ဂါရတ် ဘေးလ် ကြောင့် စပါးဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို အနီးကပ်ဆုံး စိန်ခေါ်လာနိုင်တယ် လို့ ဆိုလိုက်တဲ့ အေးဂျင့် ဘားနက်

ရီးရဲ မက်ဒရစ် မှာ အခက်ခဲပေါင်း များစွာ နဲ့ ရင်ဆိုင် ဖြတ်သန်းခဲ့ပြီး နောက်ပိုင်း ၊ လက်ရှိ အပြောင်းအရွှေ့မှာတော့ ဂါရတ် ဘေးလ် ဟာ စပါး အသင်းဆီ ကို တစ်ရာသီ အငှားနဲ့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။အသင်းဟောင်းကို ရောက်ရောက်ချင်းမှာပဲ ၊ သူ့ နှလုံးသား ရဲ့ ဘူမိနက်သန်မြေ ကို ပြန်လည် အခြေချနိုင်ခဲ့တာ ဖြစ်တယ်လို့ ဖွင့်ဟ လာခဲ့ပါတယ်။

“ ကျနော့် နှလုံးသားထဲက ကလပ်ကို ပြန်ရောက်လာတဲ့ အတွက် အရမ်း ကို ပျော်ပါတယ်။ ဒီနေရာမှာ ကျနော့် ရဲ့ အမှတ်တရပေါင်းများစွာ တည်ရှိခဲ့တာပါ။ ယုံကြည်မှုတွေလဲ ပြန်လည် ရရှိနေပြီ ဖြစ်လို့ အရင် ခြေစွမ်းတွေ ပြသနိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့ ဘေးလ် ကိုယ်တိုင် ပြောဆိုထားခဲ့ ပါတယ်။

myan789

စူပါ အေးဂျင့် ဂျိုနသန် ဘားနက် ကတော့ သူ့ရဲ့ ကစားသမား က စပါးကို ပြန်လည် ရောက်ရှိလာတာ နဲ့ ပတ်သက်ပြီး အခုလို မှတ်ချက် ပေးထားပါတယ်။

“ ဘေးလ် က စပါးကို ချစ်တဲ့ သူတစ်ယောက်ပါ။ အရေးအကြီးဆုံး အချက်က သူ့မျက်နှာပေါ်က အပြုံးတွေ ပြန်လည် မြင်တွေ့ရဖို့ ပါပဲ။ ဒါမှ ဘ၀ က ပျော်ရွှင်မှုတွေ ရှိလာမှာလေ။

ဒီကလပ်ဟာ သူ ပြန်လာချင်တဲ့ နေရာတစ်ခု ဆိုတာ သေချာပါတယ်။ ပိုက်ဆံတစ်ခုတည်းကိုသာ ကြည့်ခဲ့မယ် ဆိုရင် အခြားနေရာ တစ်ခုကို ပြောင်းသွားမှာပေါ့။ ဒါပေမယ့် သူက စိတ်ပျော်ရွှင်တွေ ပြန်ရဖို့ အဓိက ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ စပါး ကို ရောက်လာတာပါ။

အခြား ကလပ်တွေ ဟာ သူ့အတွက် တရားဝင် ကမ်းလှမ်းခဲ့ပေမယ့် ၊ တစ်ခုမှ သင့်တော်တာ မရှိခဲ့ပါဘူး။ စပါး က တံခါးခေါက်လာချိန်မှာတော့ ၊ ဒါဟာ မှန်ကန်တဲ့ ရွေးချယ်မှု တစ်ခု ဆိုတာ ချက်ခြင်း သဘောပေါက်ခဲ့ ပါတယ်။

ရီးရဲ မက်ဒရစ်မှာ ခက်ခဲတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပေမယ် ၊ အခုချိန်မှာတော့ အပြုံးတွေ ပြန်လည် မြင်တွေ့ရမယ့် အခိုက်အတန့်တွေ ဖြစ်လာပါပြီ။ သူဟာ ဗြိတိန်ကနေ ပေါ်ထွက်လာခဲ့တဲ့ အကောင်းဆုံး ဘောလုံးသမားတွေ ထဲက တစ်ယောက် ဖြစ်နေလို့ ၊ ဒီလို ပျော်ရွှင်မှုတွေ နဲ့ ထိုက်တန်တဲ့သူပါ။

ရီးရဲ မက်ဒရစ် မှာ တုန်းက ဆိုရင် ဒီလို ပုံစံမျိုး မြင်ရဖို့ ဆိုတာ အဝေးကြီးပဲလေ။ နှစ်ဖက်စလုံး က အမှားတွေ လုပ်ခဲ့ကြတာပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ဘေးလ် ဟာ ဝေးလ် လက်ရွေးစင် အသင်းအတွက် ကစားပေးရင်း ဒူး ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် အခုချိန်ထိ စပါး အတွက် ပါဝင် ကစားပေးနိုင်ခြင်း မရှိသေးပါဘူး။

နည်းပြ မော်ရင်ဟိုကတော့ အဖွင့်ပွဲစဉ်မှာ အဲဗာတန် ကို ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ကစားခဲ့တဲ့ ပွဲစဉ်တွေ အားလုံးမှာ ပြိုင်ပွဲပေါင်းစုံ လုံး၀ ရှုံးပွဲမရှိ မှတ်တမ်းနဲ့ ရှေ့ဆက်နေတာ ဖြစ်ပါတယ်။ အဲဒီ အထဲမှာ နာမည်ကြီး ကလပ် ဖြစ်တဲ့ ယူနိုက်တက် ကို 6-1 နဲ့တောင် အနိုင်ယူပြခဲ့တာပါ။

စပါး နည်းပြဟောင်း ဖြစ်သူ ဟယ်ရီ ရပ်နက် ကတော့ လက်ရှိ စွမ်းဆောင်ရည် အတိုင်းသာ ဆက်ထိန်းထားနိုင်မယ် ဆိုရင် ၊ စပါး နဲ့ မော်ရင်ဟို ဟာ ပရီးမီးယားလိဂ် ဖလားကြီးကို ဆွတ်ခူးနိုင်လိမ့်မယ်လို့တောင် ဟောကိန်း ထုတ်ထားခဲ့ပါတယ်။

အဲဒီ ပြောဆိုမှု အပေါ် ဘားနက် ကလဲ –

“ စပါး ဟာ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်တယ် ဆိုတာ သံသယ ဖြစ်စရာ မလိုပါဘူး။

သူတု့ိ မှာ တောင့်တင်းတဲ့ ကစားသမား စာရင်းရှိတယ် ၊ ထိပ်တန်း နည်းပြလဲ ပိုင်ဆိုင် ထားသလို ၊ ဂါရတ် ဘေးလ် ကလဲ အများကြီး ကူညီပေးနိုင်မှာပါ။ ဒါကြောင့် ရာသီ အကုန်ကျရင် သေချာစောင့်ကြည့်လိုက်ပါ ၊ စပါးဟာ ပရီးမီးယားလိဂ် ဖလားကြီးကို ဆွတ်ခူးဖို့ အရမ်းကို နီးစပ်နေပါလိမ့်မယ်။

ကျနော် က အာဆင်နယ် ပရိသတ် ဖြစ်နေတော့ ဒီလိုပြောရတာ သိပ်ပြီးတော့ ဘဝင်မကျဘူးဗျာ ၊ ဒါပေမယ့် ဒါဟာ လက်တွေ့ အမှန်တရား တစ်ခုပဲလေ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular