spot_img

ဂိုးမများနိုင်ဘူး ဆိုတဲ့ အာဆင်နယ် Vs ချဲလ်ဆီး လန်ဒန်ဒါဘီ ပွဲအပေါ် ခရစ်ဆပ်တန် ရဲ့ ခန့်မှန်းချက်

” ဖရန့် လမ်းပတ် ကတော့ ရည်ရွယ်ချက်ကောင်းနဲ့ ချဲလ်ဆီး အသင်း ရဲ့ နည်းပြ ရာထူး တာဝန် ကို လက်ခံ ရယူလိုက်တာပါပဲ ။ ဒါပေမယ့် သူ့ရဲ့ ချဲလ်ဆီးယာယီ နည်းပြ ဘဝ က တကယ့်ကို ကပ်ဆိုက်နေပါတယ် ၊ ငါးပွဲ ကစား ငါးပွဲ စလုံး ရှုံးထားပါတယ် ၊ ဒီတစ်ပတ်လုံး ပိုချက်တီနို နဲ့ သတင်းတွေ ထွက်နေပေမယ့် လမ်းပတ် က နည်းပြ ရာထူး နေရာမှာ ဆက်ရှိနေဆဲပါ ။ ”

” ရီးရဲလ် မက်ဒရစ် ကို ရှုံးတာက သူ့ကို အဲ့လောက် ဆိုးစေတာ မဟုတ်ပါဘူး ။ ဒါပေမယ့် ဝုလ်ဗ် ကို ရှုံးတယ် ၊ ဘရိုက်တန် အသင်းကို ခြေစွမ်း အပြတ်အသတ်နဲ့ ထပ်ရှုံးတယ် ၊ ဘရန့်ဖိုဒ့် ကို အိမ်ကွင်းမှာ ထပ်ရှုံးတာတွေက သိပ်ကို ဆိုးရွား သွားစေခဲ့တာပါ ၊ ပျားတွေက အခုဆို ချဲလ်ဆီး ထက် ၈ မှတ်သာ သွားပါပြီ ( မနေ့က ပွဲအပြီးမှာ ၁၁ မှတ်သာ သွားပါပြီ ) ။ ဒီလို မျိုး ဖြစ်လာမယ်လို့ ဘယ်သူက စိတ်ကူး ထားမိမှာလဲဗျာ ။ ”

myan789

” ချဲလ်ဆီး က အသင်း တစ်သင်း နဲ့ကို မတူတော့တာပါ ၊ ဒါက သူတို့ အတွက် အကြီးမားဆုံး ပြဿနာ ပါပဲ ၊ အာဆင်နယ် မှာလည်း ပြဿနာတွေ ရှိပါတယ် ၊ သူတို့ရဲ့ ယုံကြည်မှု က အစိတ်စိတ် အမြွာမြွာ ဖြစ်နေပုံ ပေါ်ပါတယ် ။ ချန်ပီယံလုပွဲမှာ စီးတီး ကို အဲ့ဒီလောက် အထိ ဂိုးပြတ် ရှုံးလိမ့်မယ်ဆိုတာ ကျနော်တို့ မသိခဲ့ပါဘူး ။ ”

” ဒီပွဲက သုံးသပ် ခန့်မှန်းရတာတော့ ခက်ခဲပါတယ် ၊ ချဲလ်ဆီး က အခြေအနေ အရမ်းဆိုးနေတဲ့ အသင်းပါ ၊ အာဆင်နယ် အသင်းကလည်း ဒီရာသီကို အကောင်းဆုံး ပုံစံ နဲ့ အဆုံးသတ်ချင်နေသူပါ ၊ ဒီပွဲက အရမ်းကောင်းမယ့် ပွဲတော့ မဟုတ်ပါဘူး ၊ သွင်းဂိုးလည်း များဖို့ မရှိပါဘူး ၊ ဒါပေမယ့် ကျနော် အာဆင်နယ် အသင်း ဘက်ကပဲ နေပီး သူတို့ အနိုင်ရမယ်လို့ပဲ ခန့်မှန်း ပေးချင်ပါတယ် ။ ”

ခရစ်ဆပ်တန်ရဲ့ ခန့်မှန်းချက် – အာဆင်နယ် ၂-၁ ချဲလ်ဆီး

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular