ဂိုးပြတ် နိုင်ပွဲနဲ့ အတူ ယူနိုက်တက်တို့ ကာရာဘောင် ဖလား ပြိုင်ပွဲရဲ့ ကွာတား ဖိုင်နယ် အဆင့်ကို တက်ရောက် ခဲ့တဲ့ ပွဲစဉ်မှ မှတ်သားဖွယ် အချက် 5 ချက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ ကာရာဘောင် ဖလား ပြိုင်ပွဲ ရဲ့ Round 4 ပွဲစဉ် အဖြစ် ဘရိုက်တန် အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး 0 – 3 ဆိုတဲ့ ဂိုးပြတ် နိုင်ပွဲကို ရယူ နိုင်ခဲ့ကြ ပါတယ် ။ ဒါက ယူနိုက်တက် အတွက်တော့ ဘရိုက်တန်ကို 5 ရက် အတွင်း အဝေးကွင်း နှစ်ပွဲဆက် အနိုင် ရရှိခြင်း ဖြစ်သွား ခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ပြီးခဲ့တဲ့ တစ်ပါတ်က အသုံးပြုခဲ့တဲ့ ပွဲထွက် ကစားသမား စာရင်းကို 10 ယောက် အထိ အပြောင်းအလဲ လုပ်ဆောင် သွားခဲ့ပါတယ် ။ အဲ့ဒီ ထဲမှာတော့ လင်ဒီလော့ဖ် တစ်ဦးသာ နှစ်ပွဲလုံး ကစားခွင့် ရရှိ ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်ခဲ့ရ ပါတယ် ။

myan789

ဒီနေ့ ပွဲစဉ်မှာ အထူး တောက်ပ နိုင်ခဲ့ ကြသူတွေ ကတော့ ဂိုး သမား ဒင်းန် ဟန်ဒါဆန် နဲ့ ကွင်းလယ် ဖန်တီးရှင် ဟွမ် မာတာ တို့ပဲ ဖြစ်ကြ ပါတယ် ။ ဟန်ဒါဆန်ဟာ ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှု အချို့ လုပ်ဆောင် ပြနိုင် ခဲ့ပြီး ပွဲထွက် ကစားခွင့် တစ်နေရာ ရယူနိုင်ရေး အတွက် ဒီဂီယာကို ဆက်လက် ဖိအားပေး သွားနိုင်ခဲ့ ပါတယ် ။

ဟွမ် မာတာ ကတော့ တော်မီနေး ခေါင်းတိုက် ခဲ့တဲ့ အဖွင့်ဂိုးကို ဖရီးကစ်မှ တစ်ဆင့် ဖန်တီး ပေးနိုင်ခဲ့ သလို ဒုတိယမြောက် ဦးဆောင်ဂိုး ကိုလည်း သွင်းယူ ပေးသွား နိုင်ခဲ့ပါတယ် ။ ဒါဟာ မာတာ အတွက် ယူနိုက်တက် ကစားသမား ဘဝရဲ့ သွင်းဂိုး 50 ပြည့်မြောက် သွားခဲ့ ရတဲ့ ပွဲစဉ်လည်း ဖြစ်သွား ခဲ့ရ ပါတယ် ။

ယူနိုက်တက် အတွက် တတိယမြောက် သွင်းဂိုး ကိုတော့ လုူစားဝင် ကစားခွင့် ရရှိ ခဲ့တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ က ဖရီးကစ်မှ တစ်ဆင့် သွင်းယူ ပေးသွား နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ ယူနိုက်တက် တို့ဟာ ကာရာဘောင် ဖလား ပြိုင်ပွဲ ရဲ့ ကွာတား ဖိုင်နယ် အဆင့်ကို တက်ရောက် သွားနိုင် ခဲ့ကြ ပါပြီ ။

ဗန်ဒီ ဘိခ် နောက် တစ်ကြိမ် ပွဲထွက် ကစားခွင့် ရရှိ ခဲ့ပြီး ဂိုး ဖန်တီးမှု လုပ်ဆောင်ရင်း ပရီးမီးယားလိဂ် ပြိုင်ပွဲ မှာပါ နေရာ ရရှိ သင့်ပြီ ဆိုတာကို မက်ဆေ့ ပေးဆောင် သွားနိုင်ခဲ့တဲ့ အဆိုပါ ပွဲစဉ်မှ မှတ်သားဖွယ် ဖြစ်ခဲ့ ရတဲ့ အချက် 5 ချက်ကို ဖော်ပြပေးလိုက် ပါတယ် ။

(1) ပုံမှန် ပွဲထွက်ခွင့် ရရှိသင့်ကြောင်း ပြသလိုက်တဲ့ ဘိုင်လီ

မန်ချက်စတာ ယူနိုက်တက် အသင်းမှ ပေးဂိုးတွေ များပြား နေခဲ့ခြင်း ၊ အမှား ကျူးလွန်မှု တွေကို မကြာခန ဖြစ်ပေါ် နေခဲ့ရခြင်း တွေကြောင့် ဗဟို ခံစစ် ကစားသမားသစ် ခေါ်ယူစေချင်သူ များခဲ့ကြ ပါတယ် ။ အထူးသဖြင့် ဗဟို ခံစစ် ကစားသမား ဖြစ်သူ ဗစ်တာ လင်ဒီလော့ဖ်ဟာ မက်ဂွားယား နဲ့ အလိုက်သင့် အံဝင်အောင် တွဲဖက် ကစားဖို့ ရုန်းကန် နေခဲ့ရ ပါတယ် ။

အခုတော့ ယူနိုက်တက်တို့ ဗဟို ခံစစ် နေရာ အတွက် ငွေတွေ ထပ်မံ သုံးစွဲ စရာ မလိုတော့ကြောင်း ဘိုင်လီက သက်သေ ပြနေခဲ့ ပါပြီ ။ အဲရစ် ဘိုင်လီဟာ ဆိုးလ်ရှား လက်အောက်မှာ ဒဏ်ရာ ပြသနာတွေ အကြား ရုန်းကန်ရတာ များပြား နေခဲ့တဲ့ အတွက် ဘယ်လို ကစားသမားမျိုး ဖြစ်သလဲ ဆိုတာ ပြသခွင့် အရမ်းကို နည်းပါး ခဲ့ရ ပါတယ် ။

သူဟာ ဘရိုက်တန်နဲ့ ပွဲမှာ ပွဲထွက် ကစားခွင့် ပြန်လည် ပိုင်ဆိုင်မှု နဲ့ အတူ တည်ငြိမ်တဲ့ ကစားဟန် တွေကို ပြသ သွားနိုင်ခဲ့ပါတယ် ။ သူဟာ ပွဲချိန် အတွင်း ဘောလုံး ဖျက်တောက်မှု ၊ လုယူမှု တွေကို အကောင်းဆုံး လုပ်ဆောင်ရင်း အသင်းရဲ့ ခံစစ်မှာ ပေးဂိုး မရှိရလေအောင် ကူညီပေးရင်း ပုံမှန် ပွဲထွက် ကစားခွင့် နဲ့ ထိုက်တန်ကြောင်း ပြသ နိုင်ခဲ့ ပါပြီ ။

(2) ရွေ့လျားမှု စွမ်းရည် ထူးကဲတဲ့ ဒွန်နီ

ဒွန်နီ ဗန်ဒီ ဘိခ်ဟာ ဒီနွေ အတွင်း ယူနိုက်တက်တို့ ခေါ်ယူ ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်ပြီး ပွဲစဉ် 2 ပွဲ ပြီးဆုံးခဲ့ချိန် အထိ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပွဲထွက် ကစားခွင့် မရရှိခဲ့သေးပဲ လူစားဝင် ကစားသမား အဖြစ်သာ ကစားခွင့် ရရှိ ထားခဲ့သူ ဖြစ်ပါတယ် ။

သူဟာ ကာရာဘောင် ဖလား ပွဲစဉ် နှစ်ပွဲ မှာတော့ ပွဲထွက်ခွင့် တွေကို ရရှိ နိုင်ခဲ့ ပါတယ် ။ အခုတော့ ပွဲထွက် ကစားခွင့် ရရှိ ခဲ့တဲ့ ဗန်ဒီ ဘိခ်ဟာ နံပါတ် 6 ၊ နံပါတ် 8 ၊ နံပါတ် 10 နေရာ အစုံမှာ ရွေ့လျား ကစား နိုင်စွမ်း ရှိကြောင်း ၊ ဒီလို ကစားရင်း အသင်းကို ကူညီ ပေးနိုင်ကြောင်း သက်သေ ပြသွားခဲ့ ပါပြီ ။

ယူနိုက်တက် နည်းပြ ဆိုးလ်ရှား အနေနဲ့ သူ့ကို ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့် ပေးသွားမယ် ဆိုရင် ဘယ် နေရာမှာ ကစားစေမလဲ ဆိုတာ ခေါင်းခဲ ရပါ တော့မယ် ။ ဒီနေ့ ပွဲစဉ် အရတော့ သူဟာ တိုက်စစ်ပိုင်းမှာ ဂိုး သွင်းခွင့် ၊ ဖန်တီးမှု လုပ်ဆောင်ခွင့် ရတာ ပိုမို နှစ်သက်ကြောင်း ပြသ သွားခဲ့ ပါတယ် ။

(3) စာမေးပွဲ အောင်သွားပြီ ဖြစ်တဲ့ ဟန်ဒါဆန်

မန်ချက်စတာ ယူနိုက်တက် အသင်းကို ဒင်းန် ဟန်ဒါဆန် ပြန်လည် ရောက်ရှိလာကတည်းက သူဟာ ဒီဂီယာကို ဖိအားပေးနိုင် မလား ၊ နံပါတ် တစ် ဂိုးသမား နေရာ အတွက် ထိုက်တန်သူ တစ်ဦး ဟုတ်ရဲ့လား ၊ ယူနိုက်တက် ဆိုတဲ့ ဖိအား အောက်မှာ ပုံစံကောင်း ပြသ နိုင်မလား ဆိုပြီး မေးခွန်းတွေ ထုတ်ခံ ခဲ့ရ ပါတယ် ။

အခုတော့ သူက ယူနိုက်တက်အတွက် ကာရာဘောင် ဖလား ပြိုင်ပွဲ နှစ်ပွဲမှာ ပွဲထွက် ကစား ပေးရင်း ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှု ၊ ချိတ်ဆက် ကစားပုံ ကောင်းမွန်မုှ တွေကို လုပ်ပြ နိုင်ခဲ့ ပါတယ် ။ အဆိုပါ ပွဲစဉ် နှစ်ပွဲမှာ ယူနိုက်တက်တို့ ဂိုး လုံးဝ မပေး ခဲ့ရ ပါဘူး ။ သူဟာ ထွက်ပေါ် နေခဲ့တဲ့ မေးခွန်း တွေကို အသံတိတ် စေခဲ့ကာ စာမေးပွဲ အောင်ပြီဖြစ်ကြောင်း ပြသသွားခဲ့ ပါပြီ ။

(4) အခွင့်အရေးကို အမိအရ ဆုပ်ကိုင် ပြနိုင် ခဲ့တဲ့ ဒါးလော့

ဒီယိုဂို ဒါးလော့ ကလည်း အသင်းဖော် ဘိုင်လီ နည်းတူ ဒဏ်ရာ ပြသနာတွေ အကြား ရုန်းကန် နေခဲ့ရသူ တစ်ဦးပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့်လည်း ဆိုးလ်ရှားက ဝမ် ဘစ်ဆာကာကို ခေါ်ယူ ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ဒါးလော့ဟာ ယုံကြည် စိတ်ချ နိုင်ဖွယ် ကစားပုံ တွေကို မပြသ နိုင်တာ များခဲ့ ပါတယ် ။
ဒါ့ကြောင့် ယူနိုက်တက် ခံစစ်မှာ ဘစ်ဆာကာဟာ မနားတမ်း ကစားခဲ့ ရတာပဲ ဖြစ်ပါတယ် ။ အခုတော့ ဘစ်ဆာကာ အနားယူနေခဲ့ချိန် တွေမှာ ဖိုဆူမန်ဆာ့က အဆိုပါ နေရာမှာ ပါဝင်လာခဲ့တဲ့ အတွက် ဒါ့းလော့ ရဲ့ ယူနိုက်တက် အနာဂတ်ဟာ သာယာ လှပမှု မရှိတော့ဘူး ဆိုပြီး အသံတွေ ကျယ်လောင် လာခဲ့ရပါတယ် ။

ဒါပေမယ့် ဒါးလော့ ကတော့ နောက်ဆုံး အခွင့်အရေး ရရှိခြင်းလို့ ပြောလို့ ရနိုင်မယ့် ပွဲစဉ်မှာ သင့်တင့် ကောင်းမွန်တဲ့ ခံစစ်ပိုင်း ကစားပုံ ပြသ ခဲ့တဲ့ အပြင် တိုက်စစ်ပိုင်းမှာ ဘစ်ဆာကာ မလုပ်ပြ နိုင်ခဲ့တဲ့ ဖြတ်တင်ဘော ပေးပို့မှု တွေကို အကြိမ် များစွာ လုပ်ဆောင် ပြသွား နိုင်ခဲ့ပါတယ် ။ သူဟာ အခွင့်အရေးကို အမိအရ ဆုပ်ကိုင် ပြသွား နိုင်ခဲ့ ပါတယ် ။

အကယ်လို့ သူသာ ဒဏ်ရာ ပြသနာတွေကို ရှောင်လွှဲရင်း တိုးတက် ကောင်းမွန်အောင် ဆက်လက် ကြိုးစား နိုင်ဦးမယ် ဆိုရင် ပွဲထွက် ကစားခွင့် အချို့ကို ပိုင်ဆိုင် သွားမှာ အသေအချာ ပါပဲ ။ အထူးသဖြင့် တိုက်စစ်ဆင် ကစားသင့်တဲ့ ပွဲစဉ် တွေမှာ သူ့ကို ပွဲထုတ်တာက ဆိုးလ်ရှားအတွက် ပိုကောင်းတဲ့ အရာတစ်ခု ဖြစ်လာ နိုင်ပါ လိမ့်မယ် ။

(5) အရန်လူရဲ့ အရည်အသွေး တွေကို သိခဲ့ရတဲ့ ည

ဒီနေ့ည မှာတော့ ဟန်ဒါဆန် ၊ ဘိုင်လီ ၊ ဒါးလော့ ၊ ဗန်ဒီ ဘိခ် မာတာ နဲ့ တော်မီနေး တို့ဟာ ပွဲထွက် ကစားခွင့် တွေကို ကိုယ်စီ ရရှိ နိုင်ခဲ့ကြပြီး ပုံစံကောင်း တွေကို ပြသ သွားနိုင် ခဲ့ကြ ပါတယ် ။ ဖရက်ဒ် နဲ့ ဘရန်ဒန် ဝီလီယံတို့ ကတော့ ပုံမှန် စွမ်းဆောင်ရည်ကို ထိန်းသိမ်း ပြသ သွားနိုင် ခဲ့ကြ ပါတယ် ။

ဒါပေမယ့် သူ နှစ်ခြိုက်တဲ့ ဘယ် တောင်ပံ တိုက်စစ် နေရာမှာ ပွဲထွက်ခွင့် ရရှိ ခဲ့တဲ့ ဒန်နီယယ် ဂျိမ်းစ် ကတော့ ပုံစံကောင် ပြသနိုင်ဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။ တိုက်စစ်မှူး အဖြစ် ပွဲထွက် လာခဲ့တဲ့ အစ်ဂ်ဟာလိုဟာ ကောင်းမွန်တဲ့ ကစားအား တစ်ခုကို ပြသနိုင်ခဲ့ ပေမယ့် အစပိုင်း မိနစ် တွေမှာသာ ကောင်းခဲ့ပြီး နောက်ပိုင်း စွမ်းဆောင်ရည် ကျဆင်း သွားခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ်ကို ခြုံငုံ ကြည့်ရှု လိုက်မယ် ဆိုရင်တော့ ယူနိုက်တက် တို့ရဲ့ အရန်လူ စာရင်းဟာ ဆိုးလ်ရှား အတွက် အပေါင်း လက္ခဏာ ဆောင်ကျဉ်း စေတာ များခဲ့ရ ပါတယ် ။ ဒီလိုသာဆိုရင် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား နဲ့ အမှုဆောင်ချုပ် အက်ဒ်ဝုဝဒ်တို့ ဈေးကွက်ထဲ ခံစစ်ထက် တိုက်စစ်ကို ဦးစားပေး ခေါ်ယူရမယ် ဆိုတဲ့ အချက် တစ်ခုကို သိမြင်နေလောက် ပါပြီ ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular