ဂရိနိုင်ငံရှိ ကျွန်းများသို့ အပန်းဖြေခရီးသွားခဲ့သော အင်္ဂလန်လက်ရွေးစင်ကစားသမားတစ်ဦးနှင့် ရှက်ဖီးယူနိုက်တက်ကစားသမား(၂)ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

ဂရိနိုင်ငံရှိ ကျွန်းများသို့ အပန်းဖြေခရီး သွားရောက်ခဲ့သော အင်္ဂလန်လက်ရွေးစင်ကစားသမားတစ်ဦးနှင့် ရှက်ဖီးယူနိုက်တက်အသင်းမှ ကစားသမား(၂)ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့သည်။ ဂရိနိုင်ငံ၏ ကမ်းလွန်ပင်လယ်ပြင်တွင် ကျွန်းငယ်ပေါင်းများစွာရှိပြီး ကမ္ဘာလှည့်ခရီးသည်များ အပန်းဖြေလာရောက်ကြသလို၊ ကမ္ဘာကျော်ဘောလုံးသမားများလည်း နွေရာသီအားလပ်ရက်ကာလအတွင်း အပန်းဖြေခရီး ရောက်ရှိလာခြင်းဖြစ်သည်။

ယင်းကဲ့သို့ အပန်းဖြေရာမှ ပြန်လာသော ကစားသမား(၃)ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့သည်။ The Sun ၏ ဖော်ပြချက်အရ ရောဂါပိုးကူးစက်ခံထားရသော အင်္ဂ လန်လက်ရွေးစင်ကစားသမားမှာ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ရောဂါပိုးရှိကြောင်း (Positive) တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ၎င်းအား (၁၀)ရက်ကြာ သီးခြားနေထိုင်မှု (Self Isolation) ပြုလုပ်ထားကြာင်း သိရှိရသည်။ ဂရိကျွန်းတစ်ကျွန်းဖြစ်သော Mykonos ကျွန်းတွင် အင်္ဂလန်လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်သည့် မက်ဂွိုင်းရားမှာ အပန်းဖြေခရီးသွားရောက်ခဲ့ပြီး ပြီးခဲ့သည့်သောကြာနေ့နံနက်က ဂရိရဲတပ်ဖွဲ့ဝင်များနှင့် ပြဿနာဖြစ်ပွားခဲ့ခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ (မက်ဂွိုင်းရားမှာ ပြီးခဲ့သည့်စနေနေ့အထိ ဂရိနိုင်ငံတွင် ရှိနေခဲ့ပြီး တရားရင်ဆိုင်နေရခြင်းကြောင့် ပိုးကူးစက်ခံရသူမှာ ၎င်းဖြစ် နိုင်ခြေ မရှိပေ)

myan789

ရှက်ဖီးယူနိုက်တက်အသင်းမှ ကစားသမား(၂)ဦးမှာမူ ပြီးခဲ့သည့်လကတည်းက ရောဂါပိုးကူးစက်ခံခဲ့ရပြီး ယခုမှ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။ ရှက်ဖီးယူနိုက်တက်အသင်းသည် ဂရိနိုင်ငံသို့ လေ့ကျင့်ရေးခရီးစဉ် သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာရာတွင် ကစားသမားများအား ရောဂါပိုးစစ်ဆေးရာ၌ ပိုးတွေ့ရှိသူ(၂)ဦး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ပိုးတွေ့ရှိသည့် ကစားသမားများမှာ မည်သူမည်ဝါဆိုသည်ကို ထုတ်ပြန်ကြေညာခြင်းမရှိသေးဘဲ ယင်းရောဂါပိုးတွေ့ရှိမှုမှာ ရှက်ဖီးယူနိုက်တက်အသင်း၏ ရာသီကြိုပြင်ဆင်မှုများကို ထိခိုက်စေမည်ဖြစ်ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။

အင်္ဂလန်လက်ရွေးစင်အသင်းသည် လာမည့်စက်တင်ဘာလဆန်းပိုင်းတွင် UEFA Nations League ပွဲစဉ်များအဖြစ် အိုက်စလန်၊ ဒိန်းမတ်အသင်းတို့နှင့် ကစားရန်ရှိနေပြီး အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်အနေဖြင့် ကစားသမားများ၏ အခြေအနေအတွက် စိုးရိမ်ပူပန်နေကြောင်း သိရှိရသည်။ နွေရာသီအားလပ်ရက်ကာလအတွင်း ပြည်ပနိုင်ငံများသို့ ထွက်ခွာကာ အပန်းဖြေခရီးသွားရောက်ခဲ့ကြသည့် ကစားသမားများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်ပြီး ပြန်လာမည်ကို ဆောက်ဂိတ်နှင့်အတူ ပရီးမီးယားလိဂ်နည်းပြများကလည်း စိုုးရိမ်နေကြကြောင်း သိရှိရသည်။ ဆောက်ဂိတ်သည် စက်တင်ဘာ(၅)ရက်နှင့် (၈)ရက်နေ့များတွင် ကစားမည့် ယင်းပွဲများအတွက် အင်္ဂလန်အသင်းလူစာရင်းကို ယခု အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာသွားဖွယ်ရှိကြောင်း သိရှိရသည်။ အင်္ဂလန်အသင်းသည် ယခု ၂၀၂၀ ခုနှစ် အတွင်းကစားရမည့် ခြေစမ်းပွဲများကို ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် ပယ်ဖျက်ခဲ့ရပြီး ယင်းပွဲစဉ်များမှာ ယခုနှစ်အတွင်း ပထမဆုံးကစားရမည့်ပွဲများဖြစ်သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular