ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ပြောစကား တစ်ခွန်းကို အခြေခံပြီး ပေါ့ဂ်ဘာကို ဝေဖန်လိုက်တဲ့ ယူနိုက်တက် နည်းပြဟောင်း မြူလန်စတင်း

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္ဓဝင် ကစားသမားဟောင်း ဖြစ်သူ ရွိုင်ကိန်းဟာ ယူနိုက်တက်တို့ အာဆင်နယ် အသင်းကို အိုလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ 0 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ခဲ့တဲ့နောက် ပေါ့ဂ်ဘာကို ပွဲထွက် ကစားခွင့် မပေးသင့်ကြောင်း ဝေဖန် စကား ပြောကြား ခဲ့ပါ သေးတယ် ။

အဆိုပါ ပွဲစဉ်မှာ ယူနိုက်တက် ရဲ့ စိန်ပွင့် ကွင်းလယ် ကစားဟန်ထဲ ပွဲထွက်ခွင့် ရရှိခဲ့တဲ့ ပေါ့ဂ်ဘာရဲ့ ကစားပုံက အတော်လေး စိတ်ပျက်စရာ ကောင်းခဲ့တဲ့ အပြင် သူဟာ ဂိုးဧရိယာ ထဲမှာ ဘယ်လာရင်ကို အပြစ်ဒဏ် ကျူးလွန်ခဲ့ပြီး အာဆင်နယ် အသင်းကို ပင်နယ်တီ ရရှိစေခဲ့ ပါတယ် ။

myan789

ဒါ့အပြင် သူဟာ စိန်ပွင့် ကွင်းလယ် ကစားကွက် ရဲ့ ဘယ်ဖက် အခြမ်းမှာ နေရာယူ ကစားခဲ့ပြီး အသင်းဖော် ဘယ်နောက်ခံလူ လုခ်ရှော နဲ့ အချိန်အဆက် မိအောင် ကစားပေး နိုင်စွမ်းလည်း မရှိခဲ့ သလို တိုက်စစ် ကစားဟန် ကိုလည်း ကူညီ ပံ့ပိုး ပေးနိုင်စွမ်း ပျောက်ဆုံး နေခဲ့ရတဲ့အတွက် ပွဲထွက်ခွင့် မပေးသင့်ကြောင်း ရွိုင်ကိန်း က ဝေဖန် ခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ ဆာ အဲလက်စ် ဖာဂူဆန်ရဲ့ လက်ထောက် နည်းပြဟောင်း တစ်ဦး ဖြစ်ခဲ့တဲ့ ရီနီ မြူလန်စတင်း က ရွိုင်ကိန်းဟာ ဘာလို့ အခုလို ပြောခဲ့သလဲ ဆိုတာ နားလည်ကြောင်း ၊ ဆာ အဲလက်စ် ကိုယ်တိုင်က ပါရမီ ကောင်းတဲ့ ကစားသမား တွေကို ပိုင်ဆိုင်ဖို့ လွယ်ကူပေမယ့် အလုပ် ကြိုးစားဖို့ လိုအပ်တယ်လို့ ပြောခဲ့ ဖူးကြောင်း ပြောကြား ခဲ့လိုက် ပါတယ် ။

” ဆာ အဲလက်စ် ဖာဂူဆန် ရဲ့ လက်အောက် မှာ နှစ်ပေါင်း များစွာ အလုပ် လုပ်ခဲ့ဖူးတဲ့ ရွိုင်ကိန်းက ဘာကြောင့် အခုလို စကားမျိုး ပြောတာလဲ ဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ် ။ ကျွန်တော်လည်း ဆာ အဲလက်စ် နဲ့ အတူ အလုပ် လုပ်ခဲ့ဖူး ပါတယ် ။ သူက ‘ ခင်ဗျားဟာ ကမ္ဘာ့ ပါရမီ အကောင်းဆုံး ကစားသမားတွေကို ပိုင်ဆိုင် နိုင်ပါတယ် ၊ ဒါပေမယ့် အလုပ်တွေ အရမ်း ကြိုးစားမှ ကွင်းထဲ အစွမ်း ပြနိုင်လိမ့်မယ် ‘ ဆိုတဲ့ စကား ပြောလေ့ ရှိခဲ့ဖူး ပါတယ် ”

” အလုပ် ကြိုးစားခြင်း ဆိုတာက အရည်အသွေး မြှင့်တင်ခြင်း ပါပဲ ။ ကျွန်တော့် အတွက်တော့ ပေါ့ဂ်ဘာက အလုပ် မကြိုးစားခဲ့ဘူး လို့ပဲ ပြောပါရစေ ။ သူ့ရဲ့ ရွေ့လျားပုံ အရမ်း နှေးကွေးခဲ့ ပါတယ် ။ သူ့ဆီမှာ အရေးပေါ် လှုပ်ရှားမှု ပုံစံမျိုး ပျောက်ဆုံး နေခဲ့ရ ပါတယ် ။ ဒီလိုသာ ဆိုရင် ပြိုင်ဖက် အသင်းက အခွင့်အရေး တွေကို အရယူသွားမှာ အသေအချာ ပါပဲ ”

” အာဆင်နယ် အသင်းဟာ ဘယ်ဖက် အခြမ်း ကနေ ထိုးဖောက် ဝင်ရောက် လာနိုင်တယ် ဆိုတဲ့ အရေးကြီး အချက် တစ်ချက် အကြောင်း ပြောဆို ဖြစ်ခဲ့ကြ ပါတယ် ။ ကျွန်တော် ဒါကို စိုးရိမ်ခဲ့ ပါတယ် ။ သူတို့ ပေါ့ဂ်ဘာကို ကျော်ပြေး နိုင်စွမ်း ရှိကြ ပါတယ် ။ လုခ်ရှောကို နေရာယူ ကစားတာ အခက်တွေ့အောင် လုပ်မယ် ၊ ပေါ့ဂ်ဘာကို ကျော်ပြေးမယ်ဆိုရင် ကျွန်တော်တို့ နာကျင် ခံစားရ လိမ့်မယ် ဆိုတာကို သိရှိ ခဲ့ကြ ပါတယ် ”

” သူဟာ အရမ်းကို ပါရမီ ကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်တယ် ဆိုတာ ကျွန်တော် အမြဲလို ပြောခဲ့ဖူး ပါတယ် ။ လူတွေက သူဟာ ကမ္ဘာ့ အဆင့် ကစားသမား ဆိုပြီး ပြောဆို ခဲ့ကြ ပါတယ် ။ ဒါပေမယ့် ကျွန်တော် ကတော့ အဲ့ဒီ စကားလုံးကို ဘယ်တုန်းကမှ အလွယ်တကူ အသုံး မပြုခဲ့ ပါဘူး ။ ကျွန်တော်က သူတို့ တွေရဲ့ အတိတ် နဲ့ ပစ္စုပ္ပန် အကြောင်း သိပါတယ် ”

” လက်ရှိ ပြသ နေခဲ့တဲ့ စွမ်းဆောင်ရည်တွေ အရဆိုရင် ပေါ့ဂ်ဘာဟာ ကမ္ဘာ့ အဆင့် ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်မှု မရှိ ပါဘူး ။ သူဟာ မျှော်လင့်ထားသလောက် လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး ။ ကျွန်တော်တို့ သူ့ဆီက ဒီထက် အများကြီး ပိုပြီး မျှော်လင့်ချင် ပါတယ် ။ ဒါပေမယ့် သူဟာ အလုပ်တွေ ဆက်လက် ကြိုးစားမှ ပွဲထွက်ခွင့် ပိုင်ဆိုင်သင့်သူပါ ”

” သူ့ရဲ့ ဂျူဗင်တပ် ရက်စွဲ တွေကို ပြန်ကြည့်လိုက်ပါ ။ သူဟာ အဲ့ဒီမှာ အတွေ့အကြုံ များတဲ့ စူပါ စတားတွေ ခေါင်းဆောင် တွေနဲ့ ကစားခဲ့ရ ပါတယ် ။ ယူနိုက်တက်မှာ လိုအပ်နေတာ အဲ့တာပါပဲ ။ ဒါပေမယ့် သူဟာ ခေါင်းဆောင် တစ်ယောက် မဟုတ်ပါဘူး ။ လက်ရှိ ယူနိုက်တက် အသင်းကို ကြည့်လိုက်မယ် ဆိုရင် ဘရူနို ဖာနန်ဒက်စ် ကမှ ခေါင်းဆောင်လိုစိတ် ရှိနေပါသေးတယ် ” လို့ မြူလန်စတင်း က ဝေဖန် သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular