စီးရီးအေပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက်

တိုရီနို – အတ္တလန်တာ (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၆ ရက်၊ ည ၇:၃၀ နာရီ)
ပြီးခဲ့တဲ့ရာသီတုန်းကလိုမျိုး အတ္တလန်တာ အမြင့်ပျံနိုင် ဦးမလားဆိုတာ ပထမဆုံးမြင်တွေ့ရမယ့်ပွဲပါပဲ။ တိုက်စစ်စုဖွဲ့မှုက မနှစ်ကလိုတည်ရှိနေဆဲဖြစ်လို့လည်း သွင်းဂိုးတွေမျှော်လင့်ခွင့်ရှိနေပါဦးမယ်။ တိုရီနိုက အဖွင့်ပွဲမှာ ဖီအိုရင်တီးနားကို အရေးနိမ့်ခဲ့ပေမယ့် ကစားပုံသိပ်မညံ့ခဲ့ပါဘူး။ စုဖွဲ့မှုအရလည်း အတ္တလန်တာကို ဒုက္ခပေးနိုင်ပါတယ်။ တိုရီနို တစ်မှတ်မျှော်လင့်ခွင့်ရှိပါတယ်။

ကာဂလီယာရီ – လာဇီယို (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၆ ရက်၊ ည ၁၀:၃၀ နာရီ)
လာဇီယိုက မနှစ်ကလူစာရင်းအတိုင်းပဲ သိပ်ပြီးအပြောင်း အလဲမရှိပါဘူး။ သွင်းဂိုးတွေအတွက် အီမိုဘီလီကိုပဲ အားကိုးနေရဦးမယ်ထင်တယ်။ ကာဂလီယာရီက နိုင်ဂိုလန်မရှိတော့တဲ့ ကွင်းလယ်မှာ လူငယ်နဲ့ ကစားသမားသစ်တွေ အားပြုထားပြီး မနှစ်ကရာသီအစကလောက် မာဂုဏ်မမြင့်တော့တာ တွေ့ရ တယ်။ လာဇီယိုတိုက်စစ်ကစားဟန် ပုံမှန်မဖြစ်သေးဘူးဆိုရင် ကာဂလီယာရီ အမှတ်ရပါလိမ့်မယ်။

myan789

ဆမ်ဒိုးရီးယား – ဘင်နီဗန်တို (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၆ ရက်၊ ည ၁၀:၃၀ နာရီ)
ဆမ်ဒိုးရီးယားက ဂျူဗင်တပ်စ်ကို ဂိုးပြတ်ရှုံးခဲ့ပေမယ့် ကစားပုံက အညံ့စားမဟုတ်ပါဘူး။ ကွင်းလယ်နဲ့ တိုက်စစ်မှာ ကစားသမားကောင်းတွေရှိနေတယ်။ တန်းတက် ဘင်နီဗန်တို တစ်မှတ်ထက် ပိုမျှော်လင့်လို့မရဘူး။ ဆမ်ဒိုးရီးယား နိုင်မယ်။

အင်တာမီလန် – ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၇ ရက်၊ နံနက် ၁:၁၅ နာရီ)
ခြေစမ်းပွဲတွေမှာ အင်တာမီလန် ဂိုးပြတ်နိုင်ပွဲတွေ ရရှိနေပါတယ်။ ဗီဒယ်လ်ရောက်လာတဲ့ကွင်းလယ်က ပိုမိုမာကျောလာမှာဖြစ်ပြီး ကွန်တီ လိုချင်တဲ့လျင်မြန်ပြီး လုပ်အားနှုန်းကောင်းမွန်တဲ့ကွင်းလယ်ကို မြင်ရနိုင်ပါတယ်။ ဖီအိုရင်တီးနားက အရင်လိုပဲ ဘောလုံးပိုင်ဆိုင်မှုအသားပြုကစားနေပြီး တိုက်စစ်အခင်းအကျင်းအတွက် ခီယေဆာကို အားကိုးနေရဆဲပါပဲ။ အင်တာမီလန် အနိုင်သေချာပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Myanmar
641,614
Total confirmed cases
Updated on January 24, 2024 6:01 pm
Advertismentspot_img

Instagram

Most Popular