ဂရင်းဝုဒ် အပေါ် သံသယမရှိဘူးလို့ ဆိုခဲ့တဲ့ ဆိုးရှား . . . ဒီည ပွဲမှာ ပါလာမှာလား ?

မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ အိုလီဂန်နာ ဆိုးရှား က လူတိုင်း ဟာ အခိုက် အတန့် တစ်ချိန်ချိန် မှာတော့ နောက်ကို ခေတ္တ ပြန်ဆုတ် ရစမြဲ ဖြစ်တယ် လို့ ပြောဆို သွားခဲ့ပြီး အသင်း ရဲ့ တိုက်စစ်မှူးလေး မေဆင် ဂရင်းဝုဒ် အပေါ် သံသယ ဖြစ်ခြင်း မရှိ ခဲ့ပါဘူး လို့ ယမန်နေ့ က ပြုလုပ်တဲ့ ပွဲကြို သတင်းစာ ရှင်းလင်း ပွဲမှာ ထုတ် ဖော် ပြောဆို သွားခဲ့ ပါတယ် ။

မေဆင် ဂရင်းဝုဒ် ဟာ ဒီနှစ် ဘောလုံး ရာသီ အစ မှာ အခက် အခဲတွေ နဲ့ ရင်ဆိုင် ခဲ့ရ ပါတယ် ။ နိုင်ငံ အသင်း အတွက် ကစားပေးရင်း ကိုဗစ် စည်းမျဉ်းတွေ ချိုးဖောက် မိခဲ့တာကြောင့် လက်ရွေးစင် ကနေ ချန်လှပ် ခံခဲ့ရမှု ကနေ အစပြု ခဲ့ပြီး ကွင်းတွင်း ကွင်းပြင် ဘ၀ တွေကို ထိခိုက် လာခဲ့ ပါတယ် ။

myan789

ဂရင်းဝုဒ် ဟာ ယူနိုက်တက် အတွက် ပွဲ ကစားရမှု နည်းနေ ခဲ့သလို လေ့ကျင့်ရေး ကွင်းမှာလည်း အားရ လောက်စရာ အနေအထား မရှိ သေးတာကြောင့် နည်းပြ ဆိုးရှား ရဲ့ ချန်လှပ် ထားမှု နဲ့ ကြုံတွေ့ ခဲ့ရပါတယ် ။ ဒါပေမယ့် အခုတော့ ဂရင်းဝုဒ် အတွက် အချိန်တန်ပြီ လို့ ဆိုရ တော့မှာပါပဲ ။

“တစ်ခါ တလေ တော့လည်း နောက်ပြန်ဆုတ် ရတာ မျိုးတွေ ရှိတတ် ပါတယ် ။ ကောင်လေး ( ဂရင်းဝုဒ် ) က အခု မှ ၁၉ နှစ်ပဲ ရှိသေးတာပါ ။ ပြီးတော့ တကယ် ကောင်းတဲ့ ဘောလုံး သမား တစ်ယောက်ပါ ။ သူ့ကို သေချာ လမ်းပြ ပေးဖို့ လိုပါတယ်”

“မနှစ် က ချဲလ်ဆီး နဲ့ ကစားတဲ့ လိဂ် ဖလား ပွဲမှာ သူ့ကို မသုံးခဲ့ ပါဘူး ၊ အရန် အသင်း ရဲ့ ချက်ကာထရိတ် ဖလား ပွဲမှာ ဝင် ကစားခဲ့ ရတာပါ ။ အဲ့ဒိ အနေအထား ကနေ သူ အခုထိ လှမ်းတက် နိုင်ခဲ့ ပါပြီ ။ ဒါကြောင့် အရမ်းကြီး လောနေ လို့ မရ ပါဘူး ။ တစ်ခါ တစ်လေ စောင့်ရတာမျိုးတွေ ရှိဦး မှာပါ”

“မေဆင် က အခု ယူနိုက်တက် အတွက် ဂိုးတွေ သွင်းနေပြီ ၊ အင်္ဂလန် စီနီယာ အသင်း နဲ့လည်း လေ့ကျင့်ခွင့် ရပြီ ၊ ယူ-၂၁ အသင်းမှာ လည်း ဂိုးတွေ သွင်းနိုင် ခဲ့ပါပြီ ။ ဒါကြောင့် မီဒီယာတွေ အာရုံစိုက် လာပြီး မကစားရတဲ့ အခါ ၊ ဂိုးတွေ မသွင်းတော့ တဲ့ အခါမျိုးတွေ မှာ မေးခွန်းတွေ ထုတ်လာ ကြပါပြီ”

“ဒါပေမယ့် သူ ဟာ ကစား သမား ကောင်း တစ်ယောက်ပါ ။ ဒါကို ကျွန်တော် သံသယ မဖြစ်ဖူး ပါဘူး ။ အခု သူ့ကို ပိုကောင်းတဲ့ ကစား သမား တစ်ယောက် ဖြစ်လာအောင် ကျွန်တော်တို့ ဝိုင်းဝန်း ပံ့ပိုး ပေးနေ ပါတယ် ။ သူ့ရှေ့ မှာ လမ်းတွေ အများကြီး လျောက်ရ ဦးမှာပါ” လို့ ဆိုးရှား က ပြောဆို သွားခဲ့ ပါတယ် ။

ဒါ့အပြင် ဆိုးရှား က ဂရင်းဝုဒ် လိုပဲ ဒီရာသီ မှာ ပုံစံကောင်း မပြနိုင် ဖြစ်နေတဲ့ ကွင်းလယ်လူ ပေါ့ဘာ ဟာလည်း ပြင်သစ် လက်ရွေးစင် အသင်း အတွက် ပါဝင် ကစား အပြီးမှာ ပိုမို ကောင်းမွန်တဲ့ ယုံကြည်မှုတွေ နဲ့ ယူနိုက်တက် ကို ပြန်ရောက် လာမယ်လို့ မျှော်လင့် ကြောင်းလည်း ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ယနေ့ ည မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဝက်စ်ဘရွန်း အသင်းနဲ့ ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပြီး အဆင့် ၁၀ ပြင်ပ ရောက်ရှိ နေမှု ကနေ ရုန်းထွက် နိုင်ဖို့ ကြိုးစား သွားရမှာ ဖြစ်ပါတယ် ။ ယူနိုက်တက် ဟာ ပွဲစဉ် ၁ ကို အနားပေး ခံ ထားရတာကြောင့် 7 ပွဲသာ ကစားရသေးပြီး ၁၀ မှတ် ရရှိကာ အဆင့် ၁၄ မှာ ရပ်တည် နေတာပဲ ဖြစ်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular