စပါး အတွက် ဂိုးတွေသွင်း နေတဲ့ ဆွန်ဟောင်မင် ကို ချီးကျုး စကားဆိုခဲ့တဲ့ ဂယ်ရီနဗီးလ်

မန်ချက် စတာ ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီ နဗီးလ် ဟာ ယမန်နေ့ ညက ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် က အနိုင်ဂိုးရှင် ဆွန်ဟောင်မင် ကို ချီးကျုး စကား ဆိုခဲ့ပြီး ကိုရီးယား သားဟာ အလွန် အမင်း လျော့တွက် ခံထားရသူ ဖြစ်တယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။ ဆွန် ဟာ စပါး အတွက် တစ်လုံး တည်းသော ဂိုးကို သွင်းယူ ပေးခဲ့ပြီး အဝေးကွင်း မှာ နိုင်ပွဲ ရရှိ စေခဲ့ ပါတယ် ။

စပါး နည်းပြ မော်ရင်ဟို ရဲ့ လက်အောက် မှာ ဆွန်ဟောင်မင် နဲ့ ဟယ်ရီကိန်း တို့ အလွန် အတွဲ မိနေ ကြပြီး တစ်ဦး ကို တစ်ဦး အပြန် အလှန် ဖန်တီးပေး ထားခဲ့ ကြပါတယ် ။ ယမန်နေ့ ညက ပွဲ မှာလည်း ဆွန်ဟောင်မင် အတွက် ဟယ်ရီကိန်း က ဖန်တီးပေးခဲ့ တာဖြစ်ပြီး ဒီဂိုး ဟာ ဆွန် အတွက် ၈ ဂိုးမြောက် ပရီးမီးယားလိဂ် ဂိုး ဖြစ်လာ စေခဲ့ ပါတယ် ။

myan789

“ဆွန် ဟာ သူ့ရဲ့ ခြေစွမ်း နဲ့ ထိုက်တန် တဲ့ ချီးကျုး ဂုဏ်ပြုမှု ကို မခံရဘူး လို့ ကျွန်တော် ထင်မိ ပါတယ် ။ မာနေး ၊ ဆာလာ တို့နဲ့ အဆင့်တူတယ် လို့ တစ်ခါ မှ သတ်မှတ် မခံခဲ့ရ ပါဘူး ။ တကယ်တော့ ဆွန်ဟာ ပရီးမီးယားလိဂ် ရဲ့ လျော့တွက် ခံရတဲ့ ကစား သမား တစ်ဦး ပါပဲ”

“ဆွန်ဟောင်မင် က တကယ့်ကို အံ့ဖွယ် ကစား သမားပါ ။ သူ နဲ့ ရင်ဆိုင် ရတာက တကယ့်ကို အိပ်မက်ဆိုး ဖြစ်လာ မှာပါ ။ ဘယ်အချိန် မှာ ဘယ်နေရာကို ပြေးရမယ် ဆိုတာကို သူ ကောင်းကောင်း သိနေ ပါတယ် ။ လူတွေ က စတာလင် အကြောင်း ၊ ဆာလာ မာနေး တို့ အကြောင်းကို ခဏခဏ ပြောကြ ပါတယ် ။ ဒါပေမယ့် ဆွန့် အကြောင်းတော့ ပြောလေ့ မရှိပါဘူး”

“သူ ဟာ မန်ချက်စတာ စီးတီး ၊ ဒါမှ မဟုတ် လီဗာပူး ကစား သမား သာ ဖြစ်ခဲ့မယ် ဆိုရင်တော့ အားလုံးရဲ့ အာရုံ စိုက်မှု ကို ခံရမှာပါ” လို့ ဂယ်ရီ နဗီးလ် က Sky Sports ရဲ့ Match of the Day အစီအစဉ်မှာ ပြောဆို သွားခဲ့ ပါတယ် ။ နီဗီးလ် နဲ့ အတူ သုံးသပ် တင်ဆက် ခဲ့တဲ့ ဂျေမီကာရေဂါ ကလည်း ဆွန်ဟောင်မင် ဟာ လီဗာပူး ၊ မန်စီးတီး လို အသင်းတွေမှာ ကစားဖို့ အဆင့်မီတဲ့ သူ ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

“တကယ်လို့ စတာလင် ဖြစ်ဖြစ် မာနေး ဖြစ်ဖြစ် အသင်း ပြောင်းသွား မယ် ဆိုရင် ဆွန် ဟာ ယာဂင် ကလော့ ၊ ဂွာဒီယိုလာ တို့ ပထမဆုံး စဉ်းစား မယ့် ကစား သမား ဖြစ်လာမှာ အသေအချာ ပါပဲ ။ ဆွန်ဟောင်မင် ဟာ နောက်ခံလူတိုင်း ကြောက်ရတဲ့ ကစား သမား ဖြစ်လာ ပါပြီ” လို့ ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။

စပါး အသင်း ဟာ ဆွန်ဟောင်မင် ကို တစ်ပတ် လုပ်ခ ပေါင် ၁ သိန်းခွဲ နဲ့ ၂၀၂၃ အထိ စာချုပ် ချုပ်ဆို ထားပြီး စာချုပ်သစ် ထပ်မံ ချုပ်ဆို ဖို့လည်း လုပ်ဆောင် နေတယ် လို့ သိရ ပါတယ် ။ စပါး နည်းပြကြီး မော်ရင်ဟို ကတော့ သူ့ အနေနဲ့ ဆွန် ရဲ့ စာချုပ် အပေါ် ပူပင် မိခြင်း မရှိဘူးလို့ ပြောဆို သွားခဲ့ ပါတယ် ။

စပါး ဟာ ဒီနိုင်ပွဲ ကြောင့် ၆ ပွဲ ကစား အပြီးမှာ ရမှတ် ၁၁ မှတ် နဲ့ အဆင့် ၅ နေရာကို ရယူ နိုင်ခဲ့ ပါတယ် ။ စပါး ဟာ လာမယ့် ကြာသပတေး နေ့ မှာတော့ ယူရိုပါလိဂ် အဝေးကွင်း ပွဲစဉ် ကို ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပြီး နောက် အပတ် မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဘရိုက်တန် အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစား ရမှာ ဖြစ်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular