” ကျွန်တော်ဟာ အရင်လူပါပဲ ၊ ဒါပေမယ့် အတွေ့အကြုံ များနေပါပြီ ” လို့ ပြောရင်း အခက်အခဲတွေကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာ မျှဝေပေးလိုက်တဲ့ ဒီဂီယာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ နှစ်ခုအတွင်း ပုံစံကောင်း တွေကို မပြသ ထားနိုင်ခဲ့မှု ၊ အမှား ကျူးလွန်မှု တွေကို မကြာခန လုပ်ဆောင်မှု တွေကြောင့် ဝေဖန်မှု တွေနဲ့ မကြာခန ဆိုသလို ရင်ဆိုင် ကြုံတွေ့သူ ဖြစ်ခဲ့ရ ပါတယ် ။

ဒါပေမယ့် လက်ရှိ ဘောလုံး ရာသီ အတွင်း ဒင်းန် ဟန်ဒါဆန် ရောက်ရှိ လာခဲ့တဲ့နောက် ဖိအားတွေ ကြုံတွေ့ခဲ့ ရတဲ့ ဒီဂီယာ ဟာ ပုံစံကောင်း တွေကို တစ်ဖန် ပြန်လည် ပြသ သွားနိုင် ခဲ့ပြီး အမှား နည်းအောင် ကစား ခဲ့တဲ့ အတွက် ပရိသတ်တွေ rate ပေးခဲ့ရာမှာ နံပါတ် 4 နေရာ ရပ်တည် နိုင်ခဲ့ ပါတယ် ။

myan789

ဒီဂီယာဟာ ယူနိုက်တက် အသင်း အတွက် ကစားပေး ခဲ့တာ ဆယ်စုနှစ် တစ်ခုလောက် ရှိနေပါပြီ ။ အဆိုပါ အချိန် ကာလ အတွင်းမှာ သူဟာ ခက်ခဲတဲ့ ရက်စွဲ တွေကို ပိုင်ဆိုင် ခဲ့ရ သလို တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု တွေကို စံချိန်တင် ဆွတ်ခူး နိုင်ခဲ့တဲ့ အထိ အထူး လက်စွမ်းကောင်း ပြခဲ့တာလည်း ရှိခဲ့ ပါတယ် ။

အခုတော့ ဒီဂီယာက ဝေဖန်မှုတွေကို တုန့်ပြန် သွားခဲ့လိုက်ပြီး ဝေဖန် ခံရမှု တွေဟာ သူ့အပေါ် သက်ရောက်မှု မရှိခဲ့ကြောင်း ၊ သူဟာ အရင်လူ အဖြစ်ပဲ ဆက်လက် ရှိနေသေးကြောင်း ၊ ဒါပေမယ့် အတွေ့အကြုံတွေ ကတော့ များပြား လာပြီ ဖြစ်ကြောင်း ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဒီမှာ ရှိနေရတာက တစ်ကယ့်ကို အံ့ချီးဖွယ် ကောင်းလှ ပါတယ် ။ ကျွန်တော်ဟာ မန်ချက်စတာကို ကိုယ့်အိမ်လို ခံစား နေရပါပြီ ။ ခင်ဗျားက အမှားတွေက တဆင့် လေ့လာ သင်ယူမှုတွေကို လုပ်ဆောင် နိုင်တယ်လို့ ကျွန်တော် တွေးမိ ပါတယ် ”

” ခင်ဗျားဟာ ရင့်ကျက်လာပြီလို့ တွေးတောနေတဲ့ အချိန်မျိုးမှာ ဘဝက အခက်အခဲတွေကြား တွန်းပို့လေ့ ရှိတတ်ပါတယ် ။ ဟုတ်ပါတယ် ၊ ခင်ဗျားဟာ အဲ့ဒီကနေ တစ်ဆင့် လေ့လာ သင်ယူမှု တွေကို လုပ်ဆောင် နိုင်စွမ်း ရှိပါတယ် ။ အထူးသဖြင့် ခက်ခဲတဲ့ အခိုက်အတန့်တွေ ကနေ ခင်ဗျားဟာ လေ့လာမှု တွေကို လုပ်ဆောင် နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ် ”

” ဘဝ ဆိုတာ အဲ့တာ ပါပဲ ၊ ဟုတ်တယ်မလား ? ကျွန်တော် လေ့လာမှု တွေကို အများကြီး လုပ်ဆောင် နိုင်ခဲ့ပါတယ် ။ အဲ့တာ တွေထဲက တစ်ခုတလေကို ရွေးချယ် ပေးဖို့ ခက်ခဲလှ ပါတယ် ။ ကျွန်တော် ပြောနိုင်တာ ကတော့ ခင်ဗျားဟာ ခက်ခဲတဲ့ ရက်စွဲတွေ ကနေ လေ့လာမှု အများကြီး လုပ်ဆောင် နိုင်မယ် ဆိုတာပါပဲ ”

” ခင်ဗျားဟာ ခက်ခဲတဲ့ အခိုက်အတန့် သေချာပေါက် ပိုင်ဆိုင်ရပါ လိမ့်မယ် ။ အဲ့ဒီ အချိန်မှာ ထိုးနှက်မဲ့ သူတွေက အဆင်သင့် ရှိနေကြမှာလည်း အသေအချာ ပါပဲ ။ နေရာ အစုံ ကနေ ခင်ဗျားဟာ ခြားနားတဲ့ ဝေဖန်သံ တွေကို ကြားရပါ လိမ့်မယ် ။ ဒါပေမယ့် အရေးကြီးတာက မိမိကိုယ်ကို ယုံကြည်မှု ဆက်ရှိနေဖို့ ပါပဲ ”

” ခင်ဗျားဟာ မိမိ အပေါ် ယုံကြည်မှု အပြည့် ထားရင်း လေ့ကျင့်ရေး ကွင်းထဲမှာ ၊ ပွဲစဉ်တိုင်းမှာ 100 % အပြည့်အဝ ပေးဆပ် ကစား နိုင်အောင် ကြိုးစားရပါ လိမ့်မယ် ။ ခင်ဗျား အနေနဲ့ နေ့စဉ် တိုးတက်လာတယ် ၊ ပျော်ရွှင် နေတယ် ဆိုတာကို သေချာအောင် လုပ်ဆောင်ရပါ လိမ့်မယ် ။ ဒါက အရေး အကြီးဆုံး အချက် ပါပဲ ”

” ကျွန်တော်ဟာ အရင်လူ ပါပဲ ။ ဒါပေမယ့် အတွေ့အကြုံတော့ များပြား နေပါပြီ ။ ကျွန်တော်ဟာ ရင်ဆိုင် ကြုံတွေ့ ခဲ့တဲ့ အရာတွေ အတော်လေး များပြားခဲ့ပြီး အရင်တုန်းကထက် အရာရာတိုင်းမှာ ပိုပြီး အတွေ့အကြုံ ကြွယ်ဝ နေခဲ့ ပါပြီ ” လို့ ဒီဂီယာ က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular