဖာနန်ဒက်စ် က United Podcast အစီအစဉ် မှာ ထည့်သွင်း ပြောပြ သွားခဲ့ ပါတယ် ။

“ဘောလုံး စ ကစားတုန်းက အချိန် အတော် များများမှာ နောက်ခံလူ အဖြစ် နဲ့ ကစား ခဲ့ရတာပါ ။ ခံစစ်မှူး ဖြစ်ရင်ဖြစ် မဖြစ်ရင် ညာနောက်ခံလူ ဖြစ်ခဲ့ တာပါ ။ အဲ့တုန်းက ကျွန်တော် က ကြမ်းကြမ်း တမ်းတမ်း ကစားတတ် တော့ ညာ နောက်ခံလူ နေရာကို ပိုသဘောကျ ခဲ့ပါတယ် ။ ခံစစ်မှူး နေရာမှာ ဆိုရင်တော့ အစွန်လူတွေ မရှိတဲ့ အချိန်မျိုးမှာ ပြိုင်ဘက် တောင်ပံ ကစား သမားတွေ ရှေ့တက် လာမယ့် လမ်းကြောင်းကို ကြိုထောက် ထားရတဲ့ အလုပ်လောက်ပဲ ရှိတာပါ”

“နောက်တန်း မှာ ကျွန်တော် ကောင်းကောင်း ကစား နိုင်ခဲ့ ပါတယ် ။ ကျွန်တော့ အနေနဲ့ ကစား သမား ကောင်း တစ်ယောက် ဖြစ်ချင်ရင် ကွင်းလယ်မှာ ကစား ၊ ထိပ်တန်း ကစား သမား ဖြစ်ချင်ရင်တော့ နောက်တန်းမှာ ကစားလို့ နည်းပြ ပြောခဲ့တာကို ခုထိ မှတ်မိနေ တုန်းပါပဲ”

“သူ မှားခဲ့တယ်လို့ ကျွန်တော် ထင် ပါတယ် ၊ ဒါမှ မဟုတ်ရင်လည်း နောက်တန်းလူ နေရာမှာ ကျွန်တော် က ပိုကောင်းချင် ကောင်းနေ ခဲ့ မှာပါ ။ ဒါပေမယ့် အဲ့တုန်းကတော့ ကျွန်တော် ခံစစ်မှာ မကစားချင်ခဲ့ ပါဘူး ။ လူတိုင်း ကတော့ ကျွန်တော် နောက်တန်း မှာ ကစားတာကောင်းတယ် ၊ ဘာလို့လည်း ဆိုတော့ ကျွန်တော် က ဉာဏ်ကောင်းပြီး နေရာလွတ်တွေ ကို လိုက်ဖြည့် နိုင်လို့ပါတဲ့”

“ဒါပေမယ့် နောက်တော့ ကျွန်တော့ ထက် သက်တမ်း တစ်ခုပိုကြီးတဲ့ အသင်းဆီကို ပြောင်းခဲ့ ပါတယ် ။ အဲ့ဒိ မှာ ခံစစ်သမား အဖြစ် မကစားချင်ဘူး လို့ နည်းပြကို ကျွန်တော် စပြော တော့တာပါပဲ ။ တကယ်လို့ ကျွန်တော့ကို ခံစစ်မှာ ပဲ ထားမယ် ဆိုရင် သက်တူရွယ်တူ တွေနဲ့ ပြန်သွား ကစားပြီး ကွင်းလယ်မှာပဲ နေမယ် လို့ ပြောခဲ့တာပါ”

“ဒါပေမယ့် တကယ်တမ်း ဖြစ်လာတဲ့ အခါ ကျတော့ ပိုပြီး ရှေ့ ရောက် နေခဲ့ ပါတယ် ။ အသင်းမှာ ခရီးသွားတဲ့ သူက သွား နေတာကြောင့် ရှေ့တန်းမှာ လူ မရှိတော့ ပါဘူး ။ ဒါကြောင့် ကျွန်တော့ကို တိုက်စစ်မှာ တစ်ပွဲ စမ်းသုံးကြည့် ခဲ့ပါတယ် ။ ကျွန်တော် ၂ ဂိုး သွင်းလိုက်တော့ နောက်ပွဲတွေလည်း ရှေ့တန်းမှာ ကစားခိုင်း တော့ တာပါပဲ”

“အဲ့လို နဲ့ ကျွန်တော် ရဲ့ ခံစစ် သမား ဘ၀ က နိဂုန်းချုပ် သွားခဲ့ ပါတယ် ။ အချို့ ပွဲတွေ မှာ တိုက်စစ်မှူး ၂ ယောက် နောက်ကနေ Fake 9 ပုံစံ လိုက် ကစားရပြီး တစ်ချို့ ပွဲတွေ မှာ No.10 တစ်ချို့ ပွဲတွေမှာ No.8 နေရာ တွေကို ပြောင်း ကစား ခဲ့ရ ပါတယ်” လို့ ဖာနန်ဒက်စ် က သူ့ရဲ့ ငယ်စဉ် ဘဝက အကြောင်းတွေ ကို ပြန်ပြောင်း ပြောပြ သွားခဲ့ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular