ဆီမီးကနေ ထပ်လှည့်ပြန်ရတဲ့ ယူနိုက်တက် ၊ အသင်းပြောင်းမယ် အသံထွက်လာတဲ့ မက်ဆီ တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစားသွား ခဲ့တဲ့ ယူရိုပါ လိဂ် ဆီမီး ဖိုင်နယ် ပွဲစဉ် အပြီး မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ စပိန် လာလီဂါ ကလပ် ဆီဗီးလား ကို ၂ – ၁ နဲ့ ရှုံးနိမ့် ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရ ပါတယ် ။ ဒါဟာ ဒီရာသီ မှာ ယူနိုက်တက် တို့ တတိယ အကြိမ်မြောက် ဆီမီး ဖိုင်နယ် အဆင့် ကနေ လှည့်ပြန် ခဲ့ရတာ လည်း ဖြစ်ခဲ့ ပါတယ် ။ ဆီဗီလား ကတော့ ဖိုင်နယ် မှာ အင်တာမီလန် – ရှက်တာ ဒိုးနက် ပွဲက အနိုင် ရလာမယ့် အသင်းနဲ့ ရင်ဆိုင် ရမှာ ဖြစ်ပါတယ် ။

ချဲလ်ဆီး အသင်းဟာ ဘရိုက်တန် နောက်ခံလူ လူးဝစ် ဒန့် ကို ခေါ်ယူ နိုင်ဖို့ လန်ဒန် မြို့ခံ ပြိုင်ဘက် စပါး အသင်းနဲ့ အပြိုင် ကြိုးစား နေတယ်လို့ ကြားသိရ ပါတယ် ။ ချဲလ်ဆီး နဲ့ အဲဗာတန် ၂ သင်း စလုံး ဟာ ဝက်ဖိုဒ့် ဂိုးသမား ဘန်ဖော်စတာ ကို အပြိုင် စောင့်ကြည့် နေကြတယ်လို့ လည်း သိရ ပါတယ် ။

myan789

လက်စတာ စီးတီး အသင်းဟာ ဆီဗီးလား ဂိုးသမား ဆာဂျီယို ရီကို ကို ခေါ်ယူဖို့ အတွက် စုံစမ်းမှု ပြုလုပ် နေပြီး အသင်းရဲ့ နံပါတ် ၁ ဂိုးသမားကြီး ရှမိုက်ကယ် ကို ရောင်းထုတ် သွားဖို့ စဉ်းစား နေတယ်လို့ သတင်း ပေါ်ထွက် လာခဲ့ ပါတယ် ။

ဘိုင်ယန် ကွင်းလယ်လူ သီယာဂို အယ်ကန်ထရာ ဟာ လီဗာပူး ကို ၄ နှစ် စာချုပ် နဲ့ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီ ထားခဲ့ပြီး ဖြစ်ကာ လီဗာပူးမြို့မှာ နေအိမ် ပင် ရှာဖွေ ထားပြီး ဖြစ်တယ်လို့ ကြားသိရ ပါတယ် ။ ဒါပေမယ့် ကလပ် အသင်း ၂ သင်း အကြားမှာ ပြောင်းရွှေ့ ကြေး ညှိနှိုင်း နေဆဲ ဖြစ်တယ်လို့ သိရ ပါတယ် ။

လာဇီယို အသင်း ကတော့ သူတို့ ရဲ့ ကမ်းလှမ်းချက် ကို စဉ်းစားဖို့ မန်စီးတီး ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗား ကို ၂၄ နာရီ အချိန်ပေး လိုက်တယ်လို့ သိရ ပါတယ် ။ လာဇီယို ဟာ ဆေးလ်ဗား ကို တစ်နှစ် လုပ်ခ ပေါင် ၃.၆ သန်း ပေးချေမှာ ဖြစ်သလို အသင်းပိုင် ဂျက်လေယာဉ် နဲ့ နေအိမ် တို့ကိုလည်း အသုံးပြုခွင့် ပေးမှာ ဖြစ်တယ်လို့ သိရ ပါတယ် ။

ဒေါ့မွန် အသင်း ဟာ ယမန်နေ့ က သြစတြီးယားဝိုင် အသင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့ပြီး ၁၁ – ၂ ရလဒ် နဲ့ အနိုင် ရခဲ့ ပါတယ် ။ အဆိုပါ ပွဲမှာ ယူနိုက်တက် ပစ်မှတ် ဂျေဒန်ဆန်ချို လူစားဝင် ကစားပြီး ဂိုးသွင်းယူ ခဲ့ ပါတယ် ။

ဘာစီလိုနာ တိုက်စစ်မှုး လီယွန်နယ် မက်ဆီ ဟာ အသင်း ကနေ ထွက်ခွာ ဖို့ ဆန္ဒ ရှိလာပြီ လို့ တာဝန် ရှိသူတွေ ကို ဖွင့်ဟ ပြောဆို ခဲ့ကြောင်း ယမန်နေ့ ညနေပိုင်းက သတင်း ပေါ်ထွက် လာခဲ့ ပါတယ် ။ ဘာစီလိုနာ အသင်း ဟာ တနင်္လာနေ့ မှာ ဘုတ်အဖွဲ့ အစည်းအဝေး ပြုလုပ်မယ့် အကြောင်း အတည်ပြု ခဲ့ပြီး စပိန် စံတော်ချိန် နေ့လည် ၁ နာရီ ခန့်မှာ ထုတ်ပြန်ကြေညာချက် ပြုလုပ် ဖို့ ရှိတယ်လို့ လည်း သတင်း ရရှိ ပါတယ် ။

ဘာကာ နည်းပြ ကီကေး ဆတ်တီယန် ကိုတော့ ထုတ်ပယ် လိုက်ပြီ ဖြစ်ကြောင်း အသင်း ဥက္ကဌ ဘာတိုမြူ က ယမန်နေ့ ညပိုင်း ကတည်းက ကြေညာ ထားခဲ့ပြီး ဖြစ်ပါတယ် ။

အင်တာ မီလန် အသင်း ဒါရိုက်တာ ဟောင်း ကတော့ မက်ဆီ ကို ခေါ်ယူဖို့ ဟာ အင်တာ အတွက် အိပ်မက် တစ်ခုထက် ပိုတဲ့ အရာ ဖြစ်တယ်လို့ ပြောဆိုရင်း ဘာစီလိုနာ ကနေ ထွက်ခွာဖို့ ရှိနေတဲ့ မက်ဆီ ကို ကမ်းလှမ်း စကား ပြောဆို သွားခဲ့ ပါတယ် ။

လာမယ့် ၂၀၂၀ – ၂၁ ဘောလုံး ရာသီ ပရီးမီးယားလိဂ် ရဲ့ အဖွင့် ပွဲစဉ် အချို့ ဟာ အွန်လိုင်း မှာ ပေါက်ကြားခဲ့ ပြီး မန်ချက်စတာ ယူနိုက်တက် ဟာ ပွဲစဉ် ၁ မှာ အာဆင်နယ် နဲ့ ဆုံတွေ့ မယ်လို့ သတင်းပျံ့နှံ့ ခဲ့ ပါတယ် ။

အာဆင်နယ် တိုက်စစ်မှုးဟောင်း လူးကပ် ပိုဒေါ့စကီး ကတော့ လေဗာကူဆင် ကြယ်ပွင့်လေး ကိုင် ဟာဗက် ဟာ ပြေးနှုန်း နဲ့ ကစားအားတို့ မှာ လိုအပ်ချက် ရှိနေသေးတယ် လို့ ဆိုခဲ့ပြီး ပရီးမီးယားလိဂ် ကို ပြောင်းလာပါက အသားကျဖို့ အချိန်ယူ ရနိုင်တယ် လို့ သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူ သောမတ်စ် ပါတေး ဟာ ချန်ပီယံလိဂ် ကို နှစ်တိုင်း ကစားလိုတာ ကြောင့် ဒီပြိုင်ပွဲ အတွက် အာမခံချက် ရှိတဲ့ နေရာမှာသာ ကစားလိမ့်မယ် လို့ ဂါနာ လက်ရွေးစင် နည်းပြ အကွန်နော် က ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

ယူဗင်တပ် တိုက်စစ်မှုး ရိုနယ်ဒို ဟာ ပရီးမီးယားလိဂ် ကလပ် ဝုဗ် အသင်းမှာ ကစား နေတဲ့ မက္ကဆီကို တိုက်စစ်မှုး ရာအူး ဂျီမီနက် ကို ခေါ်ယူ ပေးဖို့ အသင်းကို တောင်းဆို ခဲ့တယ် လို့ သတင်း ပေါ်ထွက် လာခဲ့ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular