စီးရီးအေပွဲစဉ် (၃၇) ပွဲကြိုသုံးသပ်ချက်

လာဇီယို – ဘရက်စီယာ (မြန်မာစံတော်ချိန် ဇူလိုင် ၃၀ ရက် ဝဝ:ဝဝ နာရီ)
အီမိုဘီလီ ဂိုးတွေဘယ်လောက်သွင်းမလဲဆိုတာကပဲ လာဇီယိုပွဲတွေမှာ စောင့်ကြည့်ချင်စရာ အကောင်းဆုံးအရာ ဖြစ်လာတယ်။ ဂိုးသွင်းဘုရင်ဆုအတွက် ပြိုင်ဆိုင်မှုလမ်းမှာ စီရော်နယ်လ်ဒိုကို အီမိုဘီလီ အလဲထိုးချင်တယ်ဆိုရင် ဘရက်စီယာလို ခံစစ် ဖရိုဖရဲဖြစ်နေတဲ့အသင်းမျိုးနဲ့ ဆုံတွေ့ချိန်မှာ ဂိုးတွေသွင်းထားရပါမယ်။ ဘရက်စီယာအတွက် ဂိုးပြတ်မရှုံးရေးပဲ ဦးတည်ကစားရမယ့်ပွဲဖြစ်ပါတယ်။ လာဇီယို ဂိုးပြတ်နိုင်မယ်။

ဆာဆူအိုလို – ဂျီနိုအာ (မြန်မာစံတော်ချိန် ဇူလိုင် ၃၀ ရက် ဝဝ:ဝဝ နာရီ)
(၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးပြီး ဆာဆူအိုလို အစွယ်ပြန်ကျိုးသွားတယ်။ ဒါပေမဲ့ ကာပူတို၊ ဘယ်ရာဒီတို့ ဦးဆောင်တဲ့ ဆာဆူအိုလိုတိုက်စစ်ကစားပုံ ကောင်းမွန်လို့ နောက်ပိုင်းပွဲတွေမှာ ဂိုးပေးနှုန်းမြင့်မားနေတဲ့ ဂျီနိုအာ တားဆီးရခက်ပါလိမ့်မယ်။ ဆာဆူအိုလို အနိုင်သေချာပြီး (၂)ဂိုးပြတ်မယ်။

myan789

ဆမ်ဒိုးရီးယား – အေစီမီလန် (မြန်မာစံတော်ချိန် ဇူလိုင် ၃၀ ရက် ဝဝ:ဝဝ နာရီ)
ရာသီသိမ်းခါနီးမှာ ဆမ်ဒိုးရီးယားတိုက်စစ် စွမ်းဆောင် ရည်မြင့်မားနေပါတယ်။ ဝါရင့် ကွာဂလီရယ်လာ ပုံမှန်ခြေစွမ်းပြန်ရနေသလို၊ နည်းပြ ရာနီရေးရီရဲ့ (၄-၅-၁)ကစားကွက်မှာ ယန်တို၊ အက်ဒဲလ်၊ ရာမီရက်ဇ်တို့လို တိုက်စစ်အားသန်ကစားသမားတွေ အံဝင်နေလို့ ဂိုးတွေရနေတာပါပဲ။ အေစီမီလန်ကလည်း နည်းပြ ပီအိုလီလက်ထက်မှာ ရလဒ်တွေကောင်းနေပြီး ယုံကြည်မှုမြင့်မားနေတယ်။ အေစီမီလန် အမှတ်ရမယ်။ ဂိုးများမယ့်ပွဲပါ။

ဗီရိုနာ – SPAL (မြန်မာစံတော်ချိန် ဇူလိုင် ၃၀ ရက် ဝဝ:ဝဝ နာရီ)
ရာသီသိမ်းခါနီးမှာ နိုင်ပွဲတွေနဲ့ ပိတ်သိမ်းနိုင်အောင် ဗီရိုနာ ရုန်းကန်နေပါတယ်။ တန်းဆင်းပြီးသား SPAL က ဘာခံစားချက်မှမရှိဘဲ ကစားမယ့်ပွဲမျိုးပါပဲ။ ဗီရိုနာ အနိုင်သေချာတဲ့ပွဲဖြစ်ပြိီး ဂိုးလည်းပြတ်နိုင်တယ်။

ဖီအိုရင်တီးနား – ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် ဇူလိုင် ၃၀ ရက် နံနက် ၂:၁၅ နာရီ)
ဖီအိုရင်တီးနား ကစားပုံတည်ငြိမ်လာပေမယ့် အရွယ်လွန် ရီဘာရီကို အားကိုးနေရဆဲဖြစ်နေတာ စိတ်ပျက်စရာပါပဲ။ ဘိုလော့ဂ်နာက တိုက်စစ်ဖွင့်ကစားလိုစိတ် ပြင်းထန်တတ်ပြီး တန်ပြန်တိုက်စစ်တွေ မထိန်းချုပ်နိုင်လို့ ဂိုးတွေပေးနေရပါတယ်။ အဲဒီအားနည်းချက်ကိုမပြင်နိုင်ရင် တန်ပြန်တိုက်စစ်ကစားပုံ ကောင်းမွန်တဲ့ ဖီအိုရင်တီးနားဘက်ကို အခွင့်အရေးပေးရပါမယ်။ (၁-၁)၊ (၂-၁) ရလဒ်ဖြစ်လာနိုင်တယ်။

ကာဂလီယာရီ – ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဇူလိုင် ၃၀ ရက် နံနက် ၂:၁၅ နာရီ)
ဂျူဗင်တပ်စ်ရဲ့ လျော့တိလျော့ရဲကစားပုံက ကာဂလီယာရီကို အခွင့်အရေးပေးသလို ဖြစ်နေလိမ့်မယ်။ ကာဂလီယာရီရဲ့ စတိုင်က အသင်းကြီးတွေနဲ့ဆိုရင် ပိုပြီးအားထုတ်လေ့ရှိတယ်။ လက်ရှိခြေစွမ်းက အကောင်းစားမဟုတ်ပေမယ့် ကာဂလီယာရီ တစ်မှတ်မျှော်လင့်ခွင့်ရှိတယ်။ ဂျူဗင်တပ်စ် အလွန်ဆုံးကပ်နိုင်ရုံပါပဲ။

တိုရီနို – ရိုးမား (မြန်မာစံတော်ချိန် ဇူလိုင် ၃၀ ရက် နံနက် ၂:၁၅ နာရီ)
တိုရီနိုက ရိုးမားနဲ့ နောက်ဆုံး(၆)ပွဲဆက်ဆုံတွေ့မှုမှာ နိုင်ပွဲမရထားပေမယ့် လက်ရှိအိမ်ကွင်းကစားအားက ရိုးမားကို ဒုက္ခပေးနိုင်ပါတယ်။ ဒီလိုပဲ ရိုးမားရဲ့ပျမ်းမျှ(၂)ဂိုးသွင်းယူနေတဲ့ တိုက် စစ်ကလည်း အမှားအယွင်းများတတ်တဲ့ တိုရီနိုခံစစ်ကို ခြိမ်းခြောက်နိုင်ပါလိမ့်မယ်။ နှစ်သင်းပေါင်း သွင်းဂိုးများမယ့်ပွဲမျိုးဖြစ် ပြီး ယူရိုပါလိဂ်ဝင်ခွင့်အတွက် ရိုးမား အမှတ်လိုအပ်နေသေးပေမယ့် နိုင်ပွဲရဖို့ခက်တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular