ခံစစ်အမှား၊ ဂိုးသမားအမှားတွေနဲ့ ချယ်လ်ဆီး ရှုံးပွဲတွေ့ပြန်

ချယ်လ်ဆီး ၀-၂ လီဗာပူးလ်

လီဗာပူးလ်အတွက် ပထမပိုင်းက အရမ်း ခက်ခဲခဲ့ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ ခက်ခဲခဲ့တယ်။ ဒါပေမဲ့ ချယ်လ်ဆီးနောက်ခံလူ ခရစ္စတန်ဆန် အထုတ်ခံရပြီးနောက်ပိုင်း ပွဲက အရမ်းလွယ်ကူသွားခဲ့ပြီး ဒုတိယပိုင်းမှာ အခွင့်အရေး တွေအများကြီး ဖန်တီးနိုင်ခဲ့တယ်။ ဂိုးတွေသွင်းနိုင်ခဲ့တယ်။ လီဗာပူးလ်အတွက်တော့ ဒီပွဲက သူတို့အသင်း ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် အသင့်ရှိနေတယ်ဆိုတာကို ပြသလိုက်တဲ့ Statement တစ်ခုပါပဲ။ ချယ်လ်ဆီးကစားတာ မညံ့ ဘူး။ တိုက်စစ်မှာ ဟာဗက်ဇ်ရဲ့ဘောလုံးအထိန်းအသိမ်း၊ အမြင်နဲ့ အခင်းအကျင်းတွေက သပ်ရပ်ပြီး ကောင်းမွန်ပါတယ်။ တန်ကြေးနဲ့ ထိုက်တန်ခြင်း ရှိ၊ မရှိဆိုတာ အခြားမေးခွန်းတစ်ခု ဖြစ်ပြီး ဒီလိုဘောလုံးအမြင်မျိုးနဲ့ ကစားသမားတွေက ချီးကျူးစရာကောင်းပါတယ်။

myan789

ဗာနာက တစ်ချိန်လုံး လှုပ်ရှား၊ ရုန်းကန်နေပြီး၊ လီဗာပူးလ် ခံစစ်ကို အပေါက်တွေပေါ်စေတယ်။ ပြဿနာက ဖာဘင်ညိုနဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ သူ အခက်တွေ့ခဲ့တယ်။ ဇီယာ့ရှ်၊ ပူလီဆစ်တို့ပါလာရင် ပိုကောင်းတဲ့ ချယ်လ်ဆီးကို မြင်ရနိုင်ပြီး (၁၁)ဦးစီအထိတော့ ချယ်လ်ဆီးကစားတာ လက်ခံလို့ရပါတယ်။ ပြဿနာက ခံစစ်ပဲ။ အရေးကြုံရင် ထထဖောက်တယ်။ ချယ်လ်ဆီး တိုက်စစ်ဆင်နေရင်း ဟန်ဒါဆန် ဘောလုံးရပြီး ချပေးလိုက်တဲ့ပြေးလမ်းကြောင်းက အဆင့်မြင့်တယ်။ မာနေရဲ့အရှေ့ကနေ ခရစ္စတန်ဆန်ပြေးနေရင်း နောက်မှာကျန်ခဲ့တယ်။ ပြီးတော့ ရပ်ဘီစတိုင် နောက်ကနေလှမ်းဖက်ပြီး လှဲချတယ်။ ကွင်းလယ်ဒိုင် ပေါလ်တီယာနီက အဝါကတ်ပဲ ပြခဲ့ပေမယ့် VAR ရဲ့ အချက်ပေးမှုကြောင့် ပြန်သုံးသပ်အပြီး မှ အနီကတ်ပြခဲ့တယ်။ ဒီအနီကတ်ကပဲ ပွဲရဲ့အလှည့်အပြောင်းဖြစ်ပြီး ခရစ္စတန်ဆန်ရဲ့ Physical အားနည်းမှု၊ Pace အားနည်းမှုက မြန်တဲ့၊ ကြံ့ ခိုင်မှုကောင်းတဲ့ ကစားသမားတွေနဲ့ တွေ့တိုင်း ပြဿနာတက်နေမှာပဲ။ ပြောရမယ်ဆိုရင် Technical ပိုင်းအရလည်း ဒီလောက်မကောင်းပါဘူး။ ကစားပုံငြိမ်တာပဲ ပြောစရာရှိပြီး၊ ခြုံကြည့်ရင် အားရစရာမဟုတ်သေးဘူးပဲ ပြောရမယ်။

ထမပိုင်းပြီးခါနီးမှာ အထုတ်ခံခဲ့ရပြီးနောက် ဒုတိယပိုင်းပြန်စချိန်မှာ ချယ်လ်ဆီးက လီဗာပူးလ်ရဲ့ အလွယ်တကူ အလဲထိုးခြင်းကိုခံရတယ်။ ကလော့ပ်က (၁)ဦးသာသွားတာနဲ့ ရောက်လာတာ မကြာသေးတဲ့ သီယာဂိုကို ကွင်းထဲထည့်ပြီး တိုက်စစ်ကို ပိုမြှင့်ခဲ့တယ်။ သီယာဂိုရဲ့ကစားပုံက အခက်အခဲမရှိဘဲ လီဗာပူးလ်ကွင်းလယ်ကို ရေရှည်ကူညီနိုင်မယ့်သူဆိုတာ ကွင်းထဲဝင်ပြီး မိနစ်ပိုင်းအတွင်းက သက်သေပြနိုင်ခဲ့တယ်။ လီဗာပူးလ်ရဲ့ အဖွင့်ဂိုးကတော့ မမြင်ရတာကြာပြီဖြစ်တဲ့ အဓိကတိုက်စစ်မှူး (၃)ဦးစလုံးရဲ့ တည်ဆောက်မှုကနေ ရခဲ့တာဖြစ်ပြီး ဖေမီနို-ဆာလာ-ဖေမီနိုကတစ်ဆင့် မာနေက ခေါင်းတိုက်သွင်းယူခဲ့တာပါ။ တစ်ယောက်လျော့၊ တစ်ဂိုးရှုံးနေတဲ့အချိန်မှာ ကယ်ပါက ချယ်လ်ဆီးကို နှစ်ဖြစ်အောင် ထပ်နှစ်တယ်။ သူ့ရဲ့အမှားကနေ မာနေက ဒုတိယဂိုးထပ်သွင်းခဲ့ပြီး မျှော်လင့်ချက်မရှိသလောက်ဖြစ်သွားတယ်။ ချယ်လ်ဆီးရဲ့စိတ်ပျက်စရာနေ့ကတော့ ပွဲချိန် (၇၅)မိနစ်မှာ ဗာနာကြောင့် ရတဲ့ပယ်နယ်တီကို ဂျော်ဂျင်ဟို အသုံးမချနိုင်ဘဲ အဆုံးသတ်ခဲ့တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular