ချဲလ်ဆီး သို့ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပုံ ကို ပြန်လည် ရှင်းလင်းလာတဲ့ ဟာဗက်ဇ်

ဂျာမနီ ကြယ်ပွင့် ကွင်းလယ် တိုက်စစ် ကစားသမား ကိုင်ဟာဗက်ဇ် ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် မှာ လေဗာကူဆင် အသင်း ကနေ ချဲလ်ဆီး အသင်း သို့ ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်း ၊ ၅နှစ် စာချုပ် နဲ့ ပြောင်းရွှေ့လာခဲ့ပါတယ် ။

ဟာဗက်ဇ် ဟာ လွန်ခဲ့တဲ့ ဘောလုံး ရာသီ ၂ခု အတွင်း ၊ လေဗာကူဆင် အသင်း ရဲ့ အတိုးတက်ဆုံး နဲ့ အကောင်းဆုံး ကြယ်ပွင့် ကစားသမား ဖြစ်ခဲ့ပြီး ၊ ဒီအတွက်ကြောင့် ဥရာပ ထိပ်သီး ကလပ် အတော်များများ ရဲ့ စိတ်ဝင်စားမှု ကို ရရှိခဲ့ပါတယ် ။

myan789

တကယ်တမ်း ချဲလ်ဆီး အသင်း ကို မရွေးချယ်ဖြစ်ခဲ့စဉ် က ဟာဗက်ဇ် ဟာ ဘိုင်ယန်မြူးနစ် ၊ ရီးရဲလ်မက်ဒရစ် ၊ လီဗာပူး ၊ မန်ချက်စတာ ယူနိုက်တက် အသင်း တွေရဲ့ ချဉ်းကပ်မှု ကို ရရှိခဲ့ပါသေးတယ် ။ အဆုံးမှာတော့ ချဲလ်ဆီး အသင်း ရဲ့ အနာဂတ် အစီအစဉ်တွေ ၊ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ၊ နည်းစနစ် ဒါရိုက်တာ ပီတာချက် တို့ကြောင့် ဟာဗက်ဇ် ဟာ လန်ဒန် သို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ဟာဗက်ဇ် ဟာ လေဗာကူဆင် အသင်း ကို ဂျာမန် ပိုကယ် ဖလား ဗိုလ်လုပွဲ သို့ ပို့ဆောင်ပေးခဲ့သလို ၊ ဘွန်ဒက်စ်လီဂါ မှာလည်း အဆင့် ၅ နေရာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ဟာဗက်ဇ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ လေဗာကူဆင် အသင်း အတွက် ပြိုင်ပွဲစုံ ၄၅ ပွဲ ကစားပေးခဲ့ကာ ၊ သွင်းဂိုး ၁၈ဂိုး အထိ သွင်းယူပေးခဲ့ပါတယ် ။

ဂျာမန် အခြေစိုက် အားကစားသတင်း ဌာန Sport Bild နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာတော့ ဟာဗက်ဇ် ဟာ လေဗာကူဆင် ကနေ ချဲလ်ဆီး သို့ ပြောင်းရွှေ့ ဖြစ်ခဲ့ပုံ ကို အကျဉ်းချုံး ပြန်ရှင်းပြခဲ့ကာ ၊ ၎င်းရဲ့ အပြောင်းအရွှေ့ ဟာ နေ့ချင်းညချင်း ဖြစ်လာတာ မဟုတ်ဘူူး လို့ ဖွင့်ဟခဲ့ပါတယ် ။

ဟာဗက်ဇ် က ” ကျွန်တော့ အတွက် အမြင်ကျယ်ပြီး ၊ အနာဂတ် စီမံကိန်းကောင်း ရှိတဲ့ ကလပ် တသင်း ဖြစ်ဖို့က အရေးကြီးပါတယ် ။ ဒီ ကလပ် ဟာ ကျွန်တော့ အတွက် အမှန်တကယ် စိတ်လှုပ်ရှားမှု ပေးခဲ့ပါတယ် ။ ကျွန်တော်တို့ အသင်း ဟာ ငယ်ရွယ်ပြီး ကြီးကျယ်တဲ့ ကစားသမားကောင်း အများအပြား ရှိတဲ့ ကလပ် ဖြစ်ပါတယ် ။ ”

” ကျွန်တော် တို့ရဲ့ စဉ်းစားပုံ က ပြတ်သား ရဲရင့်မှု ရှိပါတယ် ။ ကျွန်တော် တို့ဟာ အနာဂတ် စီမံကိန်း တခုခု ကို တည်ဆောက်နေပြီး ၊ တိုက်စစ် အသားပေး ကစားဟန် ကို ကျင့်သုံး နေပါတယ် ။ ဒါဟာ ကျွန်တော့ ကို ကြီးကြီးမားမား ဆွဲဆောင်စေခဲ့ပါတယ် ။ ”

” နောက်ပြီး ချဲလ်ဆီး အသင်း မှာ ချန်ပီယံ ဆုဖလား တခုခု နဲ့ ကစားတာက ကျွန်တော့ ရဲ့ ကစားသမား ဘဝ ကို ပိုပြီး အဓိပ္ပာယ် ရှိစေမယ် လို့ ထင်တဲ့ အတွက်ကြောင့်ပါ ။ ဒီလို အပြောင်းအရွှေ့မျိုး က နေ့ချင်းညချင်း ဖြစ်လာတာ မဟုတ်ပါဘူး ။ ”

” ကျွန်တော် ဟာ ရရှိလာတဲ ကမ်းလှမ်းချက်တိုင်း ကို စဉ်းစားရပြီး ၊ ကိုယ့်အတွက် သင့်လျော်မှု ရှိမယ့် ရွေးချယ်မှု ကို ပြုလုပ်ဖို့က အရေးကြီးလွန်းပါတယ် ။ ကျွန်တော် ဟာ အရင် ကတည်းက ပရီးမီးယားလိဂ် ပွဲစဉ်တွေကို တီဗွီ ဖန်သားပြင်ပေါ်ကနေ အားပေးခဲ့တာကြောင့် ၊ ချဲလ်ဆီး အသင်း အကြောင်း ကျွန်တော် ကောင်းကောင်း သိထားပြီးသားပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ဟာဗက်ဇ် လိုပဲ နောက်ထပ် ဘွန်ဒက်စ်လီဂါ ကြယ်ပွင့် တိုက်စစ် ကစားသမား တဦး ဖြစ်ခဲ့တဲ့ ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ဟာလည်း ဒီရာသီ မှာ ချဲလ်ဆီး အသင်း သို့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ နဲ့ ရောက်ရှိလာခဲ့ပါတယ် ။

ဗာနာ နဲ့ ပတ်သက်ပြီး ဟာဗက်ဇ် က ” ကျွန်တော် ဟာ ကွင်းတွင်းမှာ တီမို ကို ဘောလုံး ပေးပို့မှုကောင်းတွေနဲ့ ပံ့ပိုးပေးပါတယ် ။ သူကလည်း ကျွန်တော့ ကို လေ့ကျင့်ရေး အစီအစဉ် တွေမှာ အမြဲ ကူညီပေးပါတယ် ။ ဟုတ်တာပေါ့ ။ ကျွန်တော် တို့ဟာ နေ့စဉ် လေ့ကျင့်မှု တွေကို အတူတကွ ပြုလုပ်ကြပါတယ် ။ ”

” ဂျာမန်သား အသင်းဖော် တဦး အဖြစ် တီမို ကို ပိုင်ဆိုင်ထားရတာ ကျွန်တော့ အတွက် အများကြီး အထောက်အကူ ပြုပါတယ် ။ ဒါပေမယ့် အသင်းသစ် မှာ အထိုင်ကျဖို့ ဆိုတာက ကိုယ့်နည်းကိုယ့်ဟန် နဲ့ ကြိုးစားရတာပါ ။ ကျွန်တော့ အတွက် ကတော့ အင်္ဂလန် ကို ပြောင်းရွှေ့လာတာ ဟာ တဦးချင်း အရည်အသွေး အရ အများကြီး တိုးတက်မှု ရှိစေမယ် လို့ ယုံကြည်ထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular