စာချုပ်ဖျက်သိမ်းရန် ကစားသမားကဆုံးဖြတ်လျှင် စာချုပ်လျော်ကြေးမှာ အကျုံးမဝင်တော့ကြောင်း မက်ဆီ၏ဖခင်ဖြစ်သူ တုံ့ပြန်

လာလီဂါပြိုင်ပွဲကလည်း ဘာစီလိုနာအသင်းဘက်မှ ရပ်တည်ခဲ့ပြီး စာချုပ်လျော်ကြေးမှာ အသက်ဝင်နေဆဲဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သောကြောင့် ဟော်ဟဲမက်ဆီက ယင်းကဲ့သို့ တုံ့ ပြန်ခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းက မက်ဆီအနေဖြင့် ယခုနွေရာသီတွင်ထွက်ခွာရန် ဆန္ဒရှိပါက စာချုပ်လျော်ကြေး ယူရိုသန်း ၇၀၀ ပေးချေမှသာ ထွက်ခွင့်ရမည်ဖြစ်ကြောင်း အသိပေးခဲ့သော်လည်း အေးဂျင့်အဖြစ်ဆောင်ရွက်နေသည့် ဖခင်ဖြစ်သူ ဟော်ဟဲမက်ဆီကမူ ၂၀၁၉-၂၀၂၀ ရာသီ ကုန်တွင် စာချုပ်ဖျက်သိမ်းရန် ကစားသမားက ဆုံးဖြတ်လျှင် စာချုပ်လျော်ကြေးမှာ အကျုံးမဝင်တော့ကြောင်း တုံ့ပြန်ခဲ့သည်။

myan789

လာလီဂါပြိုင်ပွဲကလည်း ဘာစီလိုနာအသင်းဘက်မှ ရပ်တည်ခဲ့ပြီး စာချုပ်လျော်ကြေးမှာ အသက်ဝင်နေဆဲဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သောကြောင့် ဟော်ဟဲမက်ဆီက ယင်းကဲ့သို့ တုံ့ ပြန်ခဲ့ခြင်းဖြစ်သည်။ လာလီဂါပြိုင်ပွဲ ဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်ထံ လိပ်မူရေးသားထားသည့် ဟော်ဟဲမက်ဆီ၏စာတွင် “၂၀၁၉-၂၀၂၀ ရာသီ ကုန်ဆုံးချိန်မှာ ကစားသမားဘက်က စာချုပ်ကို တစ်ဖက်သတ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ရင် စာချုပ်လျော်ကြေးက အကျုံးမဝင်တော့ပါဘူး။ ခင်ဗျား ဘယ်စာချုပ်ကို လေ့လာခဲ့တာလဲ၊ စာချုပ်လျော်ကြေးနဲ့ဆိုင်တဲ့ ဘယ်အချက်ကိုအခြေခံပြီး ကောက်ချက်ချခဲ့သလဲဆိုတာ ကျွန်တော်တို့မသိပါဘူး။ ၂၀၁၉-၂၀၂၀ ရာသီကုန်မှာ စာချုပ်ဖျက်သိမ်းဖို့ ကစားသမားက ဆုံးဖြတ်ခဲ့ရင် ဒီစာချုပ်လျော်ကြေး အသက်မဝင်တော့ပါဘူး” ဟု ဖော်ပြထားသည်။

မက်ဆီကလည်း စာချုပ်လျော်ကြေးနှင့်ပတ်သက်၍ ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူ၏ ကတိ ဖောက်ဖျက်မှုကြောင့် အသင်း၌ ဆက်နေရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း Goal သတင်းဌာနနှင့် အင် တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။ “ရာသီကုန်ချိန်တိုင်းမှာ လမ်း ခွဲချင်သလား၊ ဆက်ချင်နေသလား ဆိုတာ ကျွန်တော်ဆုံးဖြတ်နိုင်တယ် လို့ ဥက္ကဋ္ဌက အမြဲပြောဖူးပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူက ကိုယ့်စကားကိုယ် မတည်ခဲ့ပါဘူး။ အဲဒီအကြောင်းပြချက်ကြောင့်ပဲ အသင်းမှာ ကျွန်တော်ဆက်ရှိနေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ စာချုပ် လျော်ကြေး ယူရိုသန်း ၇၀၀ ပေးလျော်တဲ့ နည်းလမ်းတစ်ခုတည်းနဲ့ပဲ ထွက်ခွင့်ရမယ်လို့ ဥက္ကဋ္ဌက ကျွန်တော့်ကိုပြောခဲ့လို့ပါ။ ဒါက ဖြစ်နိုင်ခြေမရှိပါဘူး။ တခြားနည်းလမ်းကို ရွေးရင် တရားရင်ဆိုင်ဖို့ပဲ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဘာကာကို ဆန့်ကျင်ပြီးတော့ တရားရုံးကို ဘယ်တော့မှ သွားမှာမဟုတ်ပါဘူး” ဟု မက်ဆီက ပြောကြားခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular