တစ်ကျော့ စနစ်မှာလဲ တတိယ အကြိမ်မြောက် အရှက်ကွဲရပြန်ပြီ ဖြစ်တဲ့ ဘာစီ

ဘာစီလိုနာ ရဲ့ ချန်ပီယံလိဂ် အိပ်မက်ဆိုး တွေဟာ ဒီရာသီမှာလဲ ပျက်ပြယ်သွားခြင်း မရှိပဲ ၊ အဆိုးတကာ့ အဆိုးဆုံး ရလာဒ်တွေ နဲ့တောင် ကြုံတွေ့လိုက်ရပြန်ပြီ ဖြစ်ပါတယ်။

2017-18 ဘောလုံးရာသီ က ကွာတားဖိုင်နယ် အဆင့်မှာ ရိုးမား အသင်းကို ပထမ အကျော့ အိမ်ကွင်းမှာ 4-1 ရလာဒ် နဲ့ ဂိုးပြတ် အနိုင်ရရှိထားတာတောင် ၊ ဒုတိယ အကျော့ အဝေးကွင်းမှာတော့ 3-0 ရလာဒ်နဲ့ ပြန်လည် ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ နှုတ်ဆက်လိုက်ရပါတယ်။ အဲဒီ အချိန်က စလို့ ဘာစီလိုနာ ရဲ့ ချန်ပီယံလိဂ် စွမ်းဆောင်ရည်တွေ အပေါ် ပရိသတ်တွေက မေးခွန်းထုတ်လာခဲ့တာပါ။

myan789

မနှစ်က ဘောလုံးရာသီမှာ ဆိုရင်လဲ အကြိုဗိုလ်လုပွဲမှာ လီဗာပူး ကို 3-0 ရလာဒ်နဲ့ အနိုင်ယူထားသည့်တိုင်အောင် ၊ အဝေးကွင်းမှာတော့ 4-0 ရလာဒ် နဲ့ ပြန်လည် ရှုံးနိမ့်ပြီ ထွက်လိုက်ရပြန်ပါတယ်။ ဒါတောင် လီဗာပူးမှာ အဓိက ကစားသမား 3 ယောက်လောက် ပါဝင် ကစားနိုင်ခြင်း မရှိပဲ နဲ့ အရှုံးပေးလိုက်ရတာပါ။

ရလာဒ် အနေနဲ့တော့ အဲဒီနောက်မှာ ဆက်ပြီး ကစားခဲ့တဲ့ ကိုပါဒယ်ရေး ဗိုလ်လုပွဲမှာ ဆက်ရှုံးခဲ့ပြီး ၊ နည်းပြ ဗယ်ဗာဒီ ကို ရာထူးကနေ ထုတ်ပယ်ဖို့ တားဆီးခဲ့သည့်တိုင်အောင် ၊ ဥက္ကဌ ဘာတိုမြူ က ခေါင်းမာမာ နဲ့ ဆက်လက် ထောက်ခံခဲ့ပါတယ်။

သို့သော် စပိန် စူပါဖလား အကြိုဗိုလ်လုပွဲမှာတော့ အေတီကို အသင်းကို ထပ်ပြီး ရှုံးနိမ့် ပြန်တာကြောင့် ၊ ဗယ်ဗာဒီ ကို ထုတ်ကာ ၊ ဆက်တီယန် ကို ခန့်အပ်ခဲ့ပြန်ပါတယ်။ အဲဒီ အချိန်က ဆက်တီယန် ဟာ ဘယ်သူ ဘယ်ဝါမှန်းတောင် မသိခဲ့ကြပေမယ့် ၊ တစ်ချို့သော မီဒီယာတွေ မှာတော့ သူ့ရဲ့ အရည်အသွေးတွေကို ချီးကျူးခန်းတွေ တစ်ခမ်းတနား ဖွင့်နေကြပါတယ်။

တကယ့် လက်တွေ့အမှန်တရားက ဆက်တီယန် ဟာ ဘာအောင်မြင်မှုမှ ရယူပေးထားနိုင်ခြင်း မရှိသေးတဲ့ သူပါ။ ဒါတောင် ဘာစီလိုနာ က သူ့ကို ယုံယုံကြည်ကြည် နဲ့ ခန့်အပ်ခဲ့တာတော့ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။

အထူးသဖြင့် နည်းပြ ခန့်အပ်တဲ့ အပိုင်းမှာ အဓိက တာဝန်ရှိသူတွေ ဖြစ်တဲ့ အဘီဒယ် ၊ ဘာတိုမြူ တို့ဟာ ဒီလုပ်ရပ်အတွက် တာဝန်အရှိဆုံး သူတွေ ဖြစ်ပါတယ်။

