စပိန် အသင်းအတွက် ပွဲထွက် ကစားပြီး ခြေစွမ်းပြ ခဲ့တဲ့ ဘာကာ ကြယ်ပွင့်ကို ချီးကျူးလိုက်တဲ့ လူးဝစ် အင်းနရစ်

ဘာစီလိုနာ အသင်း ရဲ့ အလားအလာ အရှိဆုံး လူငယ် ကြယ်ပွင့် တစ်ဦး ဖြစ်တဲ့ အန်ဆူဖာတီ ဟာ စပိန် လက်ရွေးစင် အသင်းကြီး အတွက် ပထမဆုံး အကြိမ် ပွဲထွက် ကစားခွင့် ရချိန်မှာပဲ စံချိန်သစ် တစ်ခုကို စိုက်ထူ နိုင်ခဲ့ပါတယ် ။

အသက် ၁၇ နှစ် အရွယ်သာ ရှိသေးတဲ့ ဖာတီ ဟာ မနေ့ညက ကစားခဲ့တဲ့ ယူကရိန်း အသင်း ကို လေးဂိုးပြတ် အနိုင်ရခဲ့တဲ့ နေရှင်းလိဂ် ပြိုင်ပွဲမှာ စပိန် အသင်း အတွက် ပင်နယ်တီ တစ်လုံး ရယူ ပေးခဲ့သလို တတိယ သွင်းဂိုး ကို သွင်းယူ ပေးခဲ့ပြီး အထူး ခြေစွမ်းပြ ကစား နိုင်ခဲ့ပါတယ် ။

myan789

ဒါ့အပြင် ဖာတီ ဟာ စပိန် အသင်း အတွက် အသက် အငယ်ဆုံး ဂိုးသွင်းသူ အဖြစ် အသက် ၁၇ နှစ် ၊ ၃၁၁ ရက် နဲ့ စံချိန်သစ် စိုက်ထူ နိုင်ခဲ့ပါတယ် ။ ဖာတီ ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၅ နှစ်တုန်းက ဂျူအန် အီယက်ဇ်ကွင်းရဲ့စံချိန်မှတ်တမ်း(၁၈ နှစ် ၃၄၄ ရက်) ကို ချိုးဖျက် နိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။

ဖာတီ ဟာ ယူကရိန်း နဲ့ ပွဲမှာ ပွဲချိန်ပြည့် ကစားခဲ့ပြီး ဂိုးပေါက် ကန်သွင်းမှု ၆ ကြိမ် ၊ အခွင့်အရေး ဖန်တီးမှု ၂ ကြိမ် ၊ လိမ်ခေါက် ကျော်ဖြတ်ရန် ကြိုးပမ်းမှု ၆ ကြိမ် နဲ့ တခြားကွင်းထဲက ကစားသမားတွေထက် သာလွန်တဲ့ စွမ်းဆောင်ရည်ကို ပြသ နိုင်ခဲ့ပါတယ် ။

ပွဲအပြီးမှာတော့ စပိန် နည်းပြ လူးဝစ် အင်းနရစ် က ဖာတီ ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဟာ ရင့်ကျက်မှု အပြည့် ရှိကြောင်း ထုတ်ဖော် ချီးကျူး သွားခဲ့ပါတယ် ။

” ကျွန်တော်တို့ အနေနဲ့ လူရွေးချယ် တဲ့အခါမှာ သူ့(ဖာတီ)ရဲ့ အသက်အရွယ် ကို လုံးဝ မကြည့်ပါဘူး ၊ ဖာတီ အနေနဲ့ သူ့အသက်အရွယ်မှာ ကစားပုံ ဆိုးရွားတဲ့ပွဲတွေ ၊ အမှားလုပ်မိတာတွေက ရှိမှာပါပဲ ၊ ဒီလိုပွဲတွေကနေပဲ သူ သင်ယူ သွားရမှာပါ ၊ ဒါပေမယ့် သူ့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု က ပုံမှန် မဟုတ်ပါဘူး ။ ”

” အန်ဆူ ဖာတီ က အရမ်း ပျော်နေတာပါ ၊ အကြောင်းအရင်းတွေတော့ ရှိမှာပေါ့ဗျာ ။ သူက ခုမှ ၁၇ နှစ်ပဲ ရှိသေးတာပါ ၊ရင့်ကျက်ဖို့ လိုအပ် နေပါသေးတယ် ၊ ဒါပေမယ့် စပိန် အသင်းကြီးမှာ ဒုတိယ အကြိမ် ကစားခွင့်ရတဲ့ ပွဲမှာတင် သူဟာ ရဲရဲဝံဝံ ကစားသွားခဲ့တာပါ ။ ”

” သူက အပြင်းအထန် ကြိုးစားသလို နှိမ့်ချမှုလည်း ရှိပါတယ် ၊ သူက လေ့ကျင့်ရေးကွင်းမှာလည်း အထင်ကြီးလောက်စရာ အမြန်နှုန်းကို ပြသထားသူပါ ၊ သူ အိမ်ကို ပျော်ပျော်ရွှင်ရွှင် ပြန်နိုင်တော့မှာ ဖြစ်တဲ့ အတွက် ဝမ်းသာ မိပါတယ် ။ ”

” ဒီအသက်အရွယ်မှာက မြောက်ပင့် ပြောဆိုမှုတွေ ခေါင်းထဲ ရောက်ဖို့က အင်မတန် လွယ်ကူပါတယ် ၊ ဒါပေမယ့် သူက သူလျှောက်နေတဲ့ လမ်းကြောင်းကို ကောင်းကောင်းသိတဲ့အထိ ရင့်ကျက်သူပါ ၊ ဒါက သူ့အတွက် အကောင်းဆုံးပါပဲ ၊ သူက အေးဆေး တည်ငြိမ်ပြီး ကိုယ့်ကိုယ်ကို နှိမ့်ချမှု ရှိပါတယ် ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

ဂွီနီယာ ဘီဆော မှာ မွေးဖွားခဲ့တဲ့ ဖာတီ ဟာ ဘာစီလိုနာ လူငယ် အသင်းကို အသက် ၁၀ နှစ် အရွယ်မှာ ရောက်ရှိ လာခဲ့သူ ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဩဂုတ်မှာ အသင်းကြီး အတွက် ပထမဆုံး ပွဲဦးထွက်ကို ကစားခွင့်ရခဲ့ပါတယ် ။

ဒါ့အပြင် ဖာတီ ဟာ အိုဆာဆူနာ နဲ့ ပွဲမှာ ဂိုးသွင်းယူပြီး ဘာစီလိုနာ အသင်းရဲ့ သမိုင်း တစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းသူ ဆိုတဲ့ စံချိန် မှတ်တမ်းကို စိုက်ထူ နိုင်ခဲ့ပါတယ် ။ ဖာတီ ဟာ ရာသီကုန်မှာ ဘာစီလိုနာ အတွက် ၃၃ ပွဲ ကစားပြီး ၈ ဂိုးအထိ သွင်းယူ နိုင်ခဲ့ပါတယ် ။

လက်ရှိ အချိန်မှာ ဖာတီ ဟာ ဘာစီလိုနာ နဲ့ စာချုပ် သက်တမ်း ၂၀၂၂ အထိ ကျန်ရှိနေသေးပါတယ် ။ ပြီးခဲ့တဲ့ လတုန်းကတော့ ဘာစီလိုနာ ဥက္ကဌ ဘာတိုမြူ ဟာ ဖာတီ ကို တစ်သက်တာ စာချုပ်ချုပ်ထားချင်ကြောင်း ပြောကြား ခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular