spot_img

ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက်(၁၆)သင်းအဆင့်(ဒုတိယအကျော့) ပွဲကြိုသုံးသပ်ချက်

ဂျူဗင်တပ်စ် – ပေါ်တို (မြန်မာစံတော်ချိန် မတ်လ ၁၀ ရက် နံနက် ၂း၃၀ နာရီ)
ပထမအကျော့အရှုံးကို အိမ်ကွင်းမှာ ပြန်ကျော်ဖြတ်နိုင်ဖို့ ဂျူဗင်တပ်စ် ကြိုးစားရမှာဖြစ်တယ်။ ပေါ်တိုက ပထအကျော့တုန်းက အိမ်ကွင်းမှာ အနိုင်ရခဲ့ပေမယ့် (၂-၁)ဆိုတဲ့ရလဒ်က စိတ်ချလို့မရဘူး။ ခီယေဆာရဲ့ဂိုးက ဂျူဗင်တပ်စ်အသင်းရဲ့ မျှော်လင့်ချက်ကို ရှင်သန်စေခဲ့တယ်။ ဂျူဗင်တပ်စ်အတွက် အားသာစေတဲ့ နောက်တစ်ချက်က ပေါ်တိုအသင်းရဲ့ ရှုံးထွက်အဆင့်နဲ့ Knock-out အဆင့်ပွဲစဉ်တွေရဲ့ အဝေးကွင်းရလဒ်က တော်တော်လေးညံ့ပြီး အဝေးကွင်းနောက်ဆုံးနိုင်ပွဲက နှစ် (၂၀)နီးပါး ကြာနေပြီ။ ဂျူဗင်တပ်စ်က လာဇီယိုကို အနိုင်ရခဲ့တဲ့ပွဲမှာ စီရော်နယ်လ်ဒိုကို အနားပေးထားခဲ့ပြီး ဒဏ်ရာရကစားသမားတချို့ ပြန်ပါလာတာလည်း တွေ့ရတယ်။ ဂျူဗင်တပ်စ်က စီးရီးအေမှာ ချန်ပီယံဖြစ်ဖို့ ရုန်းကန်နေရပေမဲ့ ချန်ပီယံလိဂ်မှာ ကစားတာ ကောင်းပြီး ခြေစွမ်းတည်ငြိမ်ပါတယ်။ လက်ရှိရလဒ်ပိုင်းကလည်း ပြန်တက်လာတာကို တွေ့ရတယ်။ ပေါ်တိုကတော့ ဒဏ်ရာပြဿနာတချို့ရှိတယ်။ မာကာနို၊ အမ်ဘာယီတို့လိုကစားသမားတွေ မကစားနိုင်တာလည်း အားနည်းတယ်။ တူရင်မြေမှာ လာကစားရမှာဖြစ်လို့ အားနည်းချက်တွေလည်း ရှိနေပါတယ်။ လက်ရှိခြေစွမ်းအရ ဂျူဗင်တပ်စ်ပဲ ကွာတားဖိုင်နယ်တက်ဖို့ များတယ်။ (၂-၀)လောက်ဖြစ်လိမ့်မယ်။

ဒေါ့မွန် – ဆီဗီလာ (မြန်မာစံတော်ချိန် မတ်လ ၁၀ ရက် နံနက် ၂း၃၀ နာရီ)
ဆီဗီလာက ဒေါ့မွန်ကို အိမ်ကွင်းမှာ ရှုံးခဲ့ပြီးကတည်းက ပြည်တွင်းမှာပါ ခြေပျက်၊ စိတ်ဓာတ်ပျက်ဖြစ်သွားတယ်။ ဒေါ့မွန်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်ကို ရှုံးခဲ့ပေမဲ့ ပုံမှန်အားဖြင့်တော့ ခြေမှန်နေပြီး၊ ရလဒ်တွေလည်း ကောင်းနေတဲ့အသင်းပါ။ လက်ရှိခြေစွမ်းရော၊ စုဖွဲ့မှုမှာပါ ဆီဗီလာထက် ပိုကောင်းနေပါတယ်။ ဒေါ့မွန်ပဲ အနိုင်ရလိမ့်မယ်။

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular