‘ တယောက်က ကိုက် ၊ တယောက်က လူချတာပေါ့ ‘ – ဆွာရက်ဇ် ကို ဟာသနှောကာ ကြိုဆိုလိုက်တဲ့

ဘာစီလိုနာ အသင်း မှာ ၆နှစ်ဝန်းကျင် ကစားခဲ့တဲ့ ဥရုဂွေး တိုက်စစ်မှူးကြီး လူးဝစ် ဆွာရက်ဇ် ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကမှ မက်ဒရစ်မြို့ခံ ထိပ်သီး ကလပ် အက်သလက်တီကို သို့ အလွတ် ပြောင်းရွှေ့ကြေး ၊ ၂နှစ် စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ် ။

အသက် ၃၃ နှစ် အရွယ် ဆွာရက်ဇ် ဟာ မက်ဒရစ် သို့ ရောက်လာတာ ဘယ်နှရက်မှ မရှိသေးပေမယ့် ၊ မနေ့ည က ကစားခဲ့တဲ့ ဂရန်နာဒါ နဲ့ ဒီရာသီ လာလီဂါ အဖွင့်ပွဲကို လူစားဝင် အနေနဲ့ စတင် ကစားခွင့် ရခဲ့ပါတယ် ။

myan789

ဒါ့အပြင် လာလီဂါ အတွေ့အကြုံ ရင့်ကျက်ပြီးသား ဖြစ်တဲ့ ဆွာရက်ဇ် ဟာ ၎င်းရဲ့ ဂိုးသွင်း မုဆိုး တဦးကဲ့သို့ စွမ်းရည် ကို မိနစ် ၂၀ ခန့် လူစားဝင်ခွင့် ရတဲ့ အခိုက်အတန့် မှာ သွင်းဂိုး ၂ဂိုး ၊ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ကာ ၊ သက်သေပြခဲ့ပါတယ် ။

ဒီပွဲစဉ်မှာ အက်သလက်တီကို အသင်း ဟာ ဂရန်နာဒါ အသင်း ကို ဝမ်ဒါမက်ထရိုပိုလီတာနို မှာ ၆ – ၁ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ၊ ဆွာရက်ဇ် လူစားမဝင်ခင် အချိန် ကတည်းက ၃ဂိုးပြတ် နဲ့ အက်သလက် တို့ ပွဲကို ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ် ။

လူစားဝင်ပြီး ၂မိနစ် အကြာမှာပဲ ဆွာရက်ဇ် ဟာ မားကို့စ် လော်ရန်တေး အတွက် သွင်းဂိုး တဂိုး စတင် ဖန်တီးပေးခဲ့သလို ၊ ပွဲပြီးခါနီး ၅မိနစ် ဝန်းကျင် အတွင်းမှာလည်း အက်သလက် အတွက် ၎င်းရဲ့ ပထမဆုံး ဂိုး၂ဂိုး စတင် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ် ။

ဒီပွဲမှာ ကိုယ်တိုင် တဂိုးလည်း သွင်းခဲ့တဲ့ အပြင် ၊ ဆွာရက်ဇ် နဲ့ လူစားလဲခဲ့တဲ့ ပွဲထွက် တိုက်စစ်မှူး ဒီယေဂို ကော်စတာ ကတော့ ၎င်းရဲ့ အသင်းဖော်သစ် ၊ ပွဲထွက်ခွင့် ပြိုင်ဖက် အသစ် ကို အခုလိုပဲ ဟာသလေး နှောကာ ကြိုဆိုခဲ့ပါတယ် ။

ပွဲပြီး အင်တာဗျူး မှာ ကော်စတာ က ” ကျွန်တော် ဟာ လူးဝစ် ဆွာရက်ဇ် ကို ကြိုက်နှစ်သက်သူပါ ။ သူ့ကို ကျွန်တော်တို့ ခေါ်လိုက်နိုင်တာ အရမ်း ကောင်းပါတယ် ။ တယောက် က ကိုက်တဲ့ အချိန်မှာ ၊ တယောက် က လူလိုက်ချလို့ရတာပေါ့ ။ ”

” ဘာကာ က သူ့ကို ဘာကြောင့် ထွက်ခွာခွင့် ပေးခဲ့လဲ ကျွန်တော်လည်း မပြောတတ်တော့ပါဘူး ။ ဒါပေမယ့် ဒါဟာ သူတို့ရဲ့ ဆုံးဖြတ်ခွင့်ပဲလေ ။ သူဟာ ချန်ပီယံ ဆုဖလားတွေ ဆွတ်ခူးပေးနိုင်တဲ့ စစ်သည် တဦးပါ ။ အက်သလက် ပရိသတ် တွေ အတွက် သူ ဒီ အောင်မြင်မှု တွေ ယူဆောင်လာပေးဖို့ မျှော်လင့်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဒီယေဂို ကော်စတာ က ” လာလီဂါ ချန်ပီယံ ဖြစ်ခဲ့တုန်းက ကျွန်တော်တို့ အက်သလက်တီကို အသင်း မှာ ဒေးဗစ် ဗီလာ ၊ ရာအူးလ် ဂါစီယာ ၊ အက်ဒရီယန် လိုပက်ဇ် တို့လို အရေးပါတဲ့ Big game player တွေ ရှိခဲ့ပါတယ် ။ ”

” သူတို့ ၃ဦးလုံး အသင်းမှာ မရှိတဲ့ အခိုက်အတန့် ၊ နောက်ထပ် ကြီးကျယ်တဲ့ ကစားသမား ၃ဦး ဝင်လာပြီး သူတို့ နေရာ အတွက်လည်း ဝင်ကစားနိုင်စွမ်း ရှိနေပါပြီ ။ ဒါဟာ မျှတမှု ရှိတဲ့ ပြိုင်ဆိုင်မှုပါ ။ ခင်ဗျား အနေနဲ့ ဒီအတွက် ပြိုင်ဆိုင်ဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

နောက်ဆုံး အနေနဲ့ ဒီယေဂို ကော်စတာ က သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ” ကျွန်တော် ဟာ ကလပ် တာဝန်ရှိသူတွေကို သေသေချာချာ ပြောပြထားပြီးသားပါ ။ သူတို့ စေလိုရာ ကို ကျွန်တော် လုပ်ဖို့ အသင့်ပါပဲ ။ သူတို့ ကျွန်တော့ ကို ရောင်းချင်ရင် ရောင်းပါ ။ သူတို့ဖက်က စာချုပ် ဖျက်သိမ်းချင် ဆိုရင်လည်း ကျွန်တော် ကျေကျေနပ်နပ်ကြီး လက်ခံသွားမှာပါ ။ ”

” သူတို့ ကျွန်တော့ ကို ဒီမှာ ဆက်နေဖို့ ပြောရင်တော့ အကောင်းဆုံးပေါ့ဗျာ ။ သူတို့ကို ကျွန်တော် ပြတ်ပြတ်သားသား ပြောပြီးသားပါ ။ ကျွန်တော် လုပ်ရမယ် ဆို ရှေ့ဆက် တိုက်ပွဲဝင်ပေးဖို့ အသင့်ပါပဲ ။ ကျွန်တော် ဟာ ဒဏ်ရာ ပြဿနာတွေနဲ့ ပတ်သက်လာရင် ကံကောင်းတဲ့သူ တယောက် ဖြစ်ပြီး ၊ ကိုယ့်ကိုယ်ကို ရှေ့ဆက် တွန်းအားပေးဦးမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular