ဂျေဒွန်ဆန်ချိုရဲ့ အပြောင်းအရွေ့ သတင်းတွေကြောင့် ရုန်းကန်နေရတဲ့ မန်ယူနိုက်တက် ကစားသမားတစ်ဦးကို ပြောပြလိုက်တဲ့ ကက်စ်ကာရီနို

ချဲလ်ဆီး ကစားသမားဟောင်း ဖြစ်သူ တိုနီ ကက်စ်ကာရီနိုက မားကပ်ရပ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်တို့ ဂျေဒွန်ဆန်ချိုကို ခေါ်ယူ တော့မယ် ဆိုတဲ့ ကောလဟာလ သတင်းတွေကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေတယ်လို့ ဆိုလိုက် ပါတယ်။ အင်္ဂလန် တိုက်စစ်မှုး ရပ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ရာသီက သူ့ကစားသမား ဘဝရဲ့ ရာသီကောင်း တစ်ခုကို ပိုင်ဆိုင် ခဲ့ပြီး ၎င်းဟာ ကလပ် နဲ့ နိုင်ငံအတွက် ၁၉ ဂိုးထိ သွင်းယူ နိုင်ခဲ့ပါတယ်။

အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ lockdown မတိုင်မီ ဒဏ်ရာ ပြသနာ ကြုံတွေ့ ခဲ့ရပြီး lockdown အပြီးမှာ ပြန်လည် ကစား နိုင်ခဲ့ပေမယ့်လည်း ရာသီအစပိုင်းက အကောင်းဆုံး ပုံစံကိုတော့ မမှီ ခဲ့ပါဘူး။ ဒါပေမယ့်လည်း ရပ်ဖို့ဒ်ဟာ အသင်း အတွက် ၁၃ ပွဲမှာ ၃ ဂိုးတော့ သွင်းယူ ပေးနိုင် ခဲ့ပါတယ်။

myan789

ချဲလ်ဆီး အက်စတွန်ဗီလာ နဲ့ မီဝေါ တိုက်စစ်မှုးဟောင်း ကတ်စ်ကာရီနို က ရပ်ဖို့ဒ်ဟာ lockdown ပြီးကတည်းက အရင်က ပုံစံမျိုး မဟုတ်တော့ဘူးလို့ ဆိုလိုက်ပြီး မန်ယူနိုက်တက်တို့ ဒေါ့မွန်စတား ဂျေဒွန်ဆန်ချို အတွက် ပေါင်သန်း ၁၀၀ ကျော် အသုံးပြုကာ အိုးထရပ်ဖို့ဒ်ကို ခေါ်ယူ သွားဖို့ ရှိနေတယ် ဆိုတဲ့ ကောလဟာလ သတင်းတွေ ကလည်း ရပ်ဖို့ဒ် အပေါ် ရိုက်ခတ်မှုတွေ ရှိနေတယ်လို့ ယုံကြည် နေပါတယ်။

ဘိုရပ်ရှားဒေ့ါမွန်ဟာ ဆန်ချို အတွက် ပေါင် ၁၀၈ သန်း မရဘူး ဆိုရင် အင်္ဂလန် စတားကို ကလပ်မှာ ဆက်ထိန်းထားဖို့ ဆုံးဖြတ် ထားပြီး မန်ယူနိုက်တက် ကတော့ ကိုဗစ် ၁၉ ကာလ အတွင်း ဒီပြောင်းရွေ့ကြေးကို ပေးချေရန် လက်တွန့် နေခဲ့တာ ဖြစ်ပါတယ်။ အိုလီဂန်နာဆိုးရှား ကတော့ အသင်းရဲ့ ညာတောင်ပံ တိုက်စစ် အတွက် ဆန်ချိုကို ခေါ်ယူဖို့ စိတ်အား ထက်သန် နေဆဲ ဖြစ်ပါတယ်။

ရပ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ စနေနေ့က ခရစ်စတယ်ပဲလေ့စ်ကို ၃-၁ နဲ့ အိမ်ကွင်းမှာ ရှုံးနိမ့် ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ယူနိုက်တက် အတွက် ပွဲချိန်ပြည့် ပါဝင် ကစား သွားခဲ့ ပေမယ့်လည်း အသင်း အတွက် တစ်စုံတစ်ရာ အကျိုးပြု နိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ခြေစွမ်းပြဖို့ ရုန်းကန် ခဲ့ရပါတယ်။

ကတ်စ်ကာရီနိုက “မန်ချက်စတာယူနိုက်တက် ဟာ ခရစ်စတယ်ပဲလေ့စ် အသင်း နဲ့ ပွဲစဉ်မှာ ခြေစွမ်း အတော် ဆိုးရွား ခဲ့ပါတယ်။ ဒါပေမယ့် ကစားသမား တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်ပိုင်းမှာ စိတ်ပူစရာ အကောင်းဆုံး ဖြစ်နေတာ ကတော့ မားကပ်ရပ်ဖို့ဒ်ပဲ ဖြစ်ပါတယ်။ ခရစ်စတယ်ပဲလေ့စ် ညာနောက်ခံလူ ဂျိုးဝက်ဟာ ဒီပွဲမှာ ရပ်ဖို့ဒ်ကို လူချ ကစား စရာတောင် မလိုခဲ့ ပါဘူး။ ကျွန်တော်တို့ ရပ်ဖို့ဒ် ဆီက မြင်နေကြတဲ့ ပေါက်ကွဲစွာ ကစားတက်တဲ့ တိုက်စစ် ကစားပုံကို လုံး၀ မမြင် ခဲ့ရပါဘူး။

ရပ်ဖို့ဒ်ဟာ ယူနိုက်တက် ရဲ့ tempo ကို သတ်မှတ် ပေးတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ အကယ်၍ ရပ်ဖို့ဒ် အနေနဲ့ တောင်ပံ ကနေ လျှင်မြန်တဲ့ ပြေးလွှားမှုတွေ လိမ်ခေါက် ကျော်ဖြတ်မှုတွေ နဲ့ ပြိုင်ဘက် နောက်ခံလူတွေကို ဖိအား ပေးနေပြီ ဆိုရင် အိုလီဂန်နာဆိုးရှားရဲ့ အသင်းဟာ တကယ့်ကို ကြောက်စရာ ကောင်းသွားပါတယ်။ အကယ်၍ သူ ပုံစံကောင်း မပြ နိုင်ခဲ့တဲ့ နေ့တစ်နေ့ ကြုံခဲ့ ရပြီဆိုရင် ယူနိုက်တက်ဟာ လေးလံ သွားခဲ့ပါတယ်။

တကယ်တော့ ရပ်ဖို့ဒ်ဟာ lockdown ပြီးကတည်းက အရင်ကလို မဟုတ်တော့ ပါဘူး။ ယူနိုက်တက်တို့ ပြီးခဲ့တဲ့ ရာသီက ရာသီအပိတ် လှပခဲ့ရာမှာ မေဆင်ဂရင်းဝုဒ် နဲ့ အန်သိုနီမာစီရယ် တို့ဟာ ၎င်းတို့ရဲ့ သွင်းဂိုးတွေ အတွက် ချီးကျူးမှုတွေ ခံခဲ့ ရပါတယ်။ ဒါ့အပြင် ဂျေဒွန်ဆန်ချို ရောက်လာ နိုင်တဲ့ ဆိုတဲ့ ကောလဟလ တွေကလည်း အများကြီး ထွက်ပေါ် နေခဲ့ပါတယ်။ ကျွန်တော် ဘာမှ မကူညီ နိုင်ပေမယ့် ဒါဟာ ရပ်ဖို့ဒ်ကို စိတ်ပျက်လက်ပျက် ဖြစ်နေစေမှာ သေချာပါတယ်။” လို့ ဆိုလိုက်ပါတယ်။

မန်ယူနိုက်တက်ဟာ ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ် အထိ ပါဝင်ခဲ့တာကြောင့် ရာသီသစ် မတိုင်မီ တစ်ပတ် ပိုမို အနားရခဲ့ ပေမယ့်လည်း ပဲလေ့စ်ကို ၃-၁ နဲ့ ရှုံးခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်း မကောင်းခဲ့တာကြောင့် ဝေဖန်မှုတွေ များစွာ ကြုံတွေ့ နေရပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်ဟာ မနေ့ညက ကစားခဲ့တဲ့ ကာရာဘောင်ဖလား ပွဲစဉ်မှာတော့ လူတန်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ရပ်ဖို့ဒ်ဟာ ၈၈ မိနစ်မှာ ဂိုးသွင်းပေးခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမည့် စနေနေ့ မှာတော့ ၎င်းတို့ရဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဘရိုက်တန်ကို အဝေးကွင်းမှာ သွားကစား ရမှာ ဖြစ်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular