ချဲလ်ဆီး မှာ အစကောင်းနေရခြင်း ရဲ့ နောက်ကွယ် က လျှို့ဝှက်ချက် ကို ပြောပြလာတဲ့

မော်ရိုကို တောင်ပံ တိုက်စစ် ကစားသမား ဟာကင် ဇီယက်ချ် ဟာ ပြီးခဲ့တဲ့ စနေနေ့ည က ကစားခဲ့တဲ့ ရှက်ဖီးလ် ယူနိုက်တက် အသင်း ကို ၄ – ၁ နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ကာ ၊ ၂ပတ် အတွင်း Man of the Match ဆုကို ၃ကြိမ် အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ် ။

ဒီရာသီ အစပိုင်း ကို ခြေကျင်းဝတ် ဒဏ်ရာကြောင့် လွဲချော်ခဲ့ရတဲ့ ဇီယက်ချ် ဟာ ကြံ့ခိုင်မှု အနည်းငယ် ပြန်ကောင်းလာပြီးနောက် ၊ ဆောက်သမ်တန် နဲ့ ၃ဂိုးစီ သရေကျခဲ့တဲ့ ပွဲက စပြီး ချဲလ်ဆီး အတွက် လူစားဝင် အဖြစ် ပထမဆုံး စတင် ကစားပေးခဲ့ပါတယ် ။

myan789

လွန်ခဲ့တဲ့ ၂ပတ် က ကစားခဲ့တဲ့ ခရာစနိုဒါ အသင်း နဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာတော့ ဇီယက်ချ် ဟာ ချဲလ်ဆီး ကစားသမား ဘဝ ပထမဆုံး ပွဲထွက်ခွင့် ကို ပိုင်ဆိုင်ခဲ့ပြီး ၊ ပထမဆုံး သွင်းဂိုး ၊ ပထမဆုံး Man of the Match နဲ့ စဖွင့်နိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် ဘန်လေ နဲ့ ပွဲမှာ ဇီယက်ချ် ဟာ ချဲလ်ဆီး အတွက် ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး နဲ့ ဖန်တီးမှု ကို ပြုလုပ်နိုင်ခဲ့ပါတယ် ။

စနေနေ့ က ရှက်ဖီးလ် နဲ့ ပွဲမှာတော့ ဇီယက်ချ် ဟာ တပွဲလုံး မှာ အခွင့်အရေး ဖန်တီးမှု အများဆုံး နဲ့ အတူ ချဲလ်ဆီး ကစားသမား ဘဝ အတောက်ပဆုံး ပုံစံ ကို စတင် ပြသနိုင်ခဲ့ပါတယ် ။ ဒုတိယ နဲ့ တတိယ ဦးဆောင်ဂိုး ကို ဖန်တီးပေးနိုင်တဲ့ အပြင် ၊ ဇီယက်ချ် ဟာ ချဲလ်ဆီး ရဲ့ အဖွင့် ချေပဂိုး အတွက် အစပျိုးပေးနိုင်ခဲ့ပါတယ် ။

ပွဲအပြီး Sky Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာ ဇီယက်ချ် က ၎င်းဟာ ဘောလုံး ပံ့ပိုးမှု တွေကို ပြုလုပ်ဖို့ စိုးရွံ့နေမှာ မဟုတ်သလို ၊ pass တွေ မအောင်မြင်မှာကိုလည်း ကြောက်ရွံ့နေမှာ မဟုတ်ကြောင်း နဲ့ အသင်းဖော်တွေရဲ့ ပံ့ပိုးမှု တွေက ၎င်းကို ချဲလ်ဆီး အသင်း မှာ ကစားရတာ ပိုမို သက်တောင့်သက်သာ ရှိစေတယ် လို့ ခံစားရကြောင်း ဖွင့်ဟလာခဲ့ပါတယ် ။

ဇီယက်ချ် က ” ကျွန်တော် ဟာ ဒီ အသင်း မှာ အသင်းဖော် အားလုံး အတူ တွဲဖက် ကစားရတာ သက်တောင့်သက်သာ ဖြစ်နေတယ် လို့ ခံစားရပါတယ် ။ ဒီနေ့ပွဲမှာ ကျွန်တော် တို့ရဲ့ အသင်းလိုက် ကစားပုံ ကောင်းခဲ့တယ် လို့ ထင်ပါတယ် ။ ပထမပိုင်း အဖွင့် ၁၀ မိနစ် က ခက်ခဲမှု ရှိခဲ့ပါတယ် ။ အနည်းငယ် ခြေချော်လက်ချော် ဖြစ်တဲ့ ပုံစံနဲ့ စတင်ခဲ့ပါတယ် ။ ”

” ဒါပေမယ့် ပေးဂိုး စတင် ခွင့်ပြုခဲ့ရပြီးတဲ့နောက် ၊ ကျွန်တော် တို့ကို ပွဲကို ထိန်းချုပ်လာနိုင်ခဲ့ပြီး ၊ ရလာတဲ့ အခွင့်အရေး တွေ အရ ဂိုးအရေအတွက် က ဒီထက် ပိုများခဲ့သင့်တယ် လို့ ထင်ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ အနိုင် ၃မှတ်ရခဲ့တဲ့ ပွဲကောင်း တပွဲ ဖြစ်ခဲ့ပါတယ် ။ ”

” ပြိုင်ဖက် အသင်း ဟာ ပုံမှန်အားဖြင့် ၊ ထောင့်ကန်ဘောတွေမှာ အားထည့်ပြီး ၊ အမြင့်ဘော တွေနဲ့ ကစားလေ့ရှိပါတယ် ။ ဒီတော့ ခင်ဗျား အမြင်မှာ ထောင့်ကန်ဘော ရတာနဲ့ သူတို့ဟာ ဖြတ်တင်ဘော ကိုပဲ အာရုံစိုက်လိမ့်မယ် လို့ မျှော်လင့်ခဲ့မိမှာပါ ။ သို့ပေမယ့် စရလာတဲ့ ထောင့်ကန်ဘော ကို အတိုပေးဘောတွေနဲ့ ကစားပြီး ၊ အဖွင့်ဂိုး စယူသွားခဲ့ပါတယ် ။ ”

” အဲ့ဒီ နောက်ပိုင်း မှာတော့ ကျွန်တော် တို့ဟာ ပွဲအပေါ် အပြည့်အဝ အာရုံစိုက်ပြီး ၊ အခွင့်အရေး အများအပြား ဖန်တီးနိုင်ခဲ့သလို ၊ ဂိုးတွေလည်း အများကြီး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ် ။ အသင်းဖော် တွေဟာ သူတို့ရဲ့ ခြေထဲကို ဘောလုံး အရောက်ပို့ပေးနိုင်တဲ့ အခိုက်အတန့် တွေကို နှစ်သက်ကြပါတယ် ။ ”

” ချေပဂိုး ရခဲ့တဲ့ အနေအထား မှာ ဆိုရင် ၊ အရှေ့မှာ လွတ်နေတဲ့ နေရာ ကို ကိုဗာဆစ် ပြေးထွက်သွားတာ ကျွန်တော် တွေ့ခဲ့ပြီး ၊ ဘောလုံး ချက်ချင်း ထိုးပေးခဲ့ပါတယ် ။ တခါတလေကျရင် ၊ ပြိုင်ဖက် အသင်းတွေဟာ ဒီလို အနေအထား တွေမှာ အငိုက်မိတတ်တာ တွေ ရှိပါတယ် ။ သူတို့ ဘာမှ မသိလိုက်ချိန်မှာပဲ ကျွန်တော်တို့ ချေပဂိုး ပြန်ရခဲ့ပါတယ် ။ ”

” ဘောလုံး ပေးပို့မှု မလုပ်ခင် မှာ ကိုယ့် အသင်းဖော် ကို အရင်ဆုံး ကြည့်ပါတယ် ။ ကျွန်တော် တို့ဟာ တဦး အကြောင်း တဦး နားလည်ကြပါတယ် ။ အကြည့်ချင်း တချက်ဆုံရင် လုံလောက်ပါပြီ ။ ကိုဗာဆစ် ကို အမြောက်ဘော နဲ့ ဖြန့်ဝေခဲ့တာ က ဒီပွဲမှာ ကျွန်တော့ ရဲ့ ပထမဆုံး အကြိမ် စမ်းသပ်မှု ဖြစ်ပါတယ် ။ ”

” ကျွန်တော် ဟာ ဘောလုံး ဖြန့်ဝေတဲ့ နေရာမှာ ၊ လွဲချော်ဖို့ကို ကြောက်မနေပါဘူး ။ ဒီ အသင်း မှာ ကျွန်တော် အရမ်း ပျော်ရွှင်နေပါတယ် ။ ဒါကြောင့်မို့လည်း ကျွန်တော့ ရဲ့ ချဲလ်ဆီး ကစားသမား ဘဝ အစကောင်းနေတာ လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular