ဂျူဗီ ကို စောစောစီးစီး ရှုံးပွဲ မတွေ့အောင် သူ့ရဲ့ သွင်းဂိုးတွေ နဲ့ ကယ်တင်လိုက်တဲ့ ရိုနာဒို

ဂျူဗီ နည်းပြသစ်ပီယာလိုဟာစီးရီးအေအဖွင့်ပွဲစဉ်မှာဆမ်ဒိုးရီးယားကိုဂိုးပြတ်အနိုင်ရရှိခဲ့ပေမယ့် ၊ပွဲစဉ်2မှာတော့ရိုးမားကိုနောက်ကနေလိုက်ကစားပြီးသရေတစ်မှတ်သာရယူနိုင်ခဲ့ပါတယ်။အဖွင့်ဂိုး ကိုတော့ ရာဘီယို့ လက်ထိလို့ ရခဲ့တဲ့ ပင်နယ်တီ ကို ရိုးမား ကွင်းလယ် ကစားသမား ဗာတူ က သွင်းယူသွားခဲ့တာပါ။ သို့သော် ပထမပိုင်း ပြီးခါနီးမှာပဲ ရိုးမား ကစားသမား တစ်ယောက်ဟာ ရိုနာဒို ရဲ့ တိုက်စစ် ထိုးဖောက်မှု ကို ဟန့်တားရာမှာ လက်ထိဘော ဖြစ်ခဲ့လို့ ပင်နယ်တီ ပြန်ပေးလိုက်ရပါတယ်။ဒီပင်နယ်တီ ကိုတော့ ရိုနာဒို ကပဲ ကန်သွင်းပြီး ချေပဂိုး ရယူသွားခဲ့တာပါ။

ပထမပိုင်းပြီးဖို့စက္ကန့်ပိုင်းပိုင်းအလိုမှာပဲဂျုဗီဟာဖရီးကစ်ကနေတဆင့်ဦးဆောင်ဂိုးရဖို့ကြိုးစားရင်းကနေ ရိုးမား ရဲ့ တန်ပြန် တိုက်စစ်ကို ခွင့်ပြုလိုက်ပြီး ၊ မစ်ခီတာရန် ထိုးပေးတဲ့ ဘောလုံးကို ဗာတူ ကပဲ သေသေသပ်သပ် အဆုံးသတ်က ဒုတိယ အကြိမ် ဦးဆောင်ဂိုး ရယူသွားခဲ့ပါတယ်။

myan789

ဒုတိယ ပိုင်းမှာတော့ အိမ်ရှင် ဂျူဗီ ဟာချေပဂိုးပြန်ရဖို့ကြိုးစားခဲ့ပေမယ့်၊ကွင်းလယ်ကစားသမား ရာဘီယို့စ် က နှစ်ဝါ တစ်နီ နဲ့ ထုတ်ခံလိုက်ရလို့ တစ်ယောက်လျှော့ ဖြစ်သွားခဲ့ပါတယ်။ သို့သော် လိုအပ်နေတဲ့ချေပဂိုးကိုတော့ဒန်နီလိုရဲ့ဖြတ်တင်ဘောကနေတဆင့်ရိုနာဒိုကိုအပိုင်ခေါင်းတိုက်ပြီး သွင်းယူ ပေးနိုင်ခဲ့ပါတယ်။

အခု ဆိုရင် ရိုနာဒို ဟာ စီးရီးအေ 2 ပွဲ ဆက်တိုက် ဂိုးသွင်းယူထားပြီး ၊ စုစုပေါင်း သွင်းဂိုး က 3 ဂိုး အထိ ရှိပါတယ်။

ပွဲအပြီးမှာတော့ ပေါ်တူဂီ အသင်းခေါင်းဆောင်ကြီး က –

“ ကျနော်တို့ ဟာ အဖိုးတန် တစ်မှတ် ကို ရယူနိုင်ခဲ့တာ ထင်ပါတယ်။ အထူးသဖြင့် အနီကဒ် ပြသခံလိုက်ရပြီးနောက်ပိုင်းမှာပွဲအခြေအနေကတော်တော်လေးရှုပ်ထွေးသွားခဲ့တာပါ။ဒါပေမယ့် ရာသီ အကုန်ရောက်ရင်တော့ ဒီပွဲမှာ ရလိုက်တဲ့ တစ်မှတ် ဟာ အရမ်းကို အရေးပါတဲ့ အမှတ် ဖြစ်တယ်ဆိုတာ သက်သေပြနိုင်အောင် ကြိုးစားသွားရမှာပါ။

အခုမှ ကျနော်တို့ဟာ ရာသီ အစပဲ ရှိပါသေးတယ်။ နည်းပြသစ် ၊အိုက်ဒီယာသစ်ဖြစ်တဲ့အချိန်မှာ သရေ ရလာဒ်ကိုသွားပြီးကြည့်လို့မရပါဘူး။တစ်သင်းလုံးစွမ်းဆောင်ရည်အရတိုးတက်လာသလို ၊အားလုံးမှာနိုင်ချင်တဲ့အစိတ်ဖြစ်နေတာတွေက၊ကောင်းမွန်တဲ့အနာဂတ်တစ်ခုကိုညွှန်ပြနေသလိုပါပဲ” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

ဒီပွဲမှာ 2 ဂိုး သွင်းယူနိုင်ခဲ့တဲ့ အတွက် ရိုနာဒို ဟာ ဥရောပ ထိပ်သီးလိဂ် 5 ခုမှာ စုစုပေါင်း သွင်းဂိုး 450 အထိ သွင်းယူပြနိုင်တဲ့ ပထမဆုံး ကစားသမား အဖြစ် မှတ်တမ်း ဝင်သွားခဲ့ပါတယ်။ သူဟာ ယူနိုက်တက် အတွက် 84 ဂိုး ၊ ရီးရဲ မက်ဒရစ် မှာ 311 ဂိုး နဲ့ ဂျူဗင်တပ် အတွက် 55 ဂိုးစီ သွင်းယူ ပေးထားပြီးပြီ ဖြစ်ပါတယ်။

နည်းပြပီယာလိုကတော့ဒီပွဲသရေကျသွားခဲ့တာနဲ့ပတ်သက်ပြီးအခုလိုမှတ်ချက်ပေးသွားခဲ့ပါတယ်။

“ကျနော်တို့ဟာပုံစံမတူတဲ့အသင်းနှစ်သင်းကိုရင်ဆိုင်ကစားခဲ့ရတာပါ။ဒါကြောင့်ဒီပွဲကစားပုံဟာ ဆမ်ဒိုးရီးယားနဲ့ကပွဲလိုအသုံးပြုလို့မရဘူးဆိုတာတော့ကောင်းကောင်းနားလည်ထားပါတယ်။စွမ်းဆောင်မှု ပိုင်းအရ ကြည့်မယ် ဆိုရင်တော့ နည်းနည်းလေး ကျသွားတာပေါ့ ၊ ဒါတွေဟာ ရာသီ အကြို ပြင်ဆင်မှုတွေမှာ လုံလောက်မှု မရှိခဲ့တဲ့ အကျိုးဆက်တွေပါ။

တစ်မှတ် ရလိုက်တာတော့ တော်တော်လေး အဖိုးတန်တယ်လို့ပဲ ပြောချင်ပါတယ်။ ကျနော်တို့ ဟာနှစ်ကြိမ်တိုင်တိုင်ဦးဆောင်ခံခဲ့ရသလို၊10ယောက်ထဲနဲ့အချိန်တော်တော်များများကစားခဲ့ရတာလေ။ရိုးမားဟာဘယ်လိုပုံစံမျိုးတွေနဲ့တိုက်ပွဲဝင်လာမယ်ဆိုတာကြိုပြီးတော့သိနေခဲ့ပါတယ်။ ကျနော်တို့က ကိုယ် ဖြစ်ချင်တဲ့ အတိုင်းပဲ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့တာပါ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular