ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၁ (ပထမနေ့) ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဒိုင်နမိုကိဗ် – ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၁ ရက် ည ၁၁း၂၅ နာရီ)

စီရော်နယ်လ်ဒိုမပါတဲ့ ဂျူဗင်တပ်စ်တိုက်စစ်ကို ယုံကြည် ဖို့တော့ခက်တယ်။ မိုရာတာက ထင်သလောက်အားမကိုးရဘူး။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်း ခရိုတိုနီလိုအသင်းမျိုးကို အသည်းအသန်ကစားခဲ့ရပြီး သရေကျခဲ့တယ်။ ဒိုင်နမိုကိဗ်က ပြည်တွင်းလိဂ်မှာ အခြေအနေကောင်းနေသလို၊ ချန်ပီယံလိဂ် ခြေစစ်ပွဲတွေမှာလည်း ခြေစွမ်းပြခဲ့တယ်။ ပိုပြီးအားသာတဲ့အချက်က ဒီဘက်နှစ်တွေမှာ ချန်ပီယံလိဂ်အတွေ့အကြုံကောင်းတွေရှိပြီး၊ အိမ်ကွင်းမှာ အသင်းကြီးတွေကို ဒုက္ခပေးနိုင်စွမ်းရှိတဲ့အသင်းလည်းဖြစ်တယ်။ ဂျူဗင်တပ်စ်က ခရိုတိုနီနဲ့ပွဲမှာ အင်အားချွေတာခဲ့တာ သိသာပါတယ်။ ဒါပေမဲ့ သရေကျနိုင်တယ်။

myan789

ဇင်းနစ် – ကလပ်ဘရုဂေး (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၁ ရက် ည ၁၁း၂၅ နာရီ)

ဒီရာသီ ဇင်းနစ်အတွက်ကစားခဲ့တဲ့ ပွဲစဉ် (၁၀)ပွဲမှာ (၆) ဂိုးသွင်းပေးထားတဲ့ အီရန်တိုက်စစ်မှူး ဆာဒါအက်ဇ်မွန်းကို စောင့်ကြည့်ရမယ်။ ဥရောပထိပ်တန်းကလပ်တချို့ရဲ့စောင့် ကြည့်ခြင်းကို ခံနေရသူဖြစ်ပြီး အသင်းရဲ့တိုက်စစ်အတွက် အ ရေးပါတဲ့ ကစားသမားလည်းဖြစ်တယ်။ ဘရုဂေးက ဒီရာသီ ဘယ်လ်ဂျီယံလိဂ်မှာ ရလဒ်တွေကောင်းနေတဲ့အသင်းဖြစ်ပြီး တိုက်စစ်ပိုင်းကလည်း ဂိုးတွေသွင်းနေတယ်။ တိုက်စစ်အားပြုအသင်းနှစ်သင်းရဲ့ပွဲစဉ်ဖြစ်လို့ သွင်းဂိုးတွေကို မြင်ရလိမ့်မယ်လို့ ယူဆရတယ်။ ဒါပေမဲ့ ရလဒ်အရဆိုရင်တော့ ဇင်းနစ်ရဲ့ခြေစွမ်းကို ပိုကြိုက်ပါတယ်။ ဇင်းနစ် အနိုင်ရဖို့များတယ်။

ချယ်လ်ဆီး – ဆီဗီလာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက် နံနက် ၁း၃၀ နာရီ)

ချယ်လ်ဆီးက အခုအချိန်မှာ ဘယ်အဆင့်ကိုရောက်နေပြီလဲဆိုတာ ကြည့်ရမယ်။ မနှစ်ကတော့ ဥရောပရဲ့အလယ်အလတ်အဆင့်ပဲ။ ဆီဗီလာကို ကောင်းကောင်းရင်ဆိုင်နိုင်ရင်၊ ကျော်ဖြတ်နိုင်ရင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် အဆင့်လောက် မှန်းလို့ရတယ်။ ခံစစ်ပြဿနာကြောင့် သရေကျလည်း အံ့သြစရာမရှိဘူး။

ရန်းစ် – ခရက်စ်နိုဒါ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက် နံနက် ၁း၃၀ နာရီ)

ရန်းစ်က အသင်းကောင်းတစ်သင်းလို့ ပြောလို့ရပေမယ့် ချန်ပီယံလိဂ်အတွေ့အကြုံမရှိဘူး။ ပြီးတော့ ထိပ်တန်းအဆင့် ခြေစွမ်းမျိုးကို ပိုင်ဆိုင်ထားတဲ့အသင်းမျိုးလည်း မဟုတ်ပါဘူး။ ခရက်စ်နိုဒါက ရုရှားလိဂ်ရဲ့ အသင်းကောင်းတစ်သင်းဖြစ်ပြီး ရန်းစ်လိုအဆင့်အသင်းမျိုးတွေနဲ့ ဥရောပမှာ ကစားနေကျအသင်းလည်းဖြစ်တယ်။ ပြောရရင် ဒီလိုပွဲမျိုးအတွက် အဆင်သင့်ရှိနေပါတယ်။ ရန်းစ်က ပိုကောင်းတဲ့အသင်းလို့ ပြောနိုင်ပေမယ့် သရေလည်း ကျသွားနိုင်တယ်။

လာဇီယို – ဒေါ့မွန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက် နံနက် ၁း၃၀ နာရီ)

မနှစ်က လာဇီယိုနဲ့ ဒီနှစ်လာဇီယို တော်တော်လေးခြားနားတယ်။ စိတ်ဓာတ်ပိုင်း ကျဆင်းနေသလို၊ ရလဒ်တွေကလည်း စိတ်ပျက်စရာပါ။ လာဇီယိုခံစစ် အထလေးတတ်တာက ဟော်လန်း၊ ဆန်ချိုတို့လို လူငယ်တွေအတွက် စိတ်ကြိုက်ဖြစ်သွားစေလိမ့်မယ်။ ဒေါ့မွန်ကိုပဲ ကြိုက်တယ်။

ဘာစီလိုနာ – ဖယ်ရန်ဗာရို့စ်(မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက် နံနက် ၁း၃၀ နာရီ)

ဘာစီလိုနာက ဆီဗီလာကို သရေ၊ ဂီတာဖေးကို ရှုံးပြီး ခြေကျနေတယ်၊ အားရစရာမရှိဘူးလို့ ပြောရင်တောင် ဒီပွဲမျိုးကတော့ အခက်အခဲမရှိ အနိုင်ယူမယ့်ပွဲမျိုးပါ။ ဥရောပဘီလူးကြီးအနေနဲ့ ဖယ်ရန်ဗာရို့စ်လို အုပ်စုအဆင့်တောင် နပ်မမှန် တဲ့အသင်းမျိုးကို နိုင်တာ၊ မနိုင်တာ အသာထားဦး၊ ဂိုးပြတ်မသွင်းနိုင်ရင် ဘာစီလိုနာဟာ အရင်ကအဆင့်မျိုးရဲ့ (၃)ပုံ၊ (၁)ပုံလောက်ပဲ ကျန်တော့တယ်လို့ ပြောရလိမ့်မယ်။ အမှားအယွင်း ရှိမယ်မထင်ဘူး။ အနည်းဆုံး (၃)ဂိုးပါ။

PSG – မန်ယူ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက် နံနက် ၁း၃၀ နာရီ)

ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ခဲ့တဲ့ PSG နဲ့ မန်ယူတို့ ကစားရမယ်။ ပုံမှန်အားဖြင့်တော့ မန်ယူက ခံစစ်ကို အထိုင်ချပြီး တောင်ပံတိုက်စစ်၊ တန်ပြန်တိုက်စစ်တွေနဲ့ ပြိုင်ဘက်အသင်းကို ပြန်ထိုးနှက်ပုံကောင်းပါတယ်။ ဒါပေမဲ့ ဒီရာသီ မန်ယူအသင်းက စိတ်မချရသလို၊ အဲဒီလိုအငွေ့အသက်တွေလည်း ပျောက်ဆုံးနေသလို ခံစားရတယ်။ PSG က နောက် ဆုံးကစားခဲ့တဲ့ နီးစ်နဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်ခွင့် (၈၀)ရာခိုင်နှုန်းနီးပါး ဂိုးကန်သွင်းခွင့်အကြိမ် (၃၀)ဝန်းကျင်နဲ့ အကောင်းဆုံးတိုက်စစ်ပုံစံကို ပြခဲ့သလို၊ အသင်းနည်းပြ တူဟယ်လ်ကလည်း ဒီပွဲမှာ နေမာပြန်ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ အတည်ပြုသွားတယ်။ မန်ယူအတွက် သေချာပေါက်ခက်ခဲမဲ့ပွဲတစ်ပွဲ ဖြစ်လာလိမ့်မယ်။ အထူးသဖြင့် ပြိုင်ဘက်ကို တန်ပြန်တိုက်စစ်ကစားဖို့အတွက် ခံစစ်ကို လုံခြုံအောင်တည်ဆောက်ရမယ့်အပိုင်းမှာ ခံစစ်က ပြဿနာဖြစ်နေတာနဲ့တင် တိုက်စစ်ပြန်ကစားခွင့်တောင်မရတဲ့ အခြေအနေမျိုးလည်းဖြစ်နေတယ်။ နေမာ၊ ဘာပေတို့ကို ထိန်းရတာပိုခက်ခဲပါတယ်။ PSG ပဲနိုင်လိမ့်မယ်။

လိုက်ပ်ဇစ် – ဘာရှက်ဆီဟီ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက် နံနက် ၁း၃၀ နာရီ)

ဘာရှက်ဆီဟီက တူရကီမှာ သိသိသာသာ တိုုးတက်လာတဲ့အသင်းဖြစ်ပြီး ထိပ်တန်းအဆင့်ကို ထိုးထွက်လာတယ်။ ၀ါရင့်ကစားသမားကောင်းတချို့လည်း ရှိပါတယ်။ ပြီးတော့ အသင်းငယ်အချင်းချင်းဆိုရင် ခြေစွမ်းပြလေ့ရှိတယ်။ လိုက်ပ်ဇစ်လိုအသင်းမျိုး သူတို့ ဘယ်လိုရင်ဆိုင်မလဲဆိုတာက စိတ်ဝင်စားစရာကောင်းပါတယ်။ တကယ်တော့ လိုက်ပ်ဇစ်ကို ထိန်းချုပ်ဖို့လည်း မလွယ်ပါဘူး။ လိုက်ပ်ဇစ် (၂-၀)လောက်ဖြစ်မယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular