ဇန်နဝါရီမှာ ယူနိုက်တက်တို့ ရောင်းထုတ် (အငှားချ) သွားဖို့ ရှိနေတဲ့ ကစားသမား 4 ဦး

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2020 – 21 ဘောလုံး ရာသီ စတင်ပုံ အားရစရာ မကောင်းမွန် ခဲ့တဲ့နောက် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမား အချို့ကို ခေါ်ယူသွားဖို့ ရှိနေ ပါတယ် ။ ဒီအတွက် အရင်ဆုံး လုပ်ဆောင် ရမှာက အသင်းမှာ အဆင်မပြေ ဖြစ်နေ ကြတဲ့ ကစားသမား တွေကို ရောင်းထုတ်ရေး ပါပဲ ။

ဒါ့ကြောင့် လာမယ့် ဇန်နဝါရီ ဈေးကွက်ထဲမှာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား အသင်းမှ ရောင်းထုတ် ( အငှားချ ) သွားနိုင်ဖွယ် ရှိနေတဲ့ ကစားသမား လေးဦးကို ဖော်ပြ ပေးလိုက် ပါတယ် ။

myan789

(1) ဒင်းန် ဟန်ဒါဆန်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အကယ်ဒမီထွက် ဂိုးသမားလေး ဒင်းမ် ဟန်ဒါဆန်ကို ရှက်ဖီး ယူနိုက်တက်မှ ပြန်လည် ခေါ်ယူပြီး စာချုပ် သက်တမ်း တိုးခဲ့ပေမယ့် လုံလောက်တဲ့ ပွဲကစားချိန် မိနစ်တွေ ကိုတော့ ပေးဆောင် နိုင်ခြင်း မရှိပဲ ဒေးဗစ် ဒီဂီယာ နဲ့သာ ရှေ့ဆက် နေခဲ့ကြ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ဆာဂျီယို ရိုမဲရိုး ဟာလည်း အသင်း ပြောင်းရွှေ့ခွင့် မရရှိခဲ့တဲ့ အတွက် စိတ်ပျက် နေခဲ့ပါတယ် ။ ဒီလို အနေအထားမျိုးမှာ ယူနိုက်တက် တို့ဟာ ရိုမဲရိုးကို အသင်းမှာ ဆက်ထားပြီး ဟန်ဒါဆန်ကို အတွေ့အကြုံတွေ ရရှိ စေဖို့ အတွက် ရာသီကုန် အထိ အငှားချ သွားဖွယ် ရှိနေကြ ပါတယ် ။

အကယ်လို့ သူသာ အငှား ကစားမယ် ဆိုရင် ခေါ်ယူလိုတဲ့ အသင်းတွေ များစွာ ရှိနေမှာ ဖြစ်ပြီး အမှတ်ပေး ဇယားရဲ့ တန်းဆင်းဇုန် နေရာမှာ ရုန်းကန် နေခဲ့ ရတဲ့ အသင်းဟောင်း ရှက်ဖီး ယူနိုက်တက် အသင်း ကလည်း သူ့ကို ခေါ်ယူချင် နေမှာ သေချာသလောက် ရှိနေ ပါတယ် ။

(2) ဂျက်စီ လင်ဂတ်

ဂျက်စီ လင်ဂတ် ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ဘရူနို ဖာနန်ဒက်စ် ရောက်လာ ကတည်းက ပုံမှန် ပွဲထွက် ကစားခွင့် ပျောက်ဆုံး နေခဲ့သူပဲ ဖြစ်ပါတယ် ။ အခုတော့ ဒွန်နီ ဗန်ဒီ ဘိခ်ပါ ရောက်ရှိ လာခဲ့တဲ့နောက် သူဟာ အရံခုံ ပေါ်မှာတောင် ပုံမှန် ရှိခွင့် မပိုင်ဆိုင် နိုင်တော့ ပါဘူး ။

အခြား တစ်ဖက် မှာတော့ သူကိုယ်တိုင်လည်း ဒဏ်ရာ ပြသနာတွေ အကြား ရုန်းကန် နေခဲ့ရ သလို ဒီ ရာသီ အတွင်း မှာလည်း ကာရာဘောင် ဖလား ပြိုင်ပွဲ မှာသာ တစ်ပွဲ ကစားခွင့် ရရှိ ထားခဲ့ ပါတယ် ။ အခြား တစ်ဖက် မှာတော့ သူဟာ နွေ တုန်းက နာမည်ကြီး အေးဂျင့် မီနို ရိုင်အိုလာ နဲ့ ချိတ်ဆက် ခဲ့ပါ သေးတယ် ။

ဒါပေမယ့် နွေ အတွင်း သူ့ရဲ့ အပြောင်းအရွှေ့ ကိစ္စဟာ အဆင်မပြေ ဖြစ်ခဲ့တဲ့နောက် အခုတော့ သူဟာ ရွိုင်အိုလာ နဲ့ လမ်းခွဲခဲ့ပြီလို့ သိရှိရ ပါတယ် ။ ဘယ်လိုပဲ ဖြစ်နေပါစေ ၊ လက်တလော ယူနိုက်တက် အသင်းမှာ အနာဂတ်ကောင်း ပိုင်ဆိုင် နိုင်ခြေ မရှိတော့တဲ့ သူ့ကို ယူနိုက်တက်တို့ ရောင်းချ သွားဖွယ် ရှိနေ ပါတယ် ။

(3) ဒန်နီယယ် ဂျိမ်းစ်

ယူနိုက်တက် ကနေ ထွက်ခွာဖို့ သတင်းထွက် နေခဲ့တဲ့ နောက်ထပ် ကစားသမား တစ်ဦးကတော့ ဒန်နီယယ် ဂျိမ်းစ်ပဲ ဖြစ်ပါတယ် ။ သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပေါင် 18 သန်း နဲ့ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့သူပဲ ဖြစ်ပါတယ် ။

သူဟာ စတင် ရောက်ခဲ့စဉ် တုန်းက ပုံစံကောင်း တွေကို ပြသ နိုင်ခဲ့တဲ့ အတွက် ပြောင်းရွှေ့ကြေး နဲ့ ထိုက်တန်လွန်းတဲ့ ကစား သမား တစ်ဦး ဖြစ်ကြောင်း ချီးကျူး ခံခဲ့ ရပါ သေးတယ် ။ ဒါပေမယ့် ရာသီဝက် ကစားပြီး နောက်ပိုင်း မှာတော့ ပုံစံကောင်း တွေကို ပြသ နိုင်ဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းရဲ့ ညာတောင်ပံ တိုက်စစ် နေရာမှာ ဟွမ် မာတာ နဲ့ မေဆွန် ဂရင်းဝုဒ် တို့က ဦးစားပေး အဖြစ် ကစားခွင့် ပိုင်ဆိုင် နေခဲ့ ကြပြီး ဂျိမ်းစ် ကတော့ ပွဲ ကစားချိန် မိနစ် တွေကို ပိုင်ဆိုင် နိုင်ခွင့် ပျောက်ဆုံး နေခဲ့ ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက် တို့ဟာ သူ့ကို အငှားချ သွားနိုင်ဖွယ် ရှိနေ ပါတယ် ။

(4) ပေါလ် ပေါ့ဂ်ဘာ

ပေါ့ဂ်ဘာ ကတော့ ယူနိုက်တက် အသင်းဆီကို ပြန်လာခဲ့တဲ့နောက် ဒီနှစ် မှာတော့ အဆိုးရွားဆုံး ရက်စွဲ တွေကို ပိုင်ဆိုင် နေခဲ့ ရတယ်လို့ ဆိုရ ပါ့မယ် ။ သူဟာ ရာသီ အစ တုန်းက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံခဲ့ ရတဲ့ အတွက် ပုံစံကောင်း ပြသဖို့ ရုန်းကန် နေခဲ့ရ ပါတယ် ။

ဒါ့ကြောင့် နောက်ပိုင်း ပွဲစဉ် တွေမှာ သူဟာ ပွဲထွက် ကစားခွင့်ပါ ပျောက်ဆုံး သွားခဲ့ရ ပါတယ် ။ အခြား တစ်ဖက် မှာတော့ သူဟာ ပွဲကစားခွင့် ပြန်လည် ရရှိ ခဲ့တဲ့ ပွဲစဉ်တွေ မှာလည်း ပုံစံကောင်း ပြသ နိုင်ဖို့ ရုန်းကန် ခဲ့ရပြန် ပါတယ် ။ ဒါ့ကြောင့် သူဟာ ဝေဖန်မှုတွေ များစွာ ခံနေခဲ့ရ ပါတယ် ။

ဒါ့အပြင် သူဟာ ဆိုးလ်ရှား အတွက် အရေးကြီး ပွဲစဉ် ဖြစ်ခဲ့တဲ့ အဲဗာတန် နဲ့ ပွဲစဉ် မှာလည်း လူစားဝင် ကစားခွင့်သာ ပိုင်ဆိုင် နိုင်ခဲ့တဲ့ အတွက် ဝေဖန်သံတွေ ပိုမို ကျယ်လောင် လာခဲ့ရ ပါတယ် ။ အခုတော့ သူ့ကို ရောင်းထုတ်ဖို့ ဆိုးလ်ရှားကို တိုက်တွန်း နေသူ တွေတောင် ရှိလာ ခဲ့ကြ ပါပြီ ။

သူကိုယ်တိုင် ကလည်း ဇီဒန်း ဦးဆောင်တဲ့ ရီးယဲ မက်ဒရစ် အသင်းမှာ ကစားရေး ဆိုတာ အိပ်မက် ဖြစ်ကြောင်း နှစ်ကြိမ်တိုင်တိုင် ပြောကြား ထားခဲ့တဲ့ အတွက် သူဟာ ဇန်နဝါရီ မှာ ယခင် ကထက် နည်းပါးတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ် နဲ့ ဘာနေဗျူး ဆီကို ရောက်ရှိ သွားနိုင်ဖွယ် ရှိနေ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular