ဆာအဲလက်စ်ရဲ့ ခံယူချက်နဲ့ လက်ရှိ ယူနိုက်တက် ကစားသမား တွေရဲ့ စွမ်းဆောင်ရည်ဟာ တခြားစီ ဖြစ်နေကြောင်း ရှင်းပြလိုက်တဲ့ ဗန်ပါစီ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ တူရကီ မြေမှာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အုပ်စု တတိယမြောက် ပွဲစဉ် အဖြစ် အစ္စတန်ဘူလ် ဘာဆက်ဆီဟာ အသင်းကို ရင်ဆိုင်ခဲ့ ရပြီး 2 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် သွားခဲ့ရ ပါတယ် ။ ဒါက ယူနိုက်တက် အသင်းရဲ့ ဒီရာသီ ပထမဆုံး အဝေးကွင်းရှုံးပွဲ ဖြစ်သွားခဲ့ရ ပါတယ် ။

ဒါ့အပြင် ယူနိုက်တက် အသင်းရဲ့ ဒီရာသီ ပထမဆုံး ချန်ပီယံလိဂ် ရှုံးပွဲလည်း ဖြစ်သွားခဲ့ရ ပါတယ် ။ တကယ်တမ်း မှာတော့ ယူနိုက်တက် တို့သာ ဒီပွဲကို အနိုင် ရရှိအောင် ကစား နိုင်ခဲ့မယ် ဆိုရင် နောက်တစ်ဆင့်ကို တက်ရောက် နိုင်ဖို့ အတွက် အခွင့်အရေးကောင်း တွေကို သေချာပေါက် ပိုင်ဆိုင် သွားမှာပဲ ဖြစ်ပါတယ် ။

myan789

အခုတော့ ယူနိုက်တက် တို့ဟာ အခွင့်အရေးကောင်း တစ်ခုကို အလွယ်တကူ လက်လွတ် ဆုံးရှုံး သွားခဲ့ကြ ပါပြီ ။ ထို့အတူ လက်ကျန် ပွဲစဉ် တွေကိုလည်း အကောင်းဆုံး ကြိုးစား ကစားရ တော့မယ့် ဖိအားတွေအောက် ကိုလည်း ယူနိုက်တက် တို့ ကျရောက် သွားခဲ့ကြ ပါပြီ ။

အဆိုပါ ပွဲစဉ် မှာတော့ အစ္စတန်ဘူလ် အသင်း အတွက် သွင်းဂိုး တွေကို နယူးကာဆယ် အသင်း ရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်တဲ့ ဒမ်ဘာဘာ နဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဘစ်စကာ တို့က ယူနိုက်တက် အသင်း မှာ ခံစစ် ကစားသမား တွေရဲ့ အမှားကို အသုံးချပြီး သွင်းယူ သွားခဲ့ကြ ပါတယ် ။

ယူနိုက်တက် အသင်း အတွက် တစ်လုံးတည်းသော ဂိုး ကိုတော့ တိုက်စစ်မှူး မာရှယ် က အသင်းဖော် လုခ်ရှော ရဲ့ ပေးပို့မှု က တစ်ဆင့် သွင်းယူ ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် ဒုတိယပိုင်းမှာ နောက်ထပ် သွင်းဂိုး တွေကို မသွင်းယူ နိုင်ခဲ့တဲ့ အတွက် ယူနိုက်တက် တို့ဟာ နိုင်ပွဲ ပျောက်ဆုံး ခဲ့ကြ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီးမှာတော့ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ ရော်ဘင် ဗန်ပါစီ က နည်းပြဟောင်း ဆာ အဲလက်စ် ဖာဂူဆန် ရဲ့ ခံယူချက် တစ်ခုကို ထုတ်ဖော် ပြောကြားရင်း လက်ရှိ ကစားသမား တွေရဲ့ စွမ်းဆောင်ရည် တွေကို ဝေဖန် သွားခဲ့လိုက် ပါတယ် ။

” သူတို့ တွေဟာ အနိုင် ရမယ် ဆိုတဲ့ ယုံကြည်မှု တွေကို ပေးနိုင်မယ့် စွမ်းဆောင်ရည် တွေကို ပြသ နိုင်ဖို့ အတွက် အလျင်လိုမှု ကင်းမဲ့ နေခဲ့ကြ ပါတယ် ။ သူတို့ တွေဟာ လိုအပ်တဲ့ အချိန် တွေမှာ ကွင်းထဲ အလျင်စလို ကစား နိုင်မှု မရှိ ခဲ့ကြပဲ လေးလံ နေခဲ့ကြ ပါတယ် ”

” ကျွန်တော် ယူနိုက်တက်မှာ ကစားခဲ့ တုန်းက ဆာ အဲလက်စ် ဖာဂူဆန် က ‘ အကယ်လို့ ငါ့ အသင်းက ပြိုင်ဖက် အသင်းထက် ပိုပြီး ပြေးလွှား ကြိုးစား ကစားနေရက်နဲ့ ရှုံးနိမ့် နေတယ် ဆိုရင် ငါ စိတ်ဆိုးမှာ မဟုတ်ဘူး ၊ ငါ့အသင်းက တိုက်စစ်ဆင်တာ နဲ့ ခံစစ် ကူညီ ပေးတာ တွေမှာ ယုံကြည် နိုင်ဖွယ် စွမ်းဆောင်ရည် ပြသတာ မျိုးပဲ မြင်ချင်တယ် ‘ ဆိုတဲ့ စကား ပြောခဲ့ဖူး ပါတယ် ”

” ဒီနေ့ ပွဲစဉ် မှာတော့ ဘာဆက်ဆီဟာ အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထက် ပိုပြီး ပြေးလွှား လှုပ်ရှား ခဲ့တယ် ဆိုတာကို ကျွန်တော် သေချာပေါက် ပြောရဲ ပါတယ် ။ ဒါက ဘယ်လို ပွဲစဉ်မှာပဲ ဖြစ်ဖြစ် ယူနိုက်တက်တို့ ကြုံတွေ့ နိုင်သင့်တဲ့ အနေအထားမျိုး မဟုတ် ခဲ့ရ ပါဘူး ”

” အရည်အသွေး ရှိရုံ ၊ စွမ်းရည်ကောင်းတွေ ပြနိုင်ရုံ နဲ့ ဘာမှ လုပ်ပြလို့ မရနိုင် ပါဘူး ။ ဒါက ကျွန်တော်တို့ ဖက်က အပို အားစိုက် ကြိုးစား ရတဲ့ အရာ တစ်ခုပါ ။ ကျွန်တော်တို့ အတွက် အရေးကြီးတာက 100 % အပြည့် အာရုံစိုက်ပြီး ယုံကြည်မှု ပေးစွမ်း နိုင်မယ့် စွမ်းဆောင်ရည် တွေကို ပြသ သွားဖို့ ပါပဲ ” လို့ ဗန်ပါစီ က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular