စပိန်မြေပေါ်တွင် ပြဿနာပေါင်းစုံနှင့်အတူ နေထိုင်နေရခြင်းအပေါ် အလွန်မောပန်းစိတ်ပျက်နေပြီဟု မက်ဆီ ဝန်ခံ

ဘာစီလိုနာအသင်း၏ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက သူသည် စပိန်မြေပေါ်တွင် ပြဿနာပေါင်းစုံနှင့် နေထိုင်နေရခြင်းအပေါ် အလွန်မောပန်း စိတ်ပျက်နေပြီဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

ယခုရာသီကုန်တွင် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး မန်စီးတီး၊ PSG၊ ဂျူဗင်တပ်စ် စသည့်အသင်းများ၏ စိတ်ဝင်စားခြင်းကိုခံနေရသည်ဟု သတင်းများထွက်ပေါ်နေသည့် မက်ဆီသည် ယခုရာသီတွင် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်း မတိုးတော့ဘဲ ပြည်ပကလပ်အသင်းတစ်သင်းသင်းသို့ ပြောင်းရွှေ့ကစားဖွယ်ရှိသည်ဆိုသည့် သတင်းများကိုလည်း ယင်းဝန်ခံမှုက ပိုမိုခိုင်မာလာစေခဲ့သည်။

myan789

မက်ဆီသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ပီရူးနိုင်ငံမြို့တော် လီမာမြို့မှတစ်ဆင့် ဘာစီလိုနာမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး သူသည် အာဂျင်တီးနားအသင်း၏ အဝေးကွင်းခြေစစ်ပွဲစဉ်ကို အနိုင်ကစားပြီးနောက် မိခင်နိုင်ငံသို့ မပြန်တော့ဘဲ စပိန်သို့ တန်းပြန်လာခဲ့ခြင်းလည်းဖြစ်သည်။

မက်ဆီသည် လေဆိပ်သို့ ရောက်ရောက်ချင်းပင် အခွန်ရဲများနှင့် တွေ့ဆုံခဲ့ရခြင်းအပေါ် စိတ်ပျက်နေပြီး၊ အခြားစိတ်ပျက်စရာများနှင့်လည်း ကြုံတွေ့ခဲ့ရသည်။

မက်ဆီသည် တောင်အမေရိကမှ ဥရောပသို့ လေယာဉ်ဖြင့် ခရီးရှည်ပြန်လာခဲ့ရပြီးနောက် လေဆိပ်တွင် ပရိသတ်များ၏ ဝိုင်းဝန်းကြိုဆိုခြင်းကို ခံခဲ့ရသော်လည်း ယင်းပရိသတ်များသည် မက်ဆီအား ဘာစီလိုနာအသင်းတွင် ဆက်လက်နေထိုင်ရန်အတွက် သူ၏အမည်ပါ ရှပ်အကျႌများ၊ ဘောလုံးများ၊ စာတန်းများကို ကိုင်ဆောင်ကာ အော်ဟစ်တောင်းဆိုနေကြခြင်းဖြစ်သည်။

ထို့အတူ အခွန်ရဲများနှင့်လည်း ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတွင် ဘာစီလိုနာအသင်း၏ ဝန်ထမ်းတစ်ဦးဖြစ်သူ ပီပီကော်စတာ၏ အကူအညီဖြင့် လေဆိပ်အတွင်းမှ ခက်ခက်ခဲခဲ ထွက်ခွာခဲ့ရသည်။

မက်ဆီသည် လေဆိပ်အတွင်းမှ ထွက်ခွာချိန်အတွင်း မီဒီယာများနှင့်လည်း ဆုံတွေ့ခဲ့ရပြီး မေးခွန်းအချို့ကို ဖြေကြားခဲ့ရသည်။
မက်ဆီက “ပြဿနာတွေနဲ့ပဲ အမြဲတမ်းနေထိုင်နေရတဲ့အခြေအနေကို ကျွန်တော် အရမ်းမောပန်းစိတ်ပျက်နေပါပြီ”ဟု ပြောကြားခဲ့သလို၊ အခွန်ရဲများနှင့် ပတ်သက်၍လည်း “ကျွန်တော် စပိန်မြေပေါ်ကို အခုလေးတင်ပဲ ပြန်ရောက်တယ်။ ဒီနေရာမှာ အခွန်ရဲတွေက အဆင်သင့်စောင့်နေကြပြီး မေးခွန်းတွေ မေးကြပြန်တယ်။ တကယ့်ကို ရူးချင်စရာပဲ”ဟု ဆိုခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular