ဆာလီဘာ ကို အသုံးမပြုသေးတဲ့ အကြောင်းအရင်း ၊ နိုင်းလ်စ် ရဲ့ပင်နယ်တီ ကန်သွင်းပုံဟာ သူ့ကို စိတ်လှုပ်ရှားစေခဲ့ကြောင်း ဖွင့်ဟလာတဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ ဟာ လီဗာပူး နဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ လူငယ် နောက်ခံလူ ဝီလီယံ ဆာလီဘာ ကို အသုံးမပြု ခဲ့တဲ့ အကြောင်းအရင်းကို ရှင်းလင်း ပြောကြား သွားခဲ့ပါတယ် ။

ဆာလီဘာ ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့ကာလမှာ စိန့်အက်တီယန် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်း ၊ ငါးနှစ် စာချူ ပ်ချုပ် နဲ့ ရောက်ရှိ လာခဲ့သူဖြစ်ပြီး စိန့်အက်တီယန် အသင်းထံ တစ်ရာသီ အငှား သွားကစားခဲ့ပါသေးတယ် ။

myan789

အသက် ၁၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဆာလီဘာ ဟာ အာဆင်နယ် အသင်း ရဲ့ ရာသီကြို ခြေစမ်းပွဲ ဖြစ်တဲ့ Mk ဒွန်းစ် ကို လေးဂိုးတစ်ဂိုး နဲ့ ဂိုးပြတ် အနိုင်ရတဲ့ ပွဲမှာ ပွဲထွက် ကစားခဲ့ပြီး ပရိသတ်တွေ အားရတဲ့ စွမ်းဆောင်ရည်ကောင်းမျိုးကို ပြသ နိုင်ခဲ့ပါတယ် ။

ဒါပေမယ့်လည်း ဆာလီဘာ ဟာ အခုထက်ထိ အာဆင်နယ် အသင်း အတွက် တရားဝင် ပြိုင်ပွဲတွေမှာ ပါဝင် ကစားရခြင်း မရှိသေးပါဘူး ။ အာတီတာ ဟာ ဆာလီဘာ ထက်စာရင် နောက်ခံလူသစ် ဂါဘရီယဲလ် မက်ဂါလွိုက်စ် ကို အသုံးပြု နေတာလည်း ဖြစ်ပါတယ် ။

အာတီတာ က လီဗာပူး နဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဆာလီဘာ ကို ခုထက်ထိ အသုံးမပြုသေးတဲ့ အပေါ် ” မနှစ်က အာဆင်နယ် အသင်းက သူ့ကို စိန့်အက်တီယန် အသင်းထံ တစ်ရာသီ အငှား ချထားခဲ့ပါတယ် ၊ သူ့အတွက် တစ်ဆင့်ကနေ နောက်တစ်ဆင့်တက်ဖို့ အကူးအပြောင်းကာလ တစ်ခု ဖြစ်ခဲ့ပါတယ် ။ ”

” ဒါပေမယ့် အကြောင်းမျိုးစုံကြောင့် သူ လိုအပ်ခဲ့တဲ့ အကူးအပြောင်း နှစ်တစ်နှစ်တော့ မဖြစ်ခဲ့ပါဘူး ၊ သူ ဒဏ်ရာတွေ အများကြီး ရခဲ့သလို ကိုဗစ် -၁၉ ကြောင့်လည်း ပြင်သစ်လိဂ် က ရပ်နား ဖျက်သိမ်း သွားခဲ့ရပါတယ် ၊ ဒါကြောင့် သူ့အတွက် အကူးအပြောင်းနှစ်ဆိုတာ မရှိသလို ဖြစ်နေခဲ့ပါတယ် ။ ”

” သူ့အတွက် ဒီလိုကာလမျိုး လိုအပ်နေတာကြောင့် ကျွန်တော်တို့ အနေနဲ့ အကောင်းဆုံး ဆုံးဖြတ်ချက် ချပြီး လုပ်ဆောင် နေတာပါ ၊ အသင်းရဲ့ အနာဂတ် အတွက် ကျွန်တော်တို့ လိုချင်တဲ့ ကစားသမား တစ်ဦး ဖြစ်အောင် ထောက်ပံ့ပေးနေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဒါ့အပြင် အာတီတာ က လီဗာပူး နဲ့ ကာရာဘောင်း ဖလားပွဲမှာ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းတဲ့ အချိန်တွင် ကွင်းလယ်လူ မိတ်လန်နိုင်းလ်စ် ဟာ သူ့ကို နှလုံးခုန် မြန်အောင် လုပ်ခဲ့ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

” ကျွန်တော် သူ့(နိုင်းလ်စ်) ကို အဝတ်လဲခန်း အတွင်းမှာတောင် ပြောဖြစ် ခဲ့ပါသေးတယ် ၊ ပင်နယ်တီ ကန်သွင်းချက် သူ့ရဲ့ ခန္ဓာကိုယ် ရွေ့လျားပုံက ကျွန်တော့်ကို heart attack ရစေနိုင်တယ် ဆိုတဲ့ အကြောင်းပေါ့ဗျာ .. ဂျီးဆပ် ခရစ် ရေလို့တောင် တမိခဲ့ပါတယ် ၊ သူ ဂိုးပိုက်ထဲ ဝင်အောင်တော့ ကန်သွင်း ခဲ့ပါတယ် ၊ ဒါကြောင့်လည်း သူ့ကို လူစားဝင် ကစားခိုင်းခဲ့တာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular