ဇလာတန်ဟာ သူ့ကို သတ်တော့မယ် ပုံစံမျိုး ဖြစ်ခဲ့ရတဲ့ ရက်စွဲအကြောင်း ပြောကြားလိုက်တဲ့ ရိုဟို

လက်ရှိ အငှား ထွက်ခွာ ကစား နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဗဟို ခံစစ် ကစားသမား ဖြစ်သူ မားကို့စ် ရိုဟို က အသင်းဖော်ဟောင်း ဖြစ်သူ ဇလာတန် အီဗရာဟီမိုဗစ် ကို ‘ နှာခေါင်းကြီး ‘ လို့ ခေါ်ဆို ခဲ့တဲ့နောက် ဆွီဒင် လက်ရွေးစင် ဟောင်းဟာ သူ့ကို သတ်တော့မယ့် ပုံစံမျိုးတောင် ဖြစ်ခဲ့တယ်လို့ ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

အဆိုပါ အချိန် တုန်းက ကွင်းထဲ ရိုဟိုဟာ ဇလာတန်ကို လူပေး ကစားခြင်း မရှိခဲ့ပဲ ပေါ့ဂ်ဘာကို ဘောလုံး ပေးခဲ့တဲ့ အတွက် ဇလာတန်ဟာ စိတ်ဆိုး ခဲ့ပြီး ပထမပိုင်း အပြီး အသင်း ရဲ့ အဝတ်လဲခန်း ထဲမှာ ရိုဟို နဲ့ အချင်းများ မလို့ ဖြစ်ခဲ့စဉ် တုန်းက နည်းပြ ဟိုဆေး မော်ရင်ဟို က သူတို့ နှစ်ဦးကို လူခွဲ ခဲ့တာပဲ ဖြစ်ပါတယ် ။

myan789

အဆိုပါ အချိန်ုတုန်းက သူတို့ နှစ်ဦး အကြား ရန်ဖြစ်ဖို့ အထိတောင် တာစူတဲ့ အနေအထား ဖြစ်ပွားခဲ့ ပါတယ် ။ အခုတော့ ရိုဟို က အဆိုပါ ရက်စွဲ တုန်းက ဇလာတန် ဟာ သူ့ အပေါ် အတော်လေး ဒေါသထွက် ခဲ့တဲ့ အကြောင်းကို ပြန်ပြောင်း ပြောပြ သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်ဟာ ဇလာတန် ဆီကို ဘောလုံး ပေးပို့လို့ ရနိုင်တဲ့ အနေအထား တစ်ရပ် ပိုင်ဆိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ဘယ်ဖက် အခြမ်းမှာ ပေါ့ဂ်ဘာ က တစ်ယောက်တည်း လွတ်လွတ်ကျွတ်ကျွတ် မတ်တပ်ရပ်ပြီး ဘောလုံး စောင့်ဆိုင်း နေခဲ့တယ် လေ ။ အဲ့တာနဲ့ ကျွန်တော်လည်း ဘောလုံး ကို သူ့ဆီ ပို့ပေး ခဲ့လိုက် ပါတယ် ”

” အဲ့ဒီ အချိန် မှာပဲ ဇလာတန် က ကျွန်တော့် အပေါ် ပေါက်ကွဲ တော့တာ ပါပဲ ။ ကျွန်တော်လည်း သူ့ အနောက် လိုက်ပြီး ‘ မင်း ပါးစပ် ကို ပိတ်လိုက် စမ်းပါ နှာခေါင်းကြီး ရေ ၊ မင်းဟာ အမြဲတမ်း ဘောလုံး လိုချင် နေတာ ချည်းပဲ ‘ လို့ ပြန်ပြော ခဲ့လိုက် ပါတယ် ။ ကျွန်တော် အသံလည်း ကျယ်ခဲ့တာ ပေါ့ဗျာ ”

” အဲ့တာ နဲ့ ပထမပိုင်း ပြီးဆုံး သွားတဲ့ အခါ ကျွန်တော် တို့ တွေဟာ အဝတ်လဲခန်း ထဲကို ရောက်ရှိ ခဲ့ကြ ပါတယ် ။ ကျွန်တော် ကတော့ ကိုယ့် နေရာ ကိုယ်ထိုင် နေပြီး ဖိနပ်ချွတ် နေခဲ့တာ ပေါ့ဗျာ ။ သူဟာ အဝတ်လဲခန်း ထဲကို ဒေါသတကြီး ဝင်ရောက် လာပြီး တစ်စုံတခုကို ကန်ကျောက် ပစ်ခဲ့ ပါတယ် ”

” အဲ့တာနဲ့ ကျွန်တော်လည်း လုပ်လက်စ အလုပ်ကို ခန ရပ်လိုက်တာ ပေါ့ဗျာ ။ သူက ကျွန်တော့်ကို ကြည့်ပြီး ‘ မင်း ငါ့ကို ဘာ စကား ပြောခဲ့တာလဲ ? ‘ ဆိုပြီး မေးခွန်း ထုတ်ခဲ့ ပါတယ် ။ အဲ့ဒီ အချိန် ကျွန်တော် တို့ကို တစ်စုံတယောက် လာပြီး လူခွဲ ပေးဖို့ ကျွန်တော် တကယ်ပဲ မျှော်လင့် နေခဲ့ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ကျွန်တော့် ကို သတ်တော့မယ့် ပုံစံမျိုးတောင် ဖြစ်နေ ခဲ့တယ် လေ ” လို့ ရိုဟို က ဖွင့် ပြောကြား သွားခဲ့လိုက် ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် တို့ဟာ 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိ နေခဲ့ ကြတာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် ဇလာတန် ကတော့ မပျော်မရွှင် ဖြစ်နေ ခဲ့ပြီး ဒေါသထွက် နေခဲ့တဲ့ အချိန်မှာ နည်းပြ ဟိုဆေး မော်ရင်ဟို က အဝတ်လဲခန်းထဲ ရောက်လာ ခဲ့ပြီး သူတို့ တွေကို ကိုယ့် နေရာ ကိုယ် နေကြဖို့ ပြောဆို သွားခဲ့ ပါတယ် ။

” ဇလာတန်လို ကစားသမားမျိုးမှာ ကြောက်မက်ဖွယ် ကောင်းတဲ့ စိတ်ဓါတ် ခံယူချက်တွေ ရှိပါတယ် ။ သူဟာ အနိုင်ယူ လိုသူ တစ်ဦးပါ ။ သူဟာ ခင်ဗျားအပေါ် ပေါက်ကွဲဖို့ ကိုလည်း ဝန်လေး နေတတ်သူ မဟုတ် ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ အနိုင် ရလဒ် ကိုပဲ ရချင် နေလို့ ပါပဲ ”

” ကျွန်တော် သူ့ဆီက လေ့လာ သင်ယူမှု အများကြီး လုပ်ဆောင် နိုင်ခဲ့ ပါတယ် ။ ကျွန်တော် မြင်ဖူး သမျှထဲ သူဟာ အနိုင် ရယူလိုစိတ် အပြင်းထန်ဆုံး ပါပဲ ” လို့ ပြောရင်း နောက် တစ်နေ့ မနက်စာ စားဖို့ သူတို့ တွေ့ဆုံ ခဲ့တဲ့ အချိန်မှာ ဇလာတန် က သူ့ကို နောက်ပြောင်ခဲ့ကြောင်း ရိုဟို က ဆက်လက် ပြောပြ သွားခဲ့လိုက် ပါတယ် ။

” နောက် တစ်နေ့ မနက်စာ စားခဲ့တဲ့ အချိန် တစ်စုံတယောက် က ကျွန်တော့် လည်ကုပ်ကို ချုပ်ကိုင် ခဲ့တယ်လို့ ခံစား ခဲ့ရ ပါတယ် ။ ကျွန်တော် အနောက် လှည့်ကြည့်လို့ မရခဲ့ ပါဘူး ။ အဲ့တာ နဲ့ သူ ( ဇလာတန် ) က ‘ မင်း ငါ့ကို ဘာ စကား ပြောခဲ့ တာတုန်း ? ‘ ဆိုပြီး မေးရင်း ဆက်တိုက် ရယ်မော တော့တာ ပါပဲ ” လို့ ရိုဟို က နောက် တစ်နေ့မှာ သူတို့ သင့်မြတ် ခဲ့ကြောင်း ပြောပြ သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular