စီးရီးအေပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက်

ပါးမား – နာပိုလီ (မြန်မာစံတော်ချိန် ဇူလိုင်လ ၂၃ ရက် နံနက် ဝဝ:ဝဝ နာရီ)
နာပိုလီက ယူရိုပါလိဂ်ဝင်ခွင့်အတွက် အမှတ်လိုတဲ့ အရေးပေါ်ကာလမှာ ထက်မြက်မှု ပါးလျနေတယ်။ ပါးမားက ဘာမျှော်လင့်ချက်မှမရှိတဲ့နောက်ပိုင်း သိပ်ပြီးအာရုံမစိုက်တော့သလိုပဲ။ ခြေစွမ်းပိုင်း အရမ်းဆိုးရွားနေတာမဟုတ်ပေမယ့် ခံစစ်က ဂိုးတွေပေးနေရတာ စိတ်ပျက်စရာကောင်းတယ်။ ကိုပါအီတာလီယာချန်ပီယံဖြစ်ပြီးနောက်ပိုင်း တိုက်စစ်ကျသွားသလိုဖြစ်နေတဲ့ နာပိုလီ အလွန်ဆုံးကပ်နိုင်ရုံပါပဲ။

လက်ချီ – ဘရက်စီယာ (မြန်မာစံတော်ချိန် ဇူလိုင်လ ၂၃ ရက် နံနက် ၂:၁၅ နာရီ)
ဒီပွဲမှာ အနိုင်ရတဲ့အသင်းက တန်းဆင်းဇုန်လွတ်မြောက်ခွင့်မျှော်လင့်ချက် ပိုပြီးအားကောင်းလာပါလိမ့်မယ်။ နှစ်သင်းစလုံးရဲ့လက်ရှိခြေစွမ်းက စိတ်ပျက်စရာကောင်းပြီး တန်းဆင်းသင့်တဲ့အနေအထားပါပဲ။ အိမ်ကွင်းမှာ လက်ချီ ကြိုးစားကစားတတ်လို့ ရလဒ်ကောင်းမယ်ထင်တယ်။

myan789

အင်တာမီလန် – ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် ဇူလိုင်လ ၂၃ ရက် နံနက် ၂:၁၅ နာရီ)
အင်တာမီလန်နဲ့ နည်းပြ ကွန်တီကြား အက်ကြောင်းတချို့ ရှိနေတယ်။ ဒါကြောင့် လက်ကျန်ပွဲတွေမှာ အင်တာမီလန် အမှတ်မလိုအပ်ပေမယ့် ကွန်တီက ဂုဏ်သိက္ခာအရ နိုင်ပွဲတွေ လိုချင်နေပါလိမ့်မယ်။ ဖီအိုရင်တီးနားကလည်း သိပ်ပြီးစိုးရိမ်ရတဲ့အခြေအနေမျိုးမဟုတ်ဘူး။ အင်တာမီလန် (၂)ဂိုးပြတ်နိုင်မယ်။

SPAL – ရိုးမား (မြန်မာစံတော်ချိန် ဇူလိုင်လ ၂၃ ရက် နံနက် ၂:၁၅ နာရီ)
မျှော်လင့်ချက်ကင်းမဲ့နေပြီဖြစ်တဲ့ SPAL က ယူရိုပါလိဂ်ဝင်ခွင့် သေချာအောင် ရုန်းကန်ရဦးမယ့် ရိုးမားကို ဘယ်လိုမှ ခုခံနိုင်မယ်မထင်ဘူး။ ရိုးမားတိုက်စစ် မတည်ငြိမ်တာ သတိထားရမယ်ဆိုပေမယ့် ခံစစ်ဖွဲ့စည်းပုံ ပျက်စီးနေပြီး ဂိုးတွေအများကြီးပေးနေရတဲ့ SPAL ဘက်ကို ဂိုးများများသွင်းနိုင်အောင် ကြိုးစားပါလိမ့်မယ်။ အစဉ်အလာအရ SPAL က ရိုးမားကို ဒုက္ခပေးတတ်ပေမယ့် ဒီပွဲမှာ (၂)ဂိုးပြတ်ရှုံးပါလိမ့်မယ်။

ဆမ်ဒိုးရီးယား – ဂျီနိုအာ (မြန်မာစံတော်ချိန် ဇူလိုင်လ ၂၃ ရက် နံနက် ၂:၁၅ နာရီ)
ဂျီနိုအာက တန်းဆင်းဇုန်နဲ့ ပိုနီးကပ်နေပြီး လက်ကျန်ပွဲတွေမှာ အမှားလုပ်လို့မရဘူး။ လက်ရှိကစားပုံက စိတ်ချယုံကြည်လို့မရဘဲ ဆမ်ဒိုးရီးယားက ပိုပြီးတည်ငြိမ်ပါတယ်။ နောက် ပိုင်းပွဲတွေမှာ တိုက်စစ်ဂိုးမြူးနေတဲ့ ဆမ်ဒိုးရီးယားက ဒါဘီပြိုင်ဘက်ကို အနိုင်ကစားသွားပါလိမ့်မယ်။

တိုရီနို – ဗီရိုနာ (မြန်မာစံတော်ချိန် ဇူလိုင်လ ၂၃ ရက် နံနက် ၂:၁၅ နာရီ)
တိုရီနို အမှတ်လိုအပ်နေပါသေးတယ်။ အိမ်ကွင်းနောက် ပိုင်းပွဲစဉ်တွေမှာ ပုံမှန်ဂိုးသွင်းနေသလို၊ ဘရက်စီယာ၊ ဂျီနိုအာအသင်းတွေကိုလည်း ဂိုးပြတ်အနိုင်ရထားလို့ အမှတ်မလိုတဲ့ ဗီရိုနာကို အနိုင်ကစားပါလိမ့်မယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular