စကော့တလန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ Hampden Park ရဲ့ မြက်တွေဟာ ရှည်လျားနေတယ်ဆိုပြီး အပြစ်တင်ခဲ့တဲ့ စပိန်ကစားသမားများ

စပိန်ကစားသမားတွေဟာ မနေ့ညက စကော့တလန်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ယူရို ခြေစစ်ပွဲစဉ်မှာ Hampden Park ရဲ့ မြက်ခင်းပြင် အခြေအနေနဲ့ ပက်သက်ပြီး မပျော်မရွှင် ဖြစ်ခဲ့ကြပါတယ်။ စတိကလပ်ရဲ့ အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲရဲ့ ဒုတိယမြောက် ပွဲစဉ်မှာ စပိန်ကို မက်တိုမီနေးရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ခြေစွမ်းပြ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

စကော့တလန်ဟာ ၂ ပွဲကစား ၂ ပွဲ အနိုင်ရလဒ်နဲ့ အတူ အုပ်စု ထိပ်ဆုံးနေရာမှာ ဦးဆောင်နေပြီး အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ စပိန် အသင်းကတော့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

myan789

စပိန်ဟာ စကော့တလန်တို့ ဦးဆောင်ဂိုး ရပြီးချိန်မှာ အခွင့်အရေးကောင်း တစ်ချို့ ရခဲ့ပြီး ဟိုဆေးလူရဲ့ ခေါင်းတိုက်ချက် ဘားတန်းထိထွက်ခဲ့ ကတော့ ဂိုးရဖို့ အနီးစပ်ဆုံး အခွင့်အရေး ဖြစ်ပါတယ်။

ဒါပေမယ့်လည်း စပိန် ကစားသမားတွေက Hampden Park ရဲ့ ရှည်လျားတဲ့ မြက်ခင်းပြင်ဟာ သူတို့ရဲ့ ကစားဟန် အပေါ် ထိခိုက်မှု ရှိစေတယ်လို့ ခံစားမိနေကြပါတယ်။

ပွဲအပြီးမှာ Hampden Park ရဲ့ မြင်ခင်းပြင် အခြေအနေ အပေါ် မေးမြန်းခဲ့ရာမှာ စပိန် ဗဟိုနောက်ခံလူ ဒေးဗစ်ဂါစီယာက “ပွဲမတိုင်မီ ကတည်းက ဒီကွင်းရဲ့ မြက်တွေဟာ တအားကို ရှည်လွန်းနေတယ် ဆိုတာ ကျနော်တို့ တွေ့ထားခဲ့ပြီးသားပါ။ ဒါဟာ ကျနော်တို့ကို ကစားရ ခက်ခဲစေပါတယ်။ ကျနော်တို့ ဒါကို အကြောင်းပြချက် တစ်ခု အနေနဲ့ ပေးသွားလို့ မရနိုင်ပါဘူး။ ကျနော်တို့ ဒီရှုံးပွဲ အတွက် ကိုယ့်ကိုကိုယ်ပဲ ပြန်ကြည့်သွားရမှာပါ။ အဲဒီနောက် ကျနော်တို့ ဒီနေ့မှာ လုပ်ခဲ့တဲ့ အမှားတွေကို ပြန်လည် ပြင်ဆင်သွားရမှာ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ရီးရဲယ်မက်ဒရစ် ကွင်းလယ်လူ ဒန်နီဆီဘာလော့စ် ကလည်း “ဒီရှုံးပွဲဟာ တကယ့်ကို နာကျင်စရာ ခံစားချက် ဖြစ်ပါတယ်။ ကျနော် ဒီပွဲစဉ်မှာ ပွဲထွက် ကစားခွင့် ရခဲ့တဲ့ အတွက် ပျော်ရွှင်မိပါတယ်။ ဒါပေမယ့် ဒီရှုံးပွဲဟာ ကျနော်တို့ အတွက် အရမ်းကို နာကျင်စရာ ကောင်းတယ်လို့ ထင်ပါတယ်။ ကျနော်တို့မှာ ရှင်းလင်းတဲ့ game plan ရှိခဲ့ပြီး ပွဲကို လွှမ်းမိုးနိုုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးဟာ လှိမ့်တာ တအားကို နှေးနေခဲ့ပါတယ်။ သူတို့ကတော့ အမြင့်ဘော ကစားဟန်တွေနဲ့ အတူ တအားကို လျှင်လျှင်မြန်မြန် ကစားနိုင်ခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

မန်စီးတီး ကွင်းလယ်လူ ရိုဒရီ ကတော့ စပိန်ရဲ့ ရှုံးနိမ့်ခဲ့မှု အတွက် ကွင်းဟာ အကြောင်းပြချက် မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ရိုဒရီက “သူတို့ ကောင်းကောင်း ကစားသွားခဲ့ပါတယ်။ ကွင်းရဲ့ မြက်ခင်းပြင်ဟာ အကြောင်းပြချက် မဟုတ်ပါဘူး။ သူ့ အခြေအနေနဲ့ သူပါ။ ပထမဂိုးဟာ ကျနော်တို့ အများကြီး ထိခိုက်မှု ရှိစေခဲ့ပါတယ်။ အဲဒီနောက် သူတို့ နောက်တန်းငါးယောက်ထားကာ ခံစစ်ကို လုံခြုံအောင် ကစားခဲ့ပါတယ်။ ကျနော်တို့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးက ဂိုးပိုက်ထဲကို မရောက်ခဲ့ပါဘူး။”

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular