ချဲလ်ဆီး အတွက် သီယာဂို ဆေးလ်ဗား ယူဆောင်လာပေးမယ့် အဓိက အရည်အသွေး ၂ရပ် ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ၎င်းတို့ရဲ့ ခံစစ် အတွက် အားဖြည့်မှု ၃ရပ် ကို တရက်ခြားစီ ပြုလုပ်ခဲ့ပြီး ၊ ဒီအထဲမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကို ပူပူနွေးနွေး ဆင်နွှဲထားတဲ့ ပီအက်စ်ဂျီ ခံစစ်မှူးဟောင်း သီယာဂို ဆေးလ်ဗား လည်း တယောက် အပါအဝင် ဖြစ်ပါတယ် ။

ပဲရစ် မှာ ၈နှစ်ကျော်ကြာ ကစားခဲ့တဲ့ ယင်း အသက် ၃၅ နှစ် အရွယ် ဘရာဇီး ဝါရင့် ခံစစ်မှူး ဟာ ကစားသမား ဘဝ မှ အနားမယူခင် ၊ ကမ္ဘာ့ အကောင်းဆုံး လိဂ်တလိဂ် ဖြစ်တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် မှာ ယာယီ ဖြတ်သန်းဖို့ အလိုရှိခဲ့ကာ ၊ ပီအက်စ်ဂျီ အသင်း ရဲ့ စာချုပ်သစ် ကမ်းလှမ်းချက် ကို ငြင်းပယ်ပြီး ချဲလ်ဆီး နဲ့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

myan789

သီယာဂို ဆေးလ်ဗား ဟာ ချဲလ်ဆီး အသင်း နဲ့ တနှစ် စာချုပ်ချုပ်ခဲ့ပြီး ၊ ဒီ စာချုပ် အထဲမှာ နောက်ထပ် တနှစ် သက်တမ်းတိုးခွင့် လည်း ပါဝင်နေပါတယ် ။ ဆေးလ်ဗား ဟာ ယခင် ပီအက်စ်ဂျီ အသင်း မှာ ရရှိခဲ့တဲ့ လစာ ရဲ့ ထက်ဝက် အထိ လျှော့ယူခဲ့ပြီး ၊ ပရီးမီးယားလိဂ် ကို ပြောင်းရွှေ့လာခြင်း ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံး ရာသီ တခုလုံး ခံစစ် စွမ်းဆောင်ရည် အတက်အကျ များခဲ့တဲ့ ချဲလ်ဆီး အသင်း မှာ သီယာဂို ဆေးလ်ဗား တယောက် ဘာတွေ အထောက်အကူ ပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ကတော့ သီယာဂို ဆေးလ်ဗား ဟာ ၎င်းတို့ အသင်း အတွက် ကြီးကျယ်တဲ့ အတွေ့အကြုံ နဲ့ ဦးဆောင်မှုကောင်း တွေ ပေးနိုင်မယ် လို့ ယုံကြည်နေပါတယ်

့တမြန်နေ့ က ကစားခဲ့တဲ့ ဘရိုက်တန် နဲ့ ခြေစမ်းပွဲ အပြီး ချဲလ်ဆီး တီဗွီ နဲ့ အင်တာဗျူး မှာ လမ်းပတ် က ” သီယာဂို ဆေးလ်ဗား အကြောင်း ပြောရမယ် ဆိုရင် သူဟာ ကျွန်တော် တဦးတည်း သာမက လူတိုင်း သိထားပြီးသား ကစားသမား တယောက် လည်း ဖြစ်ပါတယ် ။ သူဟာ ကျွန်တော်တို့ အတွက် များပြားလှတဲ့ အတွေ့အကြုံ တွေ ယူဆောင်လာပေးမှာပါ ။ ”

” နောက်ပြီး သူဟာ အခု အသက်အရွယ် အထိ ကို အရမ်း မြင့်မားတဲ့ ဘောလုံး ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင် ကစားနိုင်စွမ်း ရှိနေဆဲပါပဲ ။ ဒါကို ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မှာ ကျွန်တော်တို့ အားလုံး တွေ့မြင်ကြပြီး ဖြစ်မှာပါ ။ ဒါကြောင့်မို့ ဒီအတွေ့အကြုံကောင်းတွေကို ကျွန်တော်တို့ အသင်း အတွက် သူ လာရောက် မျှဝေပေးဖို့ ကျွန်တော် ရည်မှန်းထားပါတယ် ။ ”

” အထူးသဖြင့် သူ့ရဲ့ မြင့်မားလှတဲ့ အတွေ့အကြုံ ၊ အသင်း အပေါ် ဦးဆောင်နိုင်စွမ်း နဲ့ အခြား ခံစစ်ပိုင်း အရည်အသွေးတွေကို ကျွန်တော် တို့ မျှော်လင့်နေပါတယ် ။ ဒါဟာ ကျွန်တော်တို့ အတွက် အရမ်း အရေးပါလာမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဖရန့် လမ်းပတ် ဟာ ကစားသမား ဘဝ မှာ သီယာဂို ဆေးလ်ဗား နဲ့ တကြိမ် ရင်ဆိုင်ခဲ့ဖူးပြီး ၊ ၂၀၁၃ ခုနှစ် က ကစားခဲ့တဲ့ ဘရာဇီး အသင်း နဲ့ တဖက် ၂ဂိုးစီ သရေ ကျခဲ့တဲ့ ပွဲမှာ ဖြစ်ပါတယ် ။ အဲ့ဒီပွဲမှာ ၎င်းက အင်္ဂလန် လက်ရွေးစင် အသင်း ရဲ့ အသင်း ခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ပြီး ၊ သီယာဂို ဆေးလ်ဗား ကတော့ ဘရာဇီး လက်ရွေးစင် အသင်း ရဲ့ အသင်း ခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ပါတယ် ။

ဒီ အတွေ့အကြုံ နဲ့ ပတ်သက်ပြီး လမ်းပတ် က ” အဲ့ဒီပွဲ က သီယာဂို နဲ့ ကျွန်တော် နိုင်ငံ ကိုယ်စားပြု အလံ ဖလှယ်ရင်း လက်ဆွဲ နှုတ်ဆက်နေကြတဲ့ ပုံလေး ဟိုတနေ့ကမှ ကျွန်တော် လက်ခံ ရရှိခဲ့ပါတယ် ။ ကံဆိုးချင်တော့ ကျွန်တော်လည်း အသက်ကြီးပြီလေ ။ ဒီပုံ ကို ရုတ်တရက် မမှတ်မိခဲ့ပါဘူး ။ ”

” ကစားခဲ့တဲ့ ပွဲတွေက အရမ်း များခဲ့ပြီး ၊ ဘယ်တပွဲလဲ ဆိုတာကို ကွက်ကွက်ကွင်းကွင်း မပြောနိုင်ခဲ့ပါဘူး ။ ဒါပေမယ့် အခုတော့ ကျွန်တော် ဒီပွဲ အကြောင်း ပြန်စဉ်းစားလို့ ထွက်လာပါပြီ ။ အဲ့ဒီပွဲ ဟာ တကယ့် စပါယ်ရှယ်ပွဲပါ ။ အသစ် ပြန်လည် တည်ဆောက်ခဲ့တဲ့ မာရာကာနာ ဘောလုံးကွင်း ဖွင့်ပွဲ လည်း ဖြစ်ပါတယ် ။ ”

” ဒီပွဲကလည်း ခက်ခဲမှု ရှိခဲ့ပြီး ၊ အဲ့ဒီ ဘရာဇီး အသင်း မှာ သီယာဂို ဆေးလ်ဗား ၊ နေမာ တို့လို ထိပ်တန်း ကစားသမား တွေ ပါဝင်ခဲ့တာ ကို ကျွန်တော် မှတ်မိနေပါတယ် ။ ပွဲက ခက်ခဲခဲ့ပေမယ့် ၊ ရလဒ် ကတော့ ကောင်းခဲ့တယ် ဆိုရမှာပါ ။ သီယာဂို ဆေးလ်ဗား လို ကစားသမားမျိုး ကို ပြိုင်ဖက် အဖြစ် ရင်ဆိုင်ခဲ့ရတာ ဂုဏ်ယူစရာပါ ။ ”

” သီယာဂို ဆေးလ်ဗား ဟာ သူ့ရဲ့ ကြီးကျယ်တဲ့ ကစားသမား ဘဝ နဲ့ ဆုဖလား အောင်မြင်မှု တွေကို ကံကောင်းစွာနဲ့ ရခဲ့တာ မဟုတ်ပါဘူး ။ သူ ကိုယ်တိုင် ကြိုးစား ရယူခဲ့တာပါ ။ ပြင်းထန်တဲ့ ကြိုးစားမှု နဲ့ ကိုယ်ပိုင် အရည်အချင်း စစ်စစ် နဲ့ ပေါင်းစပ်ပြီးမှ ဖြစ်လာခဲ့တာပါ ။ ဒါတွေကို သူ ကျွန်တော်တို့ အသင်း ဆီ ယူဆောင်လာပေးဖို့ ကျွန်တော် မျှော်လင့်နေပါတယ် ။ ”

” အခုတော့ ကျွန်တော်တို့ ၂ယောက် ရဲ့ အခန်း ကဏ္ဍ က အနည်းငယ် ကွဲပြားသွားပါပြီ ။ ကျွန်တော် ကတော့ ဒီမှာ နည်းပြ ရာထူး ကို တာဝန်ယူနေပြီး ၊ သူကတော့ ကွင်းတွင်း ဦးဆောင်ဖို့ အတွက် တာဝန်ယူမှာ ဖြစ်ပါတယ် ။ အလုပ်ဖြစ်ဖို့ပဲ ကျွန်တော်တို့ မျှော်လင့်ကြတာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular