ခြေကျင်းဝတ် ဒဏ်ရာ က ပြန်လာပြီးနောက် ၊ လန်ဒန်ဒါဘီ အောင်ပွဲမှာ အဓိကကျတဲ့ အခန်းကဏ္ဍ က ပါဝင်နိုင်ခဲ့ခြင်း အပေါ် မှတ်ချက်ပေးလိုက်တဲ့ ကန်တေ

ချဲလ်ဆီး အသင်း ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ မှာ လန်ဒန်ဒါဘီ ပြိုင်ဖက် တော့တင်ဟမ် အသင်းကို အဝေးကွင်း မှာ ၀ – ၃ ရလဒ်နဲ့ နောက်ထပ် ဂိုးပြတ် နိုင်ပွဲ တပွဲ စွမ်းဆောင်နိုင်ခဲ့ပြန်ပါတယ် ။ ဒီအတွက်ကြောင့် ချဲလ်ဆီး ဟာ လက်ရှိ အမှတ်ပေးဇယားထိပ်မှာ လီဗာပူးနဲ့ ရမှတ်တူ ပေးဂိုးတူ ရဂိုးတူ ဂိုးကွာခြားချက်တူနဲ့ ရပ်တည်လျက် ရှိပါတယ် ။

ရလဒ် အရသာ ဂိုးပြတ် နိုင်ပွဲ ဖြစ်ခဲ့ပေမယ့် ၊ ချဲလ်ဆီး ဟာ တော့တင်ဟမ် ကို တပွဲလုံး လွှမ်းမိုးနိုင်ခဲ့တာမျိုးတော့ မဟုတ်ခဲ့ပါဘူး ။ ပထမပိုင်း မှာ ချဲလ်ဆီး ဟာ တော့တင်ဟမ်ရဲ့ မထင်မှတ်ထားတဲ့ တုန့်ပြန်မှုတွေကြောင့် ပွဲကို ကောင်းကောင်း မထိန်းချုပ်နိုင်ခဲ့သလို ၊ ဂိုးပေါက် တည့်မတ်မှု တကြိမ်မှလည်း မရှိခဲ့ပါဘူး ။

myan789

ဒုတိယပိုင်း စစချင်းမှာတော့ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် က ကစားအားနဲ့ လုပ်အားနှုန်း မြှင့်တင်ဖို့ အတွက် မေဆင်မောင့် အစား အန်ဂိုလို ကန်တေ နဲ့ အစားထိုး လဲလှယ်ခဲ့ပါတယ် ။ ကန်တေ ဝင်လာပြီးနောက် ချဲလ်ဆီးရဲ့ ကစားအား တမဟုတ်ချင်း ပြောင်းလဲခဲ့ပါတယ် ။ အထူးသဖြင့် ကွင်းလယ် ကစားအားမှာ ချဲလ်ဆီး ဟာ တော့တင်ဟမ် ကို အပြတ်အသတ် အသာစီး ရခဲ့ပါတယ် ။

ကန်တေ ဟာ တော့တင်ဟမ် နဲ့ ပွဲမှာ လူစားမဝင်ခင်က ၊ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ် အနားယူခဲ့ရပြီး ၊ ကြံ့ခိုင်မှု မပြည့်သေးလို့ ပြီးခဲ့တဲ့ အပတ် ကြားရက်က ဇင်းနစ်နဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲပင် လွဲချော်ခဲ့ပါတယ် ။

သို့ပေမယ့် အသင်း က လိုအပ်တဲ့ အချိန်မှာ ကန်တေ တယောက် ချိန်သားကိုက် ပြန်လာနိုင်ခဲ့သလို ၊ ပွဲအဖြေကို တိုက်ရိုက် အပြောင်းအလဲ လုပ်ပေးနိုင်ခဲ့ပါတယ် ။ တနှစ်ခွဲကြာ ပျောက်ဆုံးနေခဲ့တဲ့ ဂိုးပေါက်ကိုလည်း ကန်တေ တယောက် ပင်နယ်တီ ဧရိယာ ပြင်ပ ခပ်လှမ်းလှမ်းကနေ ကန်သွင်း ရှာဖွေသွားခဲ့ပါတယ် ။

ပွဲပြီး ချဲလ်ဆီး တီဗွီနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာတော့ ကန်တေ က သူ့ရဲ့ နောက်ဆုံးရ ကြံ့ခိုင်မှု အခြေအနေ ကို အသိပေးခဲ့တဲ့ အပြင် ၊ ဒုတိယ ဦးဆောင်ဂိုး အတွက် သူ ဘယ်လို ဘယ်ပုံ သွင်းယူခဲ့တဲ့ အကြောင်း ၊ ပထမပိုင်းအပြီး တူချယ်ရဲ့ ညွှန်ကြားမှုတွေက ပွဲအဖြေကို ဘယ်လို ပြောင်းလဲစေခဲ့တဲ့ အကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

ကန်တေ က ” ဒါဟာ အလှပဆုံး သွင်းဂိုး တဂိုး မဟုတ်ခဲ့ပေမယ့် ၊ အရေးကြီးတဲ့ ဂိုးတဂိုး ဖြစ်ခဲ့ပြီး အသင်း အတွက် ကျွန်တော် ကူညီပေးနိုင်ခဲ့ပါတယ် ။ မတ်တီယို က ကျွန်တော့ကို အနီးကပ် ဘောလုံး ထိုးပေးခဲ့ပြီး ၊ ပင်နယ်တီ ဧရိယာ ပြင်ပ ခပ်လှမ်းလှမ်းကနေ ဂိုးပေါက် ခြိမ်းခြောက်ဖို့ အချိန်ရတာကို ကျွန်တော် မြင်ခဲ့တာကြောင့် လှမ်းကန်ခဲ့တာပါ ။ ”

” ကံကောင်းစွာနဲ့ ပြိုင်ဖက်နဲ့ ထိပြီး ဂိုးဝင်သွားခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော် ပျော်ပါတယ် ။ အခုဆို ကျွန်တော့ရဲ့ ကြံ့ခိုင်မှု အခြေအနေ က ပိုပြီး တိုးတက်လာပါပြီ ။ ဒဏ်ရာ ပြဿနာကို ကျွန်တော်တို့ ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့ပါတယ် ။ ကွင်းထဲ ပြန်ကစားခွင့် ရဖို့ အချိန်ယူခဲ့ရပေမယ့် ၊ အခုလို ပြန်လာခွင့် ရတာ ကျွန်တော် ဝမ်းမြောက်မိပါတယ် ။ ”

” ပထမပိုင်း အပြီး မန်နေဂျာ ဆီက အရမ်းကောင်းတဲ့ အကြံဉာဏ်တွေ ရရှိခဲ့ပါတယ် ။ သူက ကျွန်တော်တို့ကို ပြိုင်ဖက်နဲ့ တယောက်ချင်း ဘောလုံး ပိုပြီး ယှဉ်လုဖို့ ၊ အင်နဲ့အားနဲ့ ကစားဖို့ကို မှာကြားခဲ့ပါတယ် ။ ဒီအတွက်ကြောင့် ကျွန်တော်တို့ တကယ် အားရစရာကောင်းတဲ့ ဒုတိယပိုင်း စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ် ။ ”

” ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် အောင်မြင်မှု ဟာ ကျွန်တော်တို့ကို ယုံကြည်မှု အများကြီး ပေးပေမယ့် ၊ ဘယ်အရာမှ လွယ်လွယ်နဲ့ ရမှာ မဟုတ်ဘူး ဆိုတာ ကျွန်တော်တို့ သိထားပါတယ် ။ ဒီတော့ အတူတကွ ပြင်းပြင်းထန်ထန် ကြိုးစားဖို့ လိုပါတယ် ။ ရာသီ အစ ကောင်းခဲ့တာ ကျွန်တော်တို့ အတွက် အရေးကြီးပေမယ့် ၊ နောက်ထပ် ကစားစရာ အဆုံးအဖြတ်ပွဲတွေ အများကြီး ကျန်ပါသေးတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular