ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၃ ပွဲကြိုသုံးသပ်ချက်

ဇင်းနစ် – လာဇီယို (မြန်မာစံတော်ချိန် နိုဝင်ဘာ ၅ ရက်၊ နံနက် ၀၀:၂၅ နာရီ)
ဇင်းနစ်ကလည်း ချန်ပီယံလိဂ်မှာ (၂)ပွဲကစား၊ (၂)ပွဲရှုံးထားပြီး အခြေအနေမကောင်းဘူး။ ဒီပွဲမှာသာ သရေလောက် ကစားရင်တောင် နောက်တစ်ဆင့်တက်ခွင့်မျှော်လင့်ခွင့်က လက်လျှော့လိုက်လို့ရပြီလို့ ပြောရမယ်။ လာဇီယိုက ဘရုဂေးကို အဝေးကွင်းမှာ သရေကစားပြီး၊ ဒေါ့မွန်ကို အိမ်ကွင်းမှာ ကစားထားတဲ့ခြေစွမ်းက မဆိုးဘူးဆိုတာထက် ပိုပါတယ်။ ဒီပွဲလည်း လာဇီယိုကိုပဲ ကြိုက်တယ်။

ဘာရှက်ဆီဟီ – မန်ယူ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၅ ရက်၊ နံနက် ၀၀:၂၅ နာရီ)
မန်ယူကို PSG နဲ့ ကစားတော့ ဂိုးပြတ်တောင် ရှုံးနိုင်တယ်လို့ ထင်ခဲ့ပေမဲ့ အနိုင်ယူခဲ့ပြီး၊ လိုက်ပ်ဇစ်နဲ့ပွဲမှာလည်း ခက်ခဲမယ်လို့ ထင်ခဲ့ပေမဲ့ ဂိုးပြတ်နိုင်ခဲ့တယ်။ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲဝင် (၃၂)သင်းထဲမှာ အကောင်းဆုံးပုံစံကို ပြနေတဲ့အသင်း ဖြစ်တယ်။ ပုံမှန်အားဖြင့် မန်ယူက ပွဲကြီးတွေကောင်းရင် ဒီလိုပွဲမျိုးတွေမှာ ရလဒ်ချွတ်ချော်လေ့ရှိတဲ့ သဘောတွေ့ရပေမဲ့ ဒီပွဲမှာတော့ မန်ယူ ခြေစွမ်းပြဦးမှာပါ။ ဒီပွဲကိုနိုင်ပြီးရင် နောက်ပွဲက အိမ်ကွင်းဖြစ်လို့ ရှုံးထွက်တက်ပြီလို့တောင် ပြောလို့ရတယ်။ ယုံကြည်မှုကလည်း အမြင့်ဆုံးရောက်နေပါတယ်။ မန်ယူ အနိုင်သေချာတယ်။

myan789

ဆီဗီလာ – ခရက်စ်နိုဒါ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၅ ရက်၊ နံနက် ၂:၃၀ နာရီ)
ခရက်စ်နိုဒါက ရန်းစ်နဲ့ပွဲတုန်းက ခြေသိပ်မကွာဘူး။ ချယ်လ်ဆီးကိုတော့ ဂိုးပြတ်ရှုံးခဲ့တယ်။ ဒါပေမဲ့ ဂိုးတွေဆက် တိုက်မပေးလိုက်ရတဲ့အချိန်အထိ ကစားပုံက မဆိုးဘူးဆိုတာ တွေ့ရတယ်။ ဒီအုပ်စုမှာ အားအနည်းဆုံးဖြစ်နိုင်ပေမဲ့ အရမ်း ညံ့နေတဲ့အသင်းတော့မဟုတ်ဘူး။ ဆီဗီလာကိုလည်း လူအင်အား၊ စုဖွဲ့မှု မယှဉ်နိုင်တာသေချာပေမဲ့ အရမ်းခြေကွာတဲ့ သဘောမျိုးတော့ မဟုတ်ဘူး။ ဆီဗီလာက ပုံမှန်အားဖြင့် ဂိုးအများကြီးသွင်းလေ့မရှိသလို၊ တိုက်စစ်လည်း အရမ်းမကောင်းပါဘူး။ ဒါကြောင့် ခရက်စ်နိုဒါ ရှုံးနိုင်တယ်။ ဂိုးပြတ်မဲ့ ပွဲမျိုးလို့တော့ မထင်ဘူး။

ဘာစီလိုနာ – ဒိုင်နမိုကိဗ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၅ ရက်၊ နံနက် ၂:၃၀ နာရီ)
ရှက်တာဒိုးနက်က မထင်မှတ်တဲ့ ခြေစွမ်းမျိုးကို ပြသနေပေမဲ့ ဒိုင်နမိုကိဗ်ကတော့ ရုန်းကန်နေရတယ်။ ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာတို့ ပါတဲ့အုပ်စုမှာ အုပ်စုတတိယနေရာကိုပဲ အဓိကရည်မှန်းရမယ်ဆိုတာ ပိုသေချာသွားတယ်။ ဘာစီလိုနာရဲ့ လာလီဂါရလဒ်တွေက စိတ်ပျက်စရာပါ။ ဒါပေမဲ့ ချန်ပီယံလိဂ် ရလဒ်တွေကတော့ တော်တော်လေးအားကောင်းနေတယ်။ အလာဗတ်စ်နဲ့ပွဲက ရလဒ်ကို ဒီပွဲမှာ ပြန်ပေါက်ကွဲလိမ့်မယ်လို့ ယူဆရတယ်။ ဘာစီလိုနာ ဂိုးပြတ်သွင်းနိုင်တယ်။

ဖယ်ရန်ဗာရို့စ် – ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၅ ရက်၊ နံနက် ၂:၃၀ နာရီ)
ဘာစီလိုနာကို အိမ်ကွင်းမှာ အရှုံးပေးခဲ့ရပေမဲ့ ဂျူဗင်တပ်စ်ကစားတာ မညံ့ခဲ့ဘူး။ ချေပဂိုး၊ အနိုင်ဂိုးဖြစ်သွားနိုင်တဲ့ အခွင့်အရေးပေါင်းများစွာရခဲ့ပြီး နောက်ဆုံးမိနစ်ရောက်မှ မထင်မှတ်ဘဲ နောက်တစ်ဂိုးပေးလိုက်ရတာဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ဒီရာသီဂျူဗင်တပ်စ်က ရလဒ်ပိုင်းအရမငြိမ်ပေမဲ့ ကစားပုံပိုကောင်းလာတယ်။ ရော်နယ်လ်ဒို-မိုရာတာ-ဒီဘားလားတို့ နိုင်ပွဲယူပါလိမ့်မယ်။

ချယ်လ်ဆီး – ရန်းစ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၅ ရက်၊ နံနက် ၂:၃၀ နာရီ)
ချယ်လ်ဆီးအသင်းအတွက် Clean Sheet တွေ ဆက်တိုက်ယူပေးနေတဲ့ မန်ဒီအတွက်တော့ သူ့ကို မြေတောင်မြှောက်ပေးခဲ့တဲ့ အသင်းဟောင်းနဲ့ ပြန်ရင်ဆိုင်ရမှာ ရင်ခုန်စရာပါ။ ရန်းစ်က ဒီအုပ်စုမှာ (၁)မှတ်ရထားပြီး၊ ဒီရာသီမှာတော့ ခြေကျနေတယ်။ ချယ်လ်ဆီးကလည်း ခြေစွမ်းရော၊ ရလဒ်ပိုင်းပါ သိသိသာသာအားကောင်းလာတယ်။ တိုက်စစ်က ဂိုးတွေသွင်းလာသလို၊ ခံစစ်ပိုင်းကလည်း တည်ငြိမ်လာတာတွေ့ရတယ်။ ချယ်လ်ဆီးပဲ အနိုင်ရပါလိမ့်မယ်။

ကလပ်ဘရုဂေး – ဒေါ့မွန် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၅ ရက်၊ နံနက် ၂:၃၀ နာရီ)
ဘရုဂေးက လျှော့မတွက်သင့်တဲ့ အသင်းလို့ ဆိုရမယ်။ ဇင်းနစ်ကို အနိုင်ကစားခဲ့တယ်။ လာဇီယိုကို သရေကစားခဲ့တယ်။ ရမှတ် (၄)မှတ်နဲ့ ဒေါ့မွန်အထက်မှာ ရပ်တည်နေတယ်။ ဒါပေမဲ့ ဒေါ့မွန်က ပိုအားကောင်းတဲ့အသင်းဆိုတာ သံသယဖြစ်ဖွယ်မရှိသလို၊ ဇင်းနစ်ကိုနိုင်ပြီးကတည်းက ဘရုဂေး နိုင်ပွဲ ပျောက်နေတာလည်းတွေ့ရတယ်။ ဒီပွဲက ဒေါ့မွန်အတွက် အရမ်းအရေးကြီးတဲ့ပွဲဖြစ်ပြီး နိုင်ပွဲရဖို့ (၁ဝဝ) ရာခိုင်နှုန်းအားထုတ်မှာပါ။ ဒေါ့မွန်ကိုပဲ ကြိုက်တယ်။

လိုက်ပ်ဇစ် – PSG (မြန်မာစံတော်ချိန် နိုဝင်ဘာ ၅ ရက်၊ နံနက် ၂:၃၀ နာရီ)
ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ တွေ့ခဲ့့တဲ့ နှစ်သင်းဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ PSG က ဂိုးပြတ် အနိုင်ရခဲ့တယ်။ ဒီရာသီ ချန်ပီယံလိဂ်မှာတော့ နှစ်သင်းစလုံးက ဘာရှက်ဆီဟီကို (၂-ဝ)ဂိုးတွေနဲ့ နိုင်ထားပြီး၊ မန်ယူကို ရှုံးထားကြတာတွေ့ရတယ်။ မန်ယူသာ ဘာရှက်ဆီဟီနဲ့ (၂)ပွဲကို အမှားအယွင်းမရှိ ကစားနိုင်ရင် ဒီနှစ်သင်းထဲက တစ်သင်းသာ နောက်တစ်ဆင့်ကို တက်တော့မဲ့ သဘောဖြစ်နေပြီး၊ ဒီပွဲက နှစ်သင်းစလုံးအတွက် အရေးပါတဲ့ပွဲလည်းဖြစ်တယ်။ အထူးသဖြင့် လိုက်ပ်ဇစ်အတွက်တော့ အိမ်ကွင်းမှာ မနိုင်ခဲ့ရင် PSG ကွင်းမှာ ပိုခက်သွားမဲ့ အနေအထားလည်းဖြစ်နေတယ်။ လက်ရှိ ခြေစွမ်းအရ PSG ပိုကောင်းတာမှန်ပေမဲ့ နေမာနဲ့ ဘာပေ မပါနိုင်ရင် အားလျော့တာလည်း အမှန်ပဲ။ လိုက်ပ်ဇစ် မရှုံးနိုင်ဘူးထင်တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular