ဒဏ်ရာကြောင့် အနားယူနေရသည့် ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူး ဟော်လန်းမှာ ခရစ္စမတ်ကာလအထိ ပြန်ကစားနိုင်ဖွယ်မရှိကြောင်း ဖခင်ဖြစ်သူက အတည်ပြုပြောကြား သည်။
အသက် ၂၁ နှစ်အရွယ် နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟော်လန်းသည် တင်ပါး ဒဏ်ရာကြောင့် အောက်တိုဘာ ၁၉ ရက်က တည်းက အနားယူနေရခြင်းဖြစ်သည်။
၎င်းအနေဖြင့် ယခုနှစ်ကုန်ပိုင်းအထိ ပြန်ကစားနိုင်ဖွယ်မရှိကြောင်း ခန့်မှန်းထားသည်။
၎င်း၏အခြေအနေနှင့် ပတ်သက်၍ ဖခင်ဖြစ်သူက “သူ့အနေနဲ့ အချိန်တစ်ခုလောက်တော့ ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ ခရစ္စမတ်ကာလမတိုင်ခင် ပွဲ တချို့မှာ ပြန်ကစားနိုင်မယ်ဆိုရင်တော့ အပို ဆုလို့ ဆိုရမှာပါ။ ဒါပေမဲ့ အဲဒီလိုကလည်း ဖြစ်နိုင်ခြေမရှိပါဘူး”ဟု TV2 Norway ရုပ်သံသို့ ပြောကြားသည်။