အစောပိုင်းမှာ ဆက်တီယန် ဟာ လာလီဂါ အမှတ်ပေးဇယား ကို ဦးဆောင်တဲ့ အထိ စွမ်းဆောင်ရည် တည်ငြိမ်ခဲ့ပေမယ့် ၊ ဗိုင်းရပ် ကိစ္စပေါ်ပေါက်လာပြီးနောက်ပိုင်း ပွဲစဉ်တွေမှာတော့ ပွဲပန်းတဲ့ ဒဏ်ကို စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်း မရှိပဲ ခြေချော်ကာ ၊ ရီးရဲ မက်ဒရစ် ကို နေရာ ဖယ်ပေးလိုက်ရပါတယ်။

မနေ့ည ကတော့ ဆက်တီယန် ရဲ့ သရုပ်မှန်ဟာ အထင်းသားကြီး ပေါ်လွှင်သွားခဲ့ပါပြီ။

အထူးသဖြင့် ဘိုင်ယန် နည်းပြ ဟန်ဆီ ဖလစ် ဟာလဲ သူ့လိုပဲ ကြားကာလမျိုးမှာပဲ နည်းပြ ဖြစ်လာပေမယ့် အသင်းကို အကောင်းဆုံး တည်ဆောက်ပြထားသလို ၊ ချန်ပီယံလိဂ် အတွေ့အကြုံလဲ ရှိတဲ့သူ မဟုတ်ပါဘူး။

သို့သော် ကွင်းထဲမှာ ယှဉ်ပြိုင် ကစားသွားတဲ့ အနေအထားတွေမှာတော့ ဘယ်သူက ပိုပြီး အတွေးအခေါ်ကောင်းလွန်းတယ် ၊ ချဉ်းကပ်ပုံ ကောင်းပြီး အလုပ်ကို ပီပီပြင်ပြင် လုပ်ထားတယ် ဆိုတာ ပွဲပြီး ရလာဒ်က ချပြသွားခဲ့ပါတယ်။

ဘိုင်ယန်ဟာ ဘာစီလိုနာ ရဲ့ နောက်တန်း အားနည်းတဲ့ အချက်ကို ဖိအားပေးနိုင်ဖို့ အတွက် တစ်သင်းလုံး နီးပါး တိုက်စစ်ကို လိုက်ပါ ကစားကာ ၊ နောက်တန်း ခံစစ်အတွက်တောင် သိပ်ပြီး အားပြုခြင်း မရှိခဲ့ပါဘူး။ ဒါ့ကြောင့် အဖွင့်ဂိုးကို စောစောစီးစီး ပေးလိုက်ရတဲ့ အပြင် ၊ OG လဲ ဆက်တိုက် ဖြစ်သွားခဲ့တာပါ။ သို့သော် နောက်ပိုင်းမှာတော့ ဘိုင်ယန် ရဲ့ ကစားပုံက ဘာစီလိုနာ ရဲ့ နောက်တန်းက ယိုပေါက်တွေကို တစ်ခုချင်း အခွင့်အရေးယူသွားခဲ့တာမို့ သွင်းဂိုးတွေလဲ တစ်ပွဲလုံး နီးပါး ဆက်တိုက်သွင်းယူနေခဲ့ပါတယ်။

ဘာစီလိုနာ အတွက်တော့ တစ်ကျော့ စနစ် နဲ့ ယှဉ်ပြိုင်ကစားတဲ့ အချိန်မှာလဲ ချန်ပီယံလိဂ် အိပ်မက်ဆိုးတွေက ပျောက်ကွယ်သွားခြင်း မရှိသေးပါဘူး။

ဘိုင်ယန် တိုက်စစ်မှုး လီဝန်ဒေါ့စကီး ဟာ ဒီနှစ် ချန်ပီယံလိဂ် ရာသီ အတွင်း ပါဝင် ကစားခဲ့တဲ့ 8 ပွဲစလုံး မှာ သွင်းဂိုးတွေ ရယူနိုင်ခဲ့ပြီး ၊ စုစုပေါင်း အရေအတွက် က 14 ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ ရိုနာဒို ရဲ့ တစ်ရာသီ စံချိန်တင် သွင်းဂိုးကို အမှီလိုက်ဖို့ အတွက် 3 ဂိုးသာ လိုတော့သာ ဖြစ်ပါတယ်။

မက်ဆီ အတွက်တော့ ကစားသမားဘ၀ အဆိုးဝါးဆုံး အရှုံးရလာဒ် နဲ့ ရင်ဆိုင်လိုက်ရတာ ဖြစ်တဲ့ အပြင် ၊ နောက်ဆုံးကစားခဲ့တဲ့ ကွာတားဖိုင်နယ် 14 ပွဲမှာ သွင်းဂိုး 2 ဂိုးပဲ ရယူနိုင်သေးတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

အဲဒီ 2 ဂိုးကို မနှစ်က ယူနိုက်တက် နဲ့ ပွဲမှာ သွင်းယူခဲ့တာပါ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular