ဂျေဒွန်ဆန်ချိုနဲ့ ပက်သက်ပြီး လီဗာပူးနဲ့ ယာဂန်ကလော့ တို့ကို အကြံပေး သွားခဲ့တဲ့ အန်ဖီး ဂန္တဝင် ဂျွန်ဘန်း

အန်ဖီးဂန္တဝင် ဂျွန်ဘန်းက ဘိုရပ်ရှားဒေ့ါမွန်ရဲ့ ဂျေဒွန်ဆန်ချိုကို ခေါ်ယူဖို့ဟာ လီဗာပူး အတွက် အဓိပ္ပာယ် မရှိဘူးလို့ ဆိုလိုက်ပြီး အင်္ဂလန် ကြယ်ပွင့် အနေနဲ့ အန်ဖီးကို ခြေချလိမ့်မယ်လို့ သူမထင်မိကြောင်း ပြောသွား ခဲ့ပါတယ်။ ဆန်ချိုဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် နောက်ပိုင်း မန်ချက်စတာစီးတီးမှ ဒေ့ါမွန်ကို ပြောင်းရွေ့ လာခဲ့ပြီး နောက်ပိုင်း ဥရောပရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး လူငယ်ကြယ်ပွင့်တွေ ထဲက တစ်ဦး အဖြစ် တစ်ဟုန်ထိုး တိုးတက် လာခဲ့သူ ဖြစ်ပါတယ်။

အသက် ၂၀ အရွယ် ကစားသမားဟာ ဂျာမန် ကလပ် အတွက် ၁၀၂ ပွဲကစားကာ ၃၅ ဂိုး သွင်းယူ နိုင်ခဲ့ပြီး အသင်းဖော်တွေ အတွက်လည်း ဂိုးဖန်တီးမှုတွေ အများအပြား လုပ်ပေး နိုင်ခဲ့ကာ လက်ရှိ အချိန်မှာ ဂါရက်ဆောက်ဂိတ်ရဲ့ အင်္ဂလန် အသင်းမှာ ပုံမှန် ရွေးချယ်ခြင်း ခံနေရသူ အဖြစ် ရပ်တည် နေပါတယ်။ ဆန်ချိုရဲ့ စွမ်းဆောင်ရည် အပေါ် ဥရောပရဲ့ ထိပ်တန်း ကလပ်တွေက စိတ်ဝင်စား နေကြပြီး မန်ချက်စတာယူနိုက်တက် အသင်း ဆိုရင်လည်း ပြီးခဲ့တဲ့ နွေရာသီ တစ်လျှောက်လုံး ဆန်ချိုကို ခေါ်ယူ နိုင်ရန် အပြင်းအထန် ကြိုးစား ခဲ့ပါသေးတယ်။

myan789

ဒါပေမယ့်လည်း မန်ယူနိုက်တက်ဟာ ဆန်ချို အတွက် ဒေ့ါမွန်တို့ လိုချင်တဲ့ ပြောင်းရွေ့ကြေး ယူရို သန်း ၁၂၀ ကို သတ်မှတ်ထားတဲ့ ရက်အတွင်း ပေးချေ နိုင်ခဲ့ခြင်း မရှိတာကြောင့် နောက်ဆုံးမှာ အပြောင်းအရွေ့ ကိစ္စ မဖြစ်ပေါ်ခဲ့ဘဲ ဆန်ချို အနေနဲ့ အနည်းဆုံးတော့ ဒေါ့မွန်မှာ နောက်တစ်ရာသီ ဆက်ရှိ နေတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ် နေတဲ့ သတင်းများ အရ လာမည့် နွေရာသီမှာ ဆန်ချိုကို မန်ချက်စတာယူနိုက်တက် ထက်စာရင် လီဗာပူးက ခေါ်ယူ နိုင်ရန် ပိုမို အလားအလာ ကောင်းနေတယ်လို့ ဖော်ပြ နေကြပါတယ်။ ဒါပေမယ့်လည်း ဂျွန်ဘန်းက လီဗာပူးတို့ ဆန်ချိုကို ခေါ်ယူ လိမ့်မယ်လို့ မထင်မိဘဲ ဒီအပြောင်းအရွေ့ဟာ ပရီးမီးယားလိဂ် ချန်ပီယံ အတွက် ဘာကြောင့် အဓိပ္ပာယ် မရှိတာလဲ ဆိုတာကို ရှင်းပြ သွားခဲ့ ပါတယ်။

ဘန်းက “ကျွန်တော် ကတော့ ဂျေဒွန်ဆန်ချိုဟာ လီဗာပူးမှာ ဆာဒီယိုမာနေး ၊ မိုဟာမက်ဆာလား နဲ့ ရောဘတ်တို ဖာမီနို တို့ကို ကျော်ကာ ပွဲထွက် ကစားခွင့် ရရှိ လိမ့်မယ်လို့ မထင်မိ ပါဘူး။ ဒါ့ကြောင့် သူ့အနေနဲ့ လီဗာပူးကို ရောက်ရှိ လာခဲ့မယ် ဆိုရင် နေရာ တစ်နေရာ အတွက် တိုက်ပွဲ ဝင်သွား ရမှာ ဖြစ်ပါတယ်။ သူ အသင်းမှာ ချက်ချင်းကြီးတော့ နေရာ ရသွားမှာ မဟုတ်ပါဘူး။

လီဗာပူးရဲ့ ၃ ဦးတွဲ တိုက်စစ်ထဲက ဘယ်သူမှ အစားထိုး ခံရလိမ့်မယ်လို့ ကျွန်တော် မထင်မိ ပါဘူး။ ဒါ့အပြင် သူတို့ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့မှာ ဒီယေဂိုဂျိုတာကို ပေါင် ၄၅ သန်း နဲ့ ခေါ်ယူ ထားခဲ့သလို သူတို့မှာ အိုရီဂီ ၊ မီနာမီနို နဲ့ ရှကီရီ တို့လည်း ရှိနေ ပါတယ်။ ဒါ့ကြောင့် ဆန်ချို အတွက် ဒီလောက် ငွေကြေး များစွာ အသုံးပြုပြီး ခေါ်ယူဖို့ ကြိုးစားသွားမယ် ဆိုတာ အဓိပ္ပာယ် မရှိပါဘူး။

လီဗာပူးတို့ ဆန်ချိုကို ခေါ်ယူ သွားခဲ့မယ် ဆိုရင် ကျွန်တော် အတော် အံ့အား သင့်မိ မှာပါ။ အရမ်း ကောင်းတဲ့ ထိပ်တန်း ကစားသမားတွေ အသင်းကို ရောက်လာတာဟာ ကောင်းပါတယ်။ ဒါပေမယ့် လီဗာပူးဟာ အထူး လိုအပ်နေတာ မဟုတ်တဲ့ နေရာ အတွက် ကစားသမား တစ်ဦးတည်း အပေါ် ပေါင်သန်း ၁၀၀ ကျော် အသုံးပြုကာ ခေါ်ယူ သွားလိမ့်မယ်လို့ ကျွန်တော် မထင်မိ ပါဘူး။ ဒီအပြောင်းအရွေ့ ဖြစ်ပေါ် လာလိမ့်မယ်လို့ ကျွန်တော် မထင်မိ ပါဘူး။” လို့ ဆိုသွားပါတယ်။

ပရီးမီးယားလိဂ် ဖလားကို ကာကွယ်ဖို့ ကြိုးစား သွားမယ့် လီဗာပူးဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ကော့စတပ်ဆီမီကတ်စ် ၊ တီယာဂို အယ်ကန်တာရာ နဲ့ ဂျိုတာ တို့ကို ခေါ်ယူ နိုင်ခဲ့ပါတယ်။ ကလော့ရဲ့ အသင်းဟာ ၂၀၂၀-၂၁ ရာသီရဲ့ အဖွင့်ပွဲစဉ် ၃ ပွဲစလုံးမှာ ရမှတ် အပြည့် ယူနိုင် ခဲ့ပေမယ့်လည်း နောက်ဆုံး ကစား ခဲ့တဲ့ လိဂ်ပွဲစဉ် မှာတော့ အက်စတွန်ဗီလာကို ၇ ဂိုး ၂ ဂိုးနဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့် ထားခဲ့ပါတယ်။

လီဗာပူးဟာ လာမည့် အောက်တိုဘာလ ၁၇ ရက်နေ့ မာဆေးဆိုက် ဒါဘီမှာ ဒီရာသီ ပုံစံကောင်းပြကာ ထိပ်ဆုံးမှာ ဦးဆောင် နေတဲ့ အဲဗာတန်ကို ဂွတ်ဒီဆင်ပက်မှာ သွားကစား ရမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ အရှက်အကွဲ ရှုံးနိမ့် ခဲ့မှု ကနေ ရုန်းထွက် သွားဖို့ ပစ်မှတ် ထားနေပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular