‘ ကီပါ ဟာ ချဲလ်ဆီး အသင်း မှာ လူတိုင်း ရဲ့ ထင်မြင်ချက် မှားယွင်းကြောင်း သက်သေ ပြနိုင်ပါသေးတယ် ‘ – ဘီဂိုဗစ်ချ်

ချဲလ်ဆီး အသင်း ရဲ့ စပိန် လက်ရွေးစင် ဂိုးသမား ကီပါ အရီဇာဘာလာဂါ ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်း ကစားခဲ့တဲ့ ဆောက်သမ်တန် အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ကြုံတောင့်ကြုံခဲ အခွင့်အရေး ပြန်ပေးခြင်း ခံခဲ့ရပေမယ့် ၊ ဆိုးရွားလှတဲ့ ပေးဂိုး ၃ဂိုး နဲ့သာ အဆုံးသတ်ခဲ့ရပြီး ၊ နောက်တကြိမ် အခွင့်အရေး ပင် မလွယ်တော့ဘူး လို့ ဆိုရတော့မှာ ဖြစ်ပါတယ် ။

အဲ့ဒီ ပွဲ နောက်ပိုင်း မှာ ကီပါ ကို အရန်ခုံပေါ်မှာပင် တွေ့ရခဲခဲ့ပါတယ် ။ ပုခုံး ဒဏ်ရာ ပြဿနာ အနည်းငယ် ရှိခဲ့ပေမယ့် ၊ ချဲလ်ဆီး နည်းပြ လမ်းပတ် ဟာ ၎င်းကို အနာဂတ် အစီအစဉ် အတွက် ဆက်လက် ထည့်သွင်း စဉ်းစားတော့မှာ မဟုတ်ကြောင်း ကို ချဲလ်ဆီး ပရိသတ်တိုင်း ရိပ်စားမိကြမှာ ဖြစ်ပါတယ် ။

myan789

၅နှစ် နီးပါး စာချုပ် သက်တမ်း ကျန်ရှိနေသေးသလို ၊ ဂိုးသမား ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူထားတဲ့ အတွက် ကီပါ ကို လောလောဆယ် မှာ ချဲလ်ဆီး တို့ အလကားတော့ ပေးဖို့ အစီအစဉ် မရှိသေးပါဘူး ။ ဒီတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ဥရောပ ကလပ် တသင်းသင်း ထံ ကီပါ ကို အငှားချသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

ကီပါ အပေါ် ယုံကြည်နေသေးတဲ့ ချဲလ်ဆီး ပရိသတ် တချို့ ကတော့ အငှား ချဖြစ်ခဲ့ရင် ၊ ကီပါ အတွက် ယခင် လက်စွမ်းကောင်းတွေနဲ့ အတူ ပြန်လာဖို့ မျှော်လင့်နေကြပါသေးတယ် ။ လောလောဆယ် အနေအထား အရတော့ ကီပါ ရဲ့ အထက်မှာ ပထမ ဦးစားပေး ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ နဲ့ အရန် ဝါရင့် ဂိုးသမား ဝီလီ ကာဘယ်လာရို တို့ ရှိနေပါသေးတယ် ။

ချဲလ်ဆီး မှာ ဒီတရာသီလုံး ဆက်နေခဲ့မယ် ဆိုရင်တော့ ကီပါ အတွက် ကစားခွင့် မရဖို့ က ရာနှုန်းပြည့် နီးပါး သေချာနေပါတယ် ။ ချဲလ်ဆီး ဂိုးသမားဟောင်း တဦး ဖြစ်တဲ့ အက်စ်မီယာ ဘီဂိုဗစ်ချ် ကတော့ ကီပါမှာ လူတိုင်း ရဲ့ အမြင် မှားယွင်းနေတယ် ဆိုတာ သက်သေပြနိုင်စွမ် ရှိသေးကြောင်း ယုံကြည်နေပါတယ် ။

Talksport နဲ့ တွေ့ဆုံခဲ့တဲ့ အစီအစဉ် တခုမှာ ဘီဂိုဗစ်ချ် က ” ကျွန်တော် ကတော့ ကီပါ ရဲ့ အနာဂတ် မရှိတော့ဘူး လို့ မထင်မိပါဘူး ။ ဒီလို အခြေအနေမျိုး ဟာ ဘယ်တော့မှ ပြတ်ပြတ်သားသား မဖြစ်ခဲ့ပါဘူး ။ ကစားသမား တယောက် အတွက် အလွန် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် နဲ့ ခေါ်ယူတိုင်း ၊ အရာရာ ဖြေရှင်းပြီးသား ဖြစ်သွားတယ် လို့ မဆိုလိုပါဘူး ။ ”

” ငွေကြေး အမြောက်အမြား ပုံပေးပြီး ခေါ်ယူထားတဲ့ ကစားသမားသစ် တယောက် အသင်းသစ် မှာ အလုပ်ဖြစ်ဖို့ ၊ အဲ့ဒီ အသင်းသစ် အတွက် သူရဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည် ပေးစွမ်းနိုင်မှု တွေ ဆိုတာ အချက်အလက် များစွာ အပေါ် မူတည်နေပါတယ် ။ ”

” မန်ဒီ ကတော့ ဒီရာသီ မှာမှ ချဲလ်ဆီး အသင်း ကို ပြောင်းရွှေ့လာတာ ဖြစ်ပေမယ့် ၊ အသင်း နဲ့ ချက်ချင်း အံဝင်ခဲ့ပြီး ၊ တကယ်လည်း အားရစရာ လက်စွမ်းကောင်းတွေ ပြထားနိုင်တာ အမှန်ပါပဲ ။ ပထမ ဦးစားပေး ဂိုးသမား နေရာ အတွက် သူ အခြေချုပ် ယူထားနိုင်ပြီ လို့ ကျွန်တော် ထင်ပါတယ် ။ ”

” မန်ဒီ ဟာ တကယ့် အထင်ကြီးစရာ လက်စွမ်းတွေကို ပြသနေတာပါ ။ သူ ကစားတာ ကို ကြည့်တာ ကျေနပ် အားရစရာ ကောင်းပြီး ၊ ကျွန်တော် ကိုယ်တိုင်လည်း သူ ဂိုးဖမ်းတဲ့ ပုံစံ ကို အလွန်ပဲ သဘောကျမိတယ် လို့ ဝန်ခံပါတယ် ။ ဒါပေမယ့် လူတိုင်း ရဲ့ ထင်မြက်ချက် မှားယွင်းကြောင်း သက်သေပြနိုင်စွမ်း ကီပါ မှာ ရှိသေးလား ဆိုရင် ကျွန်တော် ကတော့ ရှိသေးတယ် လို့ပဲ ဖြေရမှာပါ ။ ”

” ကီပါ ဟာ တကယ် တော်တဲ့ ဂိုးသမား တယောက် လို့ ကျွန်တော် ထင်ပါတယ် ။ ချဲလ်ဆီး ကို မပြောင်းလာခင် က သူဟာ စပိန် မှာ အထူး လက်စွမ်းပြခဲ့တာ ဖြစ်ပါတယ် ။ ချဲလ်ဆီး ကို ပြောင်းရွှေ့လာခဲ့တဲ့ ကာလ ဟာ အမှန်တကယ်တော့ သူ့အတွက် စဉ်းစားရ ကြပ်ခဲ့တဲ့ အခြေအနေမျိုး လို့ ပြောရမှာပါ ။ ”

” သူ့မှာ ကြီးမားတဲ့ အရည်အသွေးကောင်းတွေ ရှိနေဆဲ ဖြစ်ပြီး ၊ အနာဂတ် မှာ သူ ချဲလ်ဆီး မှာပဲ ဖြစ်ဖြစ် ၊ တခြား ဘယ်အသင်းမှာပဲ ဖြစ်ဖြစ် အောင်မြင်မယ် ဆိုတာ ကျွန်တော် ယုံကြည်နေပါတယ် ။ စစ်မှန်တဲ့ အရည်အချင်း သာ ရှိမယ် ဆိုရင် ၊ မှန်ကန်တဲ့ လမ်းကြောင်း အပေါ် ပြန်ရောက်ဖို့ အတွက် အချိန် အတိုင်းအတာ တရပ် ကသာ အဖြေပေးသွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular