spot_img

ကွန်မြူနတီဒိုင်းပွဲစဉ်တွင် လူစားဝင်ကစားခဲ့သည့် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဂရီးလစ်ရှ်အား ဂွါဒီယိုလာ ချီးကျူးခဲ့ပြီး ကစားသမားဘက်မှ ကာကွယ်ပြောဆို

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက လက်စတာအသင်းအား (၀-၁)ဂိုးဖြင့်ရှုံးနိမ့်ခဲ့သော ကွန်မြူနတီဒိုင်းပွဲစဉ်တွင် ပါဝင်ကစားခဲ့သည့် အသင်း၏ကစားသမားသစ် ဂရီးလစ်ရှ်၏ခြေစွမ်းအပေါ် ချီးကျူးမှုပြုလုပ်ခဲ့ပြီး ကစားသမားဖိအားမများစေရန်အတွက် ကာကွယ်ပြောဆိုမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

မန်စီးတီးအသင်းသည် အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား ဂရီးလစ်ရှ် (၂၅ နှစ်)အား ပြီးခဲ့သည့်ရက်သတ္တပတ်က ဗီလာအသင်းထံမှ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀)ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းပြောင်းရွှေ့ကြေး နှင့်ပတ်သက်၍ ဝေဖန်မှုများလည်း ရှိခဲ့သည်။

myan789

ဂရီးလစ်ရှ်သည် မန်စီးတီးအသင်းသို့ ရောက်ရှိပြီး ရက်ပိုင်းအတွင်းမှာပင် ပထမဆုံးပွဲစဉ်အဖြစ် လက်စတာအသင်းနှင့် ကွန်မြူနတီဒိုင်းပွဲစဉ်တွင် ပါဝင်ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။

ဂရီးလစ်ရှ်သည် အဆိုပါပွဲစဉ်တွင် ပွဲချိန် (၆၅)မိနစ်၌ လူငယ်ကွင်းလယ်လူ အီဒိုဇီ၏နေရာတွင် လူစားဝင်ကစားခဲ့ခြင်းဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းတချို့ကို ပြသနိုင်ခဲ့သည်။

သို့သော် မန်စီးတီးအသင်းမှာမူ လက်စတာအသင်းအား ရှုံးနိမ့်ပြီး ရာသီအဖွင့် ချန်ပီယံအောင်မြင်မှုနှင့်လွဲချော်ခဲ့ရသည့်အတွက် စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဂရီးလစ်ရှ်အပေါ် ဖိအားများမသက်ရောက်စေရန် ဂွါဒီယိုလာက ကာကွယ်မှုများ ပြုလုပ်ခဲ့ခြင်း
လည်း ဖြစ်သည်။

ဂွါဒီယိုလာက ”သူ (ဂရီးလစ်ရှ်)ဟာ အမှန်တကယ် ကောင်းမွန်ခဲ့တာပါ။ သူ့ရဲ့အကောင်းဆုံးပုံစံ ပြသနိုင်ဖို့အတွက် ကျွန်တော်တို့ စီစဉ်ပေးဖို့လိုပါတယ်။ သူဟာ ဒီကို (၂၅)မိနစ်ကစားဖို့ (လက်စတာ နှင့် ကွန်မြူနတီဒိုင်းပွဲအား ရည်ညွှန်းလာတာ မဟုတ်ပါဘူး။ (၅)နှစ် (သို့မဟုတ်) (၆)နှစ်အထိ ကစားဖို့ လာတာပါ။ သူ့အနေနဲ့ ကစားခွင့်ရချိန်မှာ အကောင်းဆုံးကစားပြနိုင်ခဲ့ပါတယ်။ နိုင်လိုစိတ်ပြင်းပြပြီး ခံစစ်အစွန်နေရာအတွက်လည်း ကူညီနိုင်ခဲ့တယ်။ သူ ဘောလုံးလက်ခံရရှိချိန်တိုင်းမှာ ကစားသမား (၃) ယောက်လောက်က သူ့အနားမှာရှိနေတာပါ။ ဂရီးလစ်ရှ်အနေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် သူ့ ရဲ့အကောင်းဆုံးပုံစံကို ရှာဖွေတွေ့ရှိပါလိမ့်မယ်”ဟု လက်စတာနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ထို့ပြင် ဂွါဒီယိုလာက အသင်းမှ ဘရာဇီးလ်နှင့် အင်္ဂလန်ကစားသမားအများစုအနေဖြင့် အနားယူရန်လိုအပ်နေသေးပြီး စပါးအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ရာသီအဖွင့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက်ပင် အသင့်မဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့သည်။

မန်စီးတီးအသင်း၏ အဓိကကစားသမားအများစုဖြစ်သည့် ဘရာဇီးလ်နှင့် အင်္ဂလန် လက်ရွေးစင်က စားသမားများမှာ ကျင်းပပြီးစီးခဲ့သည့် ကိုပါအမေရိကပြိုင်ပွဲနှင့် ယူရို-၂၀၂၀ ပြိုင်ပွဲတို့တွင် ဗိုလ်လုပွဲများသို့ တက်ရောက်နိုင်ခဲ့သည့်အတွက် အသင်း၏လေ့ ကျင့်ခန်းအစီအစဉ်များတွင် ရာနှုန်းပြည့်ပူးပေါင်းနိုင် ခြင်း မရှိသေးပေ။

ဂွါဒီယိုလာက ”ကစားသမားတွေ လေ့ကျင့်ခန်းအစီအစဉ် (၃)ကြိမ်၊ (၄)ကြိမ်လောက်လုပ်ရုံနဲ့ ကျွန်တော်တို့ ဘယ်လိုအသင့်ဖြစ်နိုင်မလဲ။ အသင်းမှာရှိတဲ့ ဘရာဇီးလ်နဲ့ အင်္ဂလန်ကစားသမားတွေကို ကျွန်တော် နှစ်သက်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ပြီးခဲ့တဲ့ (၃)ပတ်လောက်ကမှ ဘောလုံးရာသီ ပြီးဆုံးခဲ့တာပါ။ ဒါကြောင့် သူတို့ အနားယူဖို့လိုပါတယ်”ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular