ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၃ ပွဲကြိုသုံးသပ်ချက်

လိုကိုမိုးတစ်မော်စကို – အက်သလက်တီကို (မြန်မာစံတော်ချိန် နိုဝင်ဘာ ၄ ရက် နံနက် ဝဝး၂၅ နာရီ)

လိုကိုမိုးတစ်မော်စကိုက အိမ်ဖြည့်သက်သက်ဝင်လာတာ မဟုတ်ဘူးဆိုတာကို သက်သေပြနိုင်ခဲ့ပြီလို့ ပြောရမယ်။ ဆာလ်ဇ်ဘာ့ဂ်နဲ့ပွဲတုန်းကလည်း အပြန်အလှန်ဂိုးတွေသွင်းပြီး သရေကစားခဲ့တယ်။ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာလည်း အကြိတ်အနယ်ကစားခဲ့ပြီး အပြန်အလှန်အခွင့်အရေးတွေရခဲ့တယ်။ (၁-၂)နဲ့ ကပ်ရှုံးခဲ့တယ်။ ချန်ပီယံလိဂ်က ခြေစွမ်းသက်သက်ကို ကြည့်ရင် အက်သလက်တီကိုရလဒ်ကိုမမီပေမဲ့ ခြေစွမ်းကတော့ ပိုကောင်းသလိုတောင် ခံစားရတယ်။ ဒီပွဲကလည်း အိမ်ကွင်းမှာကစားရမှာဖြစ်လို့ အက်သလက်တီကိုအတွက် ခက်ခဲပါလိမ့်မယ်။ သရေဆို အံ့သြစရာမရှိဘူး။

myan789

ရှက်တာဒိုးနက် – မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၄ ရက် နံနက် ဝဝး၂၅ နာရီ)

အကြိတ်အနယ်ရှိပြီး၊ ခြေညီတဲ့အသင်းနှစ်သင်းရဲ့ပွဲလို့ ပြောရမယ်။ နှစ်သင်းစလုံး ဒီရာသီ ချန်ပီယံလိဂ်မှာ ဥရောပထိပ်တန်းအသင်းကြီး နှစ်သင်းကို ဂုဏ်သိက္ခာရှိရှိ တုံ့ပြန်ပြီး ရလဒ်ကောင်းတွေယူနိုင်ခဲ့တယ်။ ရှက်တာဒိုးနက်က တစ်ပွဲနိုင် တစ်ပွဲသရေနဲ့ အုပ်စုကို ဦးဆောင်နေတာမှန်ပေမဲ့ မိုချန်က ပိုနစ်နာပါတယ်။ ရီးယဲလ်နဲ့ အင်တာနှစ်သင်းစလုံးကို နိုင်ခဲ့သင့်ပြီး ကံဆိုးလို့ နောက်ဆုံးမိနစ်တွေမှာ ဂိုးတွေပေးလိုက်ရခြင်းဖြစ်တယ်။ နောက်ဆုံးပွဲမှာလည်း လိုက်ပ်ဇစ်ကို အနိုင်ကစားခဲ့တာတွေ့ရ တယ်။ ဒါကြောင့် ယုံကြည်မှု အမြင့်ဆုံးရောက်နေတဲ့ မိုချန်ကို ပိုကြိုက်တယ်။

ဆာလ်ဇ်ဘာ့ဂ် – ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၄ ရက် နံနက် ၂း၃၀ နာရီ)

တစ်ပွဲပျမ်းမျှ (၄)ဂိုးလောက်သွင်းနေတဲ့အသင်းက နောက်ဆုံးကစားခဲ့တဲ့ (၂)ပွဲမှာ (၂)ဂိုးစီပဲ ရခဲ့ပြီး ဂိုးတွေလည်း ပြန်ပေးခဲ့ရတယ်။ ဒါပေမဲ့ နိုင်ပွဲတွေကတော့ ယူနေတုန်းပါပဲ။ ဆာလ်ဇ်ဘာ့ဂ်ကလည်း စနေနေ့ကကစားခဲ့တဲ့ သြစတြီးယားဘွန်ဒစ်လီဂါမှာ (၅)ဂိုးပြတ် နိုင်ပွဲယူခဲ့တယ်။ ဆာလ်ဇ်ဘာ့ဂ်ရဲ့ ချန်ပီယံလိဂ်ခြေစွမ်းက မဆိုးပါဘူး။ (၁)ပွဲသရေ၊ (၁)ပွဲရှုံးခဲ့ပေမဲ့ အားလုံးမျှော်လင့်ထားတဲ့အတိုင်း တိုက်စစ်ကတော့ ခြေစွမ်းပြနေတယ်။ အဓိကပြဿနာက အားထားရတဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ ဘာနီဒီနဲ့ ယူဘာဒီယာရာတို့ မကစားနိုင်ခြင်းဖြစ်တယ်။ ကိုလုံးနဲ့ပွဲမှာ အနားပေးခံခဲ့ရတဲ့ လီဝန်ဒေါစကီးကတော့ ဒီပွဲကို ခွန်အားအပြည့်နဲ့ ပြန်လာမှာဖြစ်ပြီး သွင်းဂိုးတွေအတွက်လည်း အဆင်သင့်ဖြစ် နေပါလိမ့်မယ်။ (၁-၃၊ ၂-၃)လောက်နဲ့ ဘိုင်ယန်နိုင်မယ်။

ရီးယဲလ်မက်ဒရစ် – အင်တာမီလန် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၄ ရက် နံနက် ၂း၃၀ နာရီ)

လူကာကူကိုအားပြုကစားနေရတဲ့ တိုက်စစ်ပိုင်းမှာ လူကာကူသာ မကစားနိုင်ခဲ့ရင် အင်တာမီလန်အတွက် စိုးရိမ်စရာရှိတယ်။ ကွန်တီရဲ့အင်တာမီလန်က မနှစ်က အကောင်းဆုံးပုံစံပြခဲ့ပြီး ဒီရာသီမှာ အရှိန်ရလာမယ်လို့ ထင်ခဲ့ပေမဲ့ နည်းနည်း ခြေကျသလိုဖြစ်နေတယ်။ ဗီဒယ်လ်၊ ကိုလာရော့ဗ်တို့လိုကစားသမားတွေကို ခေါ်ပြီး အသင်းမှာရှိတဲ့ အရည်အသွေးမြင့်ကစားသမားတွေကို ချောင်ထိုးထားတဲ့ ကွန်တီရဲ့ဆုံးဖြတ်ချက်တချို့ကြောင့် အသင်းက တက်သင့်တဲ့အချိန်မှာ တန့်သွားတယ်။ ရီးယဲလ်မက်ဒရစ်ကတော့ ယုံကြည်ဖို့ ခက်နေပြီး ခြေရူးအသင်းလို ဖြစ်နေတယ်။ ဒီလောက်တောင့်တင်းပြီး၊ အရှိန်အဝါကြီးတဲ့ ကစားသမားတွေနဲ့ အတက်အကျ ကြမ်းနေတာ မဖြစ်သင့်ဘူး။ ဟာဇက်ကတော့ မိုချန်နဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပြီး ပုံစံကောင်းပြခဲ့သလို၊ ဟွယ်ဆကာနဲ့ပွဲမှာလည်း ပွဲစကတည်းက ကစားခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့တယ်။ အသင်းက နည်းနည်းယိုင်နေချိန် ဟာဇက်က အလှည့်အပြောင်း ပြန်ဖြစ်လာမယ်ထင်တယ်။ ရီးယဲလ်မက်ဒရစ် နိုင်ပွဲယူမှာပါ။

မန်စီးတီး – အိုလံပီယာကော့စ်(မြန်မာစံတော်ချိန် နိုဝင်ဘာ ၄ ရက် နံနက် ၂း၃၀ နာရီ)

အိုလံပီယာကော့စ်က မာဆေးလ်ကို အိမ်ကွင်းမှာနိုင်ပြီး၊ ပေါ်တိုကို အဝေးကွင်းမှာ ရှုံးတယ်။ ပုံမှန်အတိုင်းပဲသွားနေတယ် ပြောရမယ်။ သူတို့ လုပ်နိုင်သလောက်လုပ်တယ်။ ပိုလည်းမပို၊ လျော့လည်းမလျော့ဘူး။ ဒါကြောင့် ဒီပွဲအနေအထားနဲ့ ချိန်ထိုးကြည့်တဲ့အခါ မန်စီးတီးကိုလည်း သူတို့ ယှဉ်ကစားနိုင်မှာမဟုတ်ဘူး။ ဂိုးတွေအများကြီး မသွင်းနို်င်တဲ့ မန်စီးတီးရဲ့တိုက်စစ်က Rhythm ပျောက်နေပြီး ဘယ်အချိန်ပြန်မိမလဲ စောင့်ကြည့်နေပါတယ်။ ဒီပွဲလည်းဖြစ်သွားနိုင်တယ်။

ပေါ်တို – မာဆေးလ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၄ ရက် နံနက် ၂း၃၀ နာရီ)

ပေါ်တိုက အဖွင့်ပွဲမှာ မန်စီးတီးကို ရှုံးခဲ့ပြီး၊ ပြီးခဲ့တဲ့ပွဲမှာတော့ အိုလံပီယာကော့စ်ကို အနိုင်ကစားခဲ့တယ်။ မာဆေးလ်က အိုလံပီယာကော့စ်နဲ့ပွဲမှာ ကစားပုံညံ့ပေမဲ့ မန်စီးတီးနဲ့ပွဲမှာတော့ ခြေစွမ်းမဆိုးပါဘူး။ ကံဆိုးလို့ ဂိုးပြတ်ရှုံးခဲ့တယ်ပဲပြော ရမယ်။ ဒါပေမဲ့ လက်ရှိအနေအထားအရ ရလဒ်ကျဆင်းနေသလို၊ စိတ်ဓာတ်ပိုင်းမှာလည်း ပေါ်တိုကို မမီဘူးလို့ ပြောရမယ်။ အိမ်ကွင်းပွဲစဉ်အဖြစ်ကစားမဲ့ ဒီပွဲမှာ ပေါ်တို နိုင်ပွဲဆက်ယူဖို့ များပါတယ်။

မစ်ဂျီလန်း – အေဂျက်စ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၄ ရက် နံနက် ၂း၃၀ နာရီ)

မစ်ဂျီလန်းက လီဗာပူးလ်ကို (၂)ဂိုးပဲ ရှုံးခဲ့တယ်ဆိုတာ လီဗာပူးလ်တိုက်စစ်ကိုက အားနည်းနေလို့ပါ။ မစ်ဂျီလန်းက လက်ရှိချန်ပီယံလိဂ်ကစားနေတဲ့အသင်း (၃၂)သင်းထဲမှာ အားအနည်းဆုံးပုံစံမျိုးဖြစ်နေတယ်။ နှစ်ပွဲစလုံး ရှုံးတယ်၊ (၆)ဂိုးပေးထားတယ်။ ဂိုးမရသေးဘူးဆိုရုံတင်မဟုတ်ဘဲ တကယ်တော့ (၁၀) ဂိုးလောက် ပေးထားသင့်တဲ့ပုံစံဖြစ်နေတယ်။ အေဂျက်စ် အမှားခံမယ်မထင်ဘူး။ အေဂျက်စ်ကိုပဲ ကြိုက်တယ်။

အတ္တလန်တာ – လီဗာပူးလ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၄ ရက် နံနက် ၂း၃၀ နာရီ)

နာပိုလီကို မထင်မှတ်ဘဲ ဂိုးပြတ်ရှုံးခဲ့ပြီးတဲ့နောက် အတ္တလန်တာ ခြေသိပ်မမှန်ချင်တော့ဘူး။ ဒါပေမဲ့ တိုက်စစ်ကစားပုံ အရမ်းကောင်းပါတယ်။ အသင်းမှာရှိတဲ့ ကစားသမားတွေရဲ့ စုဖွဲ့မှုနဲ့ ခြေစွမ်းကလည်း ကောင်းနေဆဲပဲ။ ဆမ်ဒိုးရီးယားနဲ့ပွဲရော၊ အေဂျက်စ်နဲ့ပွဲမှာပါ အခွင့်အရေးတွေ ဖြုန်းတီးခဲ့လို့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ခရိုတိုနီနဲ့ပွဲမှာတော့ ခြေကျသွားသလို ခံစားရတယ်။ လီဗာပူးလ်ကလည်း ဒီရာသီမှာ အကောင်းဆုံးပုံစံပြနိုင်တဲ့ပွဲ ခပ်ရှားရှားပါ။ ဒါပေမဲ့ ရလဒ်တွေကိုကြည့်လိုက်ရင် အမြဲစိမ်းနေတာတွေ့ရတယ်။ ဂိုးတွေအများကြီးသွင်းတာမျိုးမဟုတ်ပေမဲ့ နိုင်သင့်တဲ့ပွဲတွေကို လီဗာပူးလ်က အနိုင်ကစားနေပါတယ်။ ဒီပွဲမှာ အတ္တလန်တာသာ ပုံမှန်ခြေစွမ်းမျိုးနဲ့ ကစားနိုင်ရင် ပွဲက ပိုစိ

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular