စက်တင်ဘာထဲမှာ ဘာပွဲကောင်းတွေ ရှိနေလဲ ?

မုတ်သုန် အားကောင်းတဲ့ စက်တင်ဘာထဲ ကို စတင် ဝင်ရောက် လာခဲ့ ပါပြီ ။ မြန်မာ နိုင်ငံ မှာတော့ ကိုရိုနာ ဗိုင်းရပ်စ် ဒုတိယလှိုင်း ဟာ အရှိန် ကောင်းကောင်း နဲ့ မွှေနှောက် နေတာကြောင့် အားလုံး အထူး ( အထူး ) သတိပြု ဆင်ချင် နေထိုင် ကြဖို့ တိုက်တွန်း လိုပါတယ် ။ အချိန် အတိုင်း အတာ တစ်ခု ပြီးသွားတဲ့ အခါမှာ တော့ ကျွန်တော်တို့ အားလုံး အရင်တုန်းက လို ဆိုင်တစ်ဆိုင်ဆိုင် မှာ အတူထိုင်ပြီး ဘောလုံး အကြောင်းတွေ ငြင်းခုန်ရင်း ကိုယ် ချစ်တဲ့ အသင်းတွေကို အားပေး ဖြစ်ကြဦးမယ်လို့ မျှော်လင့် မိပါတယ် ။

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေ ကို ၃ လ လောက် နားလိုက်ရ ပါတယ် ။ ဒါကြောင့် ပြန်စချိန် မှာ ပွဲတွေ ခပ်စိပ်စိပ် ကစားပြီး မြန်မြန်ပဲ အဆုံးသတ် ခဲ့ကြတာပါ ။ ဘာဖြစ်လို့ လည်းဆိုတော့ ပုံမှန် ဘောလုံး ပြက္ခဒိန် နဲ့ ပြန်ပြီး အသားကျ ကိုက်ညီ သွားနိုင်အောင်လို့ ပါပဲ ။

myan789

ဒါကြောင့် သြဂုတ်လ ထဲမှာ ချန်ပီယံလိဂ် ဖိုင်နယ် ကစားပြီး ရာသီ ကုန်ခဲ့ ပေမယ့် စက်တင်ဘာ မှာပဲ အမှတ်ပေး ပွဲတွေ ပြန်လည် စတင် ကြတော့ မှာပါ ။ ဒီပွဲတွေ မတိုင်ခင် ကျွန်တော်တို့ ကို စောင့်ကြို နေမှာ ကတော့ နိုင်ငံ အသင်းပွဲတွေ ပါပဲ ။

UEFA ရဲ့ အစီအစဉ်သစ် နဲ့ ဥရောပ နေးရှင်းလိဂ် ကို ကျင်းပ အပြီးမှာ လက်ရွေးစင် အသင်းတွေရဲ့ ပွဲတွေကို ပရိသတ်တွေ ပြန်လည် စိတ်ဝင်စား လာခဲ့ ပါတယ် ။ မနက်ဖြန် ကစပြီး ဥရောပ နေးရှင်းလိဂ် ရဲ့ ပွဲစဉ်သစ်တွေ ကို စတင် ယှဉ်ပြိုင် ကြတော့မှာ ဖြစ်ပြီး ကြာသပတေးနေ့ မှာတော့ ဂျာမဏီ နဲ့ စပိန် တို့ရဲ့ အကျိတ် အနယ် ပွဲကောင်း တစ်ပွဲကို မြင်တွေ့ ရမှာပဲ ဖြစ်ပါတယ် ။

နောက်အပတ် ထဲမှာလည်း နယ်သာလန် နဲ့ အီတလီ ၊ ပြင်သစ် နဲ့ ခရိုအေးရှား တို့ရဲ့ ပွဲကောင်းတွေ ရှိနေ ပါတယ် ။ လူငယ်သွေးသစ် တွေနဲ့ တည်ဆောက်နေတဲ့ အသင်း ၂ သင်း ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဟာ ပရိသတ်တွေ ကို ဖျော်ဖြေမှု အပြည့် ပေးမှာ ဖြစ်သလို ၂၀၁၈ ကမ္ဘာ့ဖလား ဖိုင်နယ် က ရှုံးကြွေးကို ခရိုအေးရှား တို့ ပြန်ဆပ် နိုင်မလား ဆိုတာ ကလည်း စိတ်ဝင်စားဖို့ ကောင်းနေမှာပါ ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular