spot_img

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်(ပထမအကျော့) ပွဲကြိုသုံးသပ်ချက်

ရီးယဲလ်မက်ဒရစ် – ချယ်လ်ဆီး(မြန်မာစံတော်ချိန် ဧပြီလ ၂၈ ရက် နံနက် ၁း၃၀ နာရီ)

ရီးယဲလ်မက်ဒရစ်က လီဗာပူးလ်ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်အဆင့်ကို ရောက်လာခဲ့တာဖြစ်တယ်။ လာလီဂါမှာရော၊ ချန်ပီယံလိဂ်မှာပါ အကောင်းဆုံးပုံစံပြဖို့ ရုန်းကန်နေရတာကို တွေ့ရတယ်။ ဒါပေမဲ့ ရလဒ်ပိုင်းအရဆိုရင်တော့ ချန်ပီယံလိဂ်မှာ ပိုကောင်းတယ်လို့ ပြောနို်င်တယ်။ ၂၀၁၅ ကနေ ၂၀၁၈ အတွင်း ချန်ပီယံလိဂ်မှာ ပြသခဲ့တဲ့ခြေစွမ်း၊ အဆင့်အတန်းမျိုးမဟုတ်တော့တာကတော့ သေချာပါတယ်။

myan789

ချယ်လ်ဆီးက ပေါ်တိုကို ကျော်ဖြတ်ပြီးတဲ့နောက် ဗိုလ်လုပွဲမတက်ရင်တောင် အောင်မြင်တဲ့အဆင့်လို့ ပြောလို့ရတဲ့ နေရာကို ရောက်နေပြီ။ တူဟယ်လ်ရဲ့အသင်းက ရီးယဲလ်မက်ဒရစ်ရဲ့လက်ရှိလူစာရင်းကို ယှဉ်ကစားနိုင်စွမ်းရှိသလို၊ ပိုပြီး စုစည်းမှုအားကောင်းတယ်၊ ကျစ်လျစ်တယ်။ အထူးသဖြင့် ချယ်လ်ဆီးရဲ့ ခံစစ်မှတ်တမ်းက တော်တော်လေး အထင်ကြီးစရာကောင်းနေပြီး၊ ရီးယဲလ်မက်ဒရစ်အတွက် ခက်ခဲမယ့်ပွဲစဉ်တစ်ပွဲဖြစ်လာမယ်ဆိုတာလည်း သေချာတယ်။ ရီးယဲလ်မက်ဒရစ်တိုက်စစ်ပိုင်းက သွင်းဂိုးတွေအတွက် ဘန်ဇီမာတစ်ဦးတည်းကို အားထားရပြီး၊ ပြိုင်ဘက်ခံစစ်ကို တစ်ဦးချင်းစွမ်းဆောင်ရည်နဲ့ ဒုက္ခပေးနိုင်တာလည်း ဗင်နီစီယပ်စ်ပဲ ရှိတယ်။

ဒါပေမဲ့ ချယ်လ်ဆီးရဲ့ ညာခြမ်းခံစစ်အတွက် ဗင်နီစီယပ်စ်က ပြဿနာလို့မထင်ဘူး။ ပရီးမီးယားလိဂ်မှာ မြန်နှုန်းမြင့်တောင်ပံကစားသမားတွေကို ကောင်းကောင်းထိန်းချုပ်နေကျလည်း ဖြစ်တယ်။ ပြဿနာက မိုဒရစ်-ကရို့စ်တို့ရဲ့ကွင်းလယ်ကို ယှဉ်မကစားနိုင်မယ့် အချက်ဖြစ်ပြီး ချယ်လ်ဆီးက ကွင်းလယ်အားပြိုင်မှုမှာ ကျရှုံးတာနဲ့ ကျန်အပိုင်းတွေ အလိုလိုအားနည်းသွားမယ့် သဘောမျိုးဖြစ်နေတယ်။ ဒီပွဲက ရီးယဲလ်မက်ဒရစ်ကွင်းဖြစ်လို့ ရီးယဲလ် အားသာပေမဲ့ ပြတ်သားတဲ့အဖြေမထွက်နိုင်ဘူး။ (၁-၀၊ ၂-၁)လောက်ပဲဖြစ်မယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular