ဆရာ တပည့်နှစ်ယောက် အပြန်အလှန် စကားလုံး များခဲ့ကြတဲ့ အခိုက်အတန့် အကြောင်းကို ပြောပြသွားခဲ့တဲ့ မော်ရင်ဟို နဲ့ လမ်းပတ်

ယခင်ကတော့ နည်းပြတွေ အကြားမှာ တစ်ယောက် နဲ့ တစ်ယောက် ဘယ်လို စကားလုံးတွေ သုံးနှုန်းပြီး ကွင်းဘေးကနေ ကြီးကြပ်ကြတယ် ဆိုတဲ့ အကြောင်းအရာကို သတင်းထောက်တွေ မသိခဲ့ပါဘူး။ကွင်းထဲက ပရိသတ်တွေ ရဲ့ ဆူညံသံတွေကြောင့် Media Center မှာ ရှိနေတဲ့ သတင်းထောက်တွေ ကြားနိုင်ဖို့ကလဲ မဖြစ်နိုင်ဘူးလေ။

သို့သော် ကမ္ဘာ့ ကပ်ရောဂါကြီး ပေါ်ပေါက်လာပြီး နောက်ပိုင်းမှာ ၊ ပရိသတ်တွေ ကွင်းအတွင်း ဝင်ရောက်ခွင့် မရှိတော့တာကြောင့် မီဒီယာ သမားတွေ အနေနဲ့ ကွင်းဘေးက နည်းပြတွေ အကြား အပြန်အလှန် ပြောဆိုမှုတွေ ဘယ်လို ရှိလဲ ဆိုတဲ့ အကြောင်းအရာဟာ အတိုင်းသား ကြားလာရပါတယ်။

myan789

အထင်ရှားဆုံး ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပြီးခါနီး လမ်းပတ် နဲ့ ကလော့ပ် တို့အကြား အပြန်အလှန် အချင်းများခဲ့ကြတဲ့ ကိစ္စပါ။ အဲဒီ အခိုက်အတန့်မှာ လမ်းပတ် တုန့်ပြန်တဲ့ စကားလုံး တစ်ချို့ကြောင့် ၊ မီဒီယာ သမားတွေက ဖွရင်းကနေ ပရိသတ်တွေ စိတ်ဝင်စားမှုတွေကလဲ တော်တော်လေးကို မြင့်တက်ခဲ့ပါတယ်။

မနေ့ညက ယှဉ်ပြိုင် ကစားသွားခဲ့တဲ့ ကာရာဘောင် ဖလားပွဲစဉ် (လန်ဒန် ဒါဘီ) စပါး နဲ့ ချဲဆီး တို့ရဲ့ ပွဲမှာလဲ အလားတူ ပုံစံမျိုး ဖြစ်ခဲ့တဲ့ အခိုက်အတန့် တစ်ချို့ ရှိခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဆရာဟောင်း ဖြစ်သူ မော်ရင်ဟို နဲ့ တပည်ကျော် ဖြစ်သူ လမ်းပတ် တို့အကြားမှာ ဖြစ်ခဲ့တာပါ။

ပထမပိုင်း ချဲဆီး က 1-0 နဲ့ ပွဲကို ဦးဆောင်နေချိန်မှာ ၊ မော်ရင်ဟို က ကွင်းဘေးကနေ အားမာန်အပြည့် နဲ့ မောင်းနှင်နေတဲ့ လမ်းပတ်ဆီကို ကြည့်ပြီး “ အရင်ပွဲတုန်းက (ဝက်စ်ဘရွန်း နဲ့ ပွဲကို ရည်ညွှန်း) 3-0 နဲ့ ရှုံးနိမ့်နေတဲ့ အချိန်မှာ ၊ မင်း အဲဒီလိုပြာယာခတ်မနေပါဘူး….လမ်းပတ်ရာ” ဆိုတဲ့ ပြောလိုက်တဲ့ အသံကို သတင်းထောက်တွေက ကြားသွားခဲ့ပါတယ်။

ပွဲအပြီးမှာတော့အဲဒီအချေအတင်ကိစ္စနဲ့ပတ်သက်လို့ဘယ်လိုစတင်ခဲ့တာလဲလို့မေးမြန်းရာမှာတော့ နည်းပြ နှစ်ယောက် စလုံးက အခုလို အသီးသီး ပြန်လည် ဖြေကြားသွားခဲ့ကြပါတယ်။

ချဲဆီး နည်းပြ လမ်းပတ် က “ စနောက်ချင်စရာ ကောင်းတဲ့ အခိုက်အတန့်လေးတွေ ဖြစ်ခဲ့တာပါ။ မော်ရင်ဟို က ဘာကို ဆိုလိုချင်တာလဲ ဆိုတာ ကျနော် ကောင်းကောင်း သဘောပေါက်ပါတယ်။

ဒါနဲ့ ကျနော်ကလဲ သူ့ကို “ကိုယ့် ကစားသမားတွေ ကို ကွန်မန်း ပေးနေတဲ့ စကားလုံးထက် ၊ ဒိုင်လူကြီးကို စောဒက တက်နေတဲ့ အချိန်က ပိုများနေတယ်” လို့ ပြန်ပြောလိုက်တာပါ။

ဒီလောက်ပါပဲ။

ကျနော့်မှာ မော်ရင်ဟို နဲ့ ပတ်သက်လာရင် ၊ ကွင်းဘေးမှာ သူ ဘာတွေ ပဲ ပြောပြော လေးစားမှုအပြည့် ရှိပြီးသားပါ။ သူလဲ ပထမပိုင်းမှာ ဘဝင် မကျတာတွေ ရှိခဲ့လို့ ပြောခဲ့တာ ဖြစ်ပါလိမ့်မယ်။ ပွဲအပြီးမှာတော့ ကျနော်တို့ အကြားက ဆက်ဆံရေးက အပြောင်းအလဲ မရှိခဲ့ပါဘူး” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

မော်ရင်ဟို ကတော့ အဲဒီ အကြောင်းအရာ နဲ့ ပတ်သက်ပြီး “ ဖရန့် အကြောင်း ပြောရမယ် ဆိုရင် ကျနော့် ရဲ့ ခံစားချက်ကို ချပြရတာ ပိုပြီး အရေးပါမယ် ထင်ပါတယ်။ ခံစားချက် ဆိုတာ က စကားလုံးတွေထက် ပိုပြီး လေးနက်တယ်လေ။

သူနဲ့ ပတ်သက္လာရင် ကစားသမားဘဝမှာ အစွမ်းကုန် ပေးဆပ်ထားခဲ့တာ ဖြစ်လို့ ၊ ကျနော် ဘက်က ပြန်ပေးစရာတွေ အများကြီး ရှိပါတယ်။ ထိပ်တန်း ကစားသမား တစ်ယောက်ဆိုလဲ ဟုတ်ခဲ့တယ် ၊ သူငယ်ချင်းလဲ ဖြစ်သလို ၊ ပရော်ဖက်ရှင်နယ်လဲ အရမ်းကို ပီသခဲ့တဲ့ သူပါ။

ကျနော် သူ့ကို ပြောခဲ့တဲ့ အဓိပ္ပါယ်က ဝါရင့် နည်းပြကြီး တစ်ယောက် ကနေ ၊ တက်သစ်စ အရည်သွေးမြင့် လူငယ် နည်းပြလေး တစ်ယောက်ကို သတင်းစကားပေးချင်တဲ့ အကြောင်းအရာပါ။ ကွင်းထဲက ကိုယ့်အသင်းက ရှုံးနေသည် ဖြစ်စေ ၊ နိုင်နေသည် ဖြစ်စေ ၊ ကွင်းဘေးကနေ တာဝန်ယူမှု အပြည့်နဲ့ ကြီးကြပ်ပေးနေရမှာပဲလေ။

ပြီးခဲ့တဲ့ ဝက်စ်ဘရွန်း နဲ့ ပွဲတုန်းက ဆိုရင် ၊ သူတို့က ပထမပိုင်းမှာ 3-0 နဲ့ ရှုံးနေတော့ တော်တော်လေးကို စိတ်မကောင်း ဖြစ်မိခဲ့ပါတယ် ဘာလို့လဲ ဆိုတော့ သူ့ပုံစံ ကြည့်ရတာ စိတ်ပျက် ဝမ်းနည်းနေတဲ့ ပုံစံနဲ့ ထိုင်ခုံလေးမှာပဲ ထိုင်နေခဲ့တာလေ။ဘောလုံး နဲ့ ပတ်သက်လာရင်တော့ သူ့ကို ဘာတစ်ခုမှ ထပ်ပြီး သင်ပေးစရာ မလိုပါဘူး။ ဒီလောကထဲမှာ အတက်အကျတွေ အများကြီး ရှိတယ် ဆိုတာ သူ သဘောပေါက်ထားပြီးသားပါ။ အရည်အချင်းလဲ ရှိပါတယ်။

ပြောချင်တာက အသင်းဟာ ရှုံးနေသည် ဖြစ်စေ ၊ နိုင်နေသည် ဖြစ်စေ ကွင်းဘေးကနေတော့ အချိန်ပြည့် ကြီးကြပ်ပေးသင့်တယ် ဆိုတဲ့ ကျနော့် ရဲ့ အမြင်ကိုပါ” လို့ ပြန်လည် ရှင်းပြသွားခဲ့ပါတယ်။

ဒီပွဲဟာ သာမန် ပွဲကစားချိန် အတွင်း တစ်ဖက် တစ်ဂိုးစီနဲ့ သရေ ကျနေခဲ့တာကြောင့် ၊ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ စပါးက 5-4 ရလာဒ် နဲ့ အနိုင်ရရှိသွားခဲ့ပြီး ၊ ကွာတား ဖိုင်နယ် အဆင့်ကို တက်ရောက် သွားနိုင်ခဲ့ ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